BeHope Flooring Solutions

BeHope Flooring Solutions Your trusted flooring partner. It is the mission of BEHOPE to provide high quality products with competitive prices.

We have already formed with mutual benefits and win-win structure for all. We will continue to supply super class products and warmly invite business partners to coorperate with us. High quality and customer satisfaction is our goal. We are looking forward to hear from you in the near future.

Happy May Day from BEHOPE 👨‍🔧ယနေ့ မေလ (၁) ရက်နေ့မှာ ကျရောက်တဲ့ "အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့" မှာ လူ့ပတ်ဝန်းကျင်နဲ့ တို...
01/05/2026

Happy May Day from BEHOPE 👨‍🔧

ယနေ့ မေလ (၁) ရက်နေ့မှာ ကျရောက်တဲ့ "အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့" မှာ လူ့ပတ်ဝန်းကျင်နဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာကဏ္ဍကနေ အားတက်သရော ကြိုးပမ်းဆောင်ရွက်နေကြတဲ့ အလုပ်သမားထုတစ်ရပ်လုံးကို BEHOPE မိသားစုမှ ဂုဏ်ပြုဦးညွှတ်အပ်ပါတယ်။

​လုပ်ငန်းခွင်တိုင်းရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ စိတ်အားထက်သန်မှု၊ ကျွမ်းကျင်မှုနဲ့ မနားမနေ ကြိုးစားအားထုတ်မှုတွေက ကမ္ဘာကြီးကို ပိုမိုလှပအောင် ဖန်တီးပေးနေတာဖြစ်ပါတယ်။

✨️ အလုပ်သမားထုတစ်ရပ်လုံး လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာပျော်ရွှင်ကြပါစေ။

✨️ မိမိတို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ထိုက်တန်တဲ့ အောင်မြင်မှု၊ ရလဒ်ကောင်းများကို ခံစားပိုင်ဆိုင်နိုင်ကြပါစေ။

✨️ အလုပ်နဲ့ ဘဝကို မျှတစွာ ဖြတ်သန်းနိုင်ပြီး မိသားစုနှင့်အတူ အေးချမ်းသာယာသောဘဝကို တည်ဆောက်နိုင်ကြပါစေ လို့

BEHOPE ကနေ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

30/04/2026

အိမ်ဂေဟာတွေနဲ့ လုပ်ငန်းခွင်တွေကို ခေတ်မီလှပသွားစေမယ့် အရည်အသွေးအကောင်းဆုံး SPC ကြမ်းခင်းအသစ်တွေကို BEHOPE က မိတ်ဆက်ပေးလိုက်ပါတယ် ✨️

​BEHOPE ရဲ့ SPC တွေက Virgin 100% Material ကိုသာ အသုံးပြုထားပြီး ခိုင်ခံ့တဲ့ Click Lock System ကြောင့် တပ်ဆင်ရတာ မြန်ဆန်သပ်ရပ်စေပါတယ်။

​💎 Luxury SPC Collection

​အထူ 7mm အထိရှိတာကြောင့် ပိုမိုခိုင်ခံ့စေပါတယ်။

📍 Burma Teak
📍Dark Walnut
📍Pecan
📍Maple
📍White Oak
📍Cherry
📍Classic Grey
📍Ash Grey
📍Natural Oak

သဘာဝသစ်သားရနံ့ကို အပြည့်အဝခံစားရစေမယ့် အရောင် (၈) မျိုး ရှိပါတယ်။

​💎 Wave Parquet SPC Collection

Parquet စတိုင် ကြမ်းခင်းတွေကိုမှ အဆင့်မြှင့်ထားတဲ့ Collection ပါ။ အထူ 5.5mm ရှိပြီး အောက်ခံ IXPE Underlayment ပါဝင်တာကြောင့် အသံလုံစေရုံတင်မကဘဲ လမ်းလျှောက်ရတာ ပိုမိုအိစက်ညင်သာစေပါတယ်။

📍Mocha Oak
📍Cream Oak
📍Honey Oak
📍Stormy Oak
📍Forest Oak
📍Amazon Walnut

အရောင် (၆) မျိုး ရှိပါတယ်။

​BEHOPE ရဲ့ SPC Collection က

✅️ 100% Virgin Material ဖြစ်လို့ ကျန်းမာရေးအတွက် စိတ်ချရပြီး ပစ္စည်းအရည်အသွေး စံချိန်မီပါတယ်။

✅️ ရေစိုခံ၊ ခြမစားတဲ့အတွက် နှစ်ရှည်လများ စိတ်ပူစရာမလိုဘဲ အသုံးပြုနိုင်ပါတယ်။

✅️ Click Lock စနစ်ကြောင့် ကော်သုံးစရာမလိုဘဲ အချိန်တိုအတွင်း သပ်ရပ်စွာ ခင်းကျင်းနိုင်ပါတယ်။

✅️ တကယ့်သစ်သားစစ်စစ် ခင်းထားသလို ဇိမ်ကျလှပစေပါတယ်။

​🏠 လူကြီးမင်းတို့ရဲ့ အခန်းပုံစံနဲ့ လိုက်ဖက်မယ့် အရောင်တွေကို ရွေးချယ်နိုင်ဖို့အတွက် BEHOPE Showroom မှာ လာရောက်လေ့လာနိုင်ပါတယ် 🤗

အသေးစိတ် ဆက်သွယ်မေးမြန်းလိုပါက
💬 Page Messengerကို ဆက်သွယ်နိုင်သလို

☎️ 09 44570 6655 (ရန်ကုန်)
☎️ 09 44570 4570 (မန္တလေး)
ကိုလည်း အသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါပြီရှင့်..😍

​ floormyanmar

🙏 မင်္ဂလာရှိသော "ကဆုန်လပြည့် ဗုဒ္ဓနေ့" ဖြစ်ပါစေကြောင်း BEHOPE မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ် 🙏ဒီနေ့ဟာ မြတ်စွာဘုရား...
30/04/2026

🙏 မင်္ဂလာရှိသော "ကဆုန်လပြည့် ဗုဒ္ဓနေ့" ဖြစ်ပါစေကြောင်း BEHOPE မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ် 🙏

ဒီနေ့ဟာ မြတ်စွာဘုရားရှင် "ဖွားမြင်၊ ပွင့်၊ စံ၊ ဗျာဒိတ်ခံ" တည်းဟူသော မှတ်တိုင် (၄) ခု တစ်ရက်တည်းမှာ ဆုံစည်းတဲ့ မင်္ဂလာရှိလှသော "ကဆုန်လပြည့် ဗုဒ္ဓနေ့" ဖြစ်ပါတယ်။

​ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ

✨ သုမေဓာရှင်ရသေ့ဘဝဖြင့် ဗျာဒိတ်တော်ခံယူခြင်း

✨ လုမ္ဗိနီသာမော အင်ကြင်းတော၌ ဖွားမြင်တော်မူခြင်း

✨ ဗုဒ္ဓဂါယာ၌ သဗ္ဗညုတဉာဏ်တော်ကို ရရှိကာ ဘုရားဖြစ်တော်မူခြင်း

✨ ကုသိနာရုံ၌ ပရိနိဗ္ဗာန် စံတော်မူခြင်း စတဲ့ ဘာသာရေးမှတ်တိုင်များကို အောက်မေ့သတိရရင်း ကုသိုလ်ယူကြရမယ့် နေ့ထူးနေ့မြတ် ဖြစ်ပါတယ်။

​ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ ညောင်ရေသွန်းလောင်းတဲ့ ကုသိုလ်နဲ့အတူ မိတ်ဆွေများအားလုံး -

🌟 စိတ်နှလုံး အေးချမ်းသာယာကြပါစေ။

🌟 ဘေးဘယများ ကင်းစင်ဝေးကွာကြပါစေ။

🌟 ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝပြီး ကောင်းမွန်သော ဘဝခရီးလမ်းကို ပိုင်ဆိုင်နိုင်ကြပါစေ။

​နွေအပူကို ကဆုန်ညောင်ရေသွန်းလောင်းခြင်းဖြင့် အေးမြစေသကဲ့သို့ မိတ်ဆွေတို့ရဲ့ အိမ်ဂေဟာတိုင်းမှာ အေးချမ်းမှုများ ထာဝရလွှမ်းခြုံနိုင်ပါစေလို့ BEHOPE မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

​ #ကဆုန်လပြည့်နေ့

Homogeneous Vinyl Flooring for Hinthada Hospital ဆေးရုံတစ်ခုရဲ့ ခွဲစိတ်ခန်း ဆိုတာ သန့်ရှင်းမှု အမြင့်မားဆုံးနဲ့ ပိုးမွှာ...
24/04/2026

Homogeneous Vinyl Flooring for Hinthada Hospital

ဆေးရုံတစ်ခုရဲ့ ခွဲစိတ်ခန်း ဆိုတာ သန့်ရှင်းမှု အမြင့်မားဆုံးနဲ့ ပိုးမွှားကင်းစင်မှု အရှိဆုံးဖြစ်ရမယ့် နေရာတစ်ခုပါ။ ဒီလို အရေးကြီးတဲ့ project ကို ဟင်္သာတဆေးရုံ တိုးချဲ့ဆောင်ခွဲစိတ်ခန်းများအတွက် BEHOPE ကနေ ဆောင်ရွက်ပေးခဲ့ပါတယ်။

ဒီ Project ကို ၂၀၂၁ က အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့တာဖြစ်ပြီး၊ ခွဲစိတ်ခန်းများအတွက် အကောင်းဆုံးသော Homogeneous Vinyl Flooring နှင့် Vinyl Wall ကို ခင်းကျင်းတပ်ဆင် ပေးခဲ့ပါတယ်။

စုစုပေါင်းဧရိယာ 4,000++ Sq-ft Floor အပြင် 1 mm အထူ Vinyl Wall ဧရိယာ 2000+ Sq-ft နဲ့ အထူ 2mm ရှိတဲ့ ခိုင်ခံ့ပြီးကြာရှည်ခံတဲ့ Flooring ကို Directional Pattern အသုံးပြုပြီး လှပသပ်ရပ်တဲ့ Pattern ဖော် ခင်းကျင်းပေးထားတာကြောင့် အမြင်လည်းလှစေပါတယ်။

သတ်မှတ်ထားတဲ့ Specs အပြည့်အဝအပြင်၊ BEHOPE ကျွမ်းကျင်ဝန်ထမ်းတွေရဲ့ သပ်ရပ်တဲ့ လက်ရာကြောင့် တာဝန်ရှိသူတွေ စိတ်တိုင်းကျခဲ့တဲ့ Project တစ်ခု ဖြစ်ပါတယ်။

​Homogeneous Vinyl Floor တွေက

​✅ ပိုးမွှားပေါက်ဖွားမှုကို တားဆီးပေးပါတယ်။

✅ ဆက်ရာမရှိသောကြမ်းခင်း ဖြစ်တာကြောင့် ဖုန်နဲ့ ပိုးမွှားတွေ ခိုအောင်းနိုင်ခြင်းမရှိပါဘူး။

✅ ဆေးရုံသုံး ဓာတုပစ္စည်းများ၊ ဆေးဝါးများနဲ့ ဓါတ်ပြုခြင်း မရှိပါဘူး။

✅ အရောင်အသွေးမပျက်ဘဲ ကြာရှည်ခံတာကြောင့် Hospital project တွေအတွက် အထူးသင့်တော်ပါတယ်။

BEHOPE ကနေ လူကြီးမင်းတို့ရဲ့ လုပ်ငန်းခွင်များအတွက် အရည်အသွေးမြင့် ကုန်ကြမ်းများနှင့် သပ်ရပ်တဲ့လက်ရာများကို ပေါင်းစပ်ပြီး အကောင်းဆုံး ဝန်ဆောင်မှုပေးနေပါတယ်။

စျေးနှုန်းနှင့်အသေးစိတ် စုံစမ်းမေးမြန်းလိုသည်များရှိပါက ရုံးချိန်အတွင်းအောက်ပါအတိုင်း ဆက်သွယ် လေ့လာကြည့်ရှုနိုင်ပါတယ်။

☎️ 09 44570 6655 (ရန်ကုန်)
အမှတ်(၁)၊ သဒ္ဓါရုံလမ်း၊ မြင်တော်သာအိမ်ရာ၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့
☎️ 09 44570 4570 (မန္တလေး)
အမှတ်(၁) A, လမ်း(၃၀)၊ (၆၂x၆၃) ကြား ၊ ၆၂ မီးပွိုင့်အနီး ၊ ချမ်းအေးသာဇံမြို့နယ် ၊ မန္တလေးမြို့။

-
-bacterialfloor
#ဆေးရုံကြမ်းခင်း
#ဆေးရုံသုံး

17/04/2026
✨ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော မြန်မာနှစ်ဆန်း (၁) ရက်နေ့ ဖြစ်ပါစေ ✨​ယနေ့ ကျရောက်သော ၁၃၈၈ ခုနှစ်၊ မြန်မာနှစ်ဆန်း (၁) ရ...
17/04/2026

✨ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော မြန်မာနှစ်ဆန်း (၁) ရက်နေ့ ဖြစ်ပါစေ ✨

​ယနေ့ ကျရောက်သော ၁၃၈၈ ခုနှစ်၊ မြန်မာနှစ်ဆန်း (၁) ရက်နေ့မှာ BEHOPE ရဲ့ မိတ်ဆွေများအားလုံး နှစ်ဟောင်းက အညစ်အကြေးတွေကို ဆေးကြောသန့်စင်ပြီး စိတ်သစ်၊ လူသစ်၊ အင်အားသစ်များဖြင့် ရှေ့ဆက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

​✨️ နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ဘေးကင်းလုံခြုံပြီး ကျန်းမာချမ်းသာကြပါစေ။

✨️ ကြံစည်သမျှ အလုပ်အကိုင်တိုင်း အဆင်ပြေချောမွေ့ပြီး အောင်မြင်မှုမှတ်တိုင်သစ်များ စိုက်ထူနိုင်ကြပါစေ။

✨️ မိသားစုတိုင်း၊ အိမ်ဂေဟာတိုင်း မေတ္တာရိပ်များ လွှမ်းခြုံကာ အေးချမ်းပျော်ရွှင်ကြပါစေ။

​BEHOPE အနေဖြင့်လည်း နှစ်သစ်မှာ လူကြီးမင်းတို့ရဲ့ ယုံကြည်မှုကို အလေးထားလျက် ပိုမိုကောင်းမွန်သော အရည်အသွေး၊ ပိုမိုပြည့်စုံသော ဝန်ဆောင်မှုများဖြင့် အမြဲအသင့်ရှိနေမှာ ဖြစ်ပါတယ်။

​ #နှစ်ဆန်းတစ်ရက်နေ့

💦 မင်္ဂလာရှိသော မြန်မာနှစ်သစ်ကူးနှင့် သင်္ကြန်အခါသမယဖြစ်ပါစေကြောင်း BEHOPE မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ် 💦​နွေအပူကို အေး...
13/04/2026

💦 မင်္ဂလာရှိသော မြန်မာနှစ်သစ်ကူးနှင့် သင်္ကြန်အခါသမယဖြစ်ပါစေကြောင်း BEHOPE မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ် 💦

​နွေအပူကို အေးမြတဲ့ အတာရေပက်ဖျန်းရင်း နှစ်ဟောင်းက အညစ်အကြေးတွေ၊ စိတ်မချမ်းမြေ့စရာတွေကို ဆေးကြောသန့်စင်ပစ်လိုက်ကြရအောင်ပါ။

​မင်္ဂလာရှိလှတဲ့ ဒီနှစ်သစ်ကူး အခါသမယမှာ...

✨️ BEHOPE ရဲ့ မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံကြပါစေ။

✨️ နှစ်သစ်မှာ အကြံအစည်သစ်၊ အင်အားသစ်တွေနဲ့အတူ လုပ်ငန်းဆောင်တာအဝဝ အောင်မြင်ဖြစ်ထွန်းကြပါစေ။

✨️ ဘေးဘယများကင်းစင်ပြီး မိသားစုတိုင်း နွေးထွေးပျော်ရွှင်သော ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေ။

​သင်္ကြန်ရက်အတွင်းမှာလည်း အေးချမ်းပျော်ရွှင်စွာ ရေကစားရင်း ကုသိုလ်ကောင်းမှုများ ပြုလုပ်နိုင်ကြပါစေလို့ BEHOPE မိသားစုမှ ထပ်မံဆုမွန်ကောင်းတောင်းအပ်ပါတယ်။

​

BEHOPE FLOORING SOLUTIONS မှ အလုပ်အကိုင်များထပ်မံခေါ်ယူနေပါပြီ။📌We are hiring now, join our fast growing team and help u...
08/04/2026

BEHOPE FLOORING SOLUTIONS မှ အလုပ်အကိုင်များထပ်မံခေါ်ယူနေပါပြီ။📌
We are hiring now, join our fast growing team and help us accomplish turnkey flooring projects. Do join us if you're looking for a fast career and personal growth. We hope to hear from you soon.

For Yangon HQ ,
✅Driver(1)
✅ Treasury Accountant (1)
✅Sales Executive (3)
✅Tiktok Talent (1)( Part Time /Full Time )
✅ Digital Marketing Executive (1)
✅Admin Executive (1)
✅ HR Executive (1)
✅ Sales Admin(1)
✅ Site Engineer (1)

For Mandalay Branch ,
✅ Branch Admin (1)
✅ Sales Executive (2)
လျှောက်ထားလိုသူများသည် HR Chatbox (သို့) Viber 09 44570 6669 နှင့်
[email protected] သို့ CV form များ ပေးပို့လျှောက်ထားနိုင်ပါသည်။

BEHOPE FLOORING SOLUTIONS
Your Trusted Flooring Partner.
HR Hotline: 09 44570 6669

Location: Theketa Tsp , Yangon & Chan Aye Tha Zan Tsp , Mandalay .

Working Hour - 9:00 AM - 5:00 PM
Working Days _ Monday to Saturday (Sunday & Public Holiday Off)

# ✨

📣 BEHOPE မှ နှစ်သစ်ကူးရုံးပိတ်ရက် ကြေညာချက် 📣​ချစ်ခင်လေးစားရပါသော BEHOPE ၏ မိတ်ဟောင်းမိတ်သစ်များရှင့်...​မြန်မာတို့၏ ရို...
02/04/2026

📣 BEHOPE မှ နှစ်သစ်ကူးရုံးပိတ်ရက် ကြေညာချက် 📣

​ချစ်ခင်လေးစားရပါသော BEHOPE ၏ မိတ်ဟောင်းမိတ်သစ်များရှင့်...

​မြန်မာတို့၏ ရိုးရာအတာသင်္ကြန်ပွဲတော်နှင့် နှစ်သစ်ကူး အခါသမယမှာ BEHOPE ရုံးခန်းနှင့် အရောင်းဆိုင်များကို အောက်ပါအတိုင်း ခေတ္တပိတ်ထားမှာဖြစ်ကြောင်း အသိပေးအပ်ပါတယ်။

​📅 ရုံးပိတ်ရက်:

(၁၁. ၄. ၂၀၂၆) ရက်နေ့မှ (၁၉. ၄. ၂၀၂၆) ရက်နေ့အထိ

​📅 ပြန်လည်ဖွင့်လှစ်မည့်ရက်:

(၂၀. ၄. ၂၀၂၆) တနင်္လာနေ့မှစတင်၍ ပုံမှန်အတိုင်း ပြန်လည်ဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်။

ပိတ်ရက်ရှည်အတွင်း မိတ်ဆွေများအားလုံး ပျော်ရွှင်ချမ်းမြေ့သော သင်္ကြန်ရက်စွဲများကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း BEHOPE မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

​

🌙 Eid Mubarak from BEHOPE! 🌙 ​Ramadan ဥပုသ်လမြတ် ကုန်ဆုံးလို့ မင်္ဂလာရှိလှတဲ့ Eid ပွဲတော်နေ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါ...
21/03/2026

🌙 Eid Mubarak from BEHOPE! 🌙

​Ramadan ဥပုသ်လမြတ် ကုန်ဆုံးလို့ မင်္ဂလာရှိလှတဲ့ Eid ပွဲတော်နေ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

​ဒီနေ့မှာ ကျရောက်တဲ့ Eid ပွဲတော်မှစ၍

✨ မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေ။

✨ မိသားစုတိုင်း ချစ်ခြင်းမေတ္တာတွေနဲ့ ပျော်ရွှင်အေးချမ်းကြပါစေ။

✨ လိုအင်ဆန္ဒများ ပြည့်ဝပြီး စီးပွားလာဘ်လာဘများ ဒီရေအလား တိုးတက်ကြပါစေ။

​မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေကြားမှာ ချစ်ခြင်းမေတ္တာ၊ ခွင့်လွှတ်ခြင်း၊ စာနာထောက်ထားခြင်းတွေနဲ့အတူ အားလုံးပဲ သာယာဝပြောတဲ့ လူမှုပတ်ဝန်းကျင်ကို တည်ဆောက်နိုင်ကြပါစေလို့ BEHOPE က ဆန္ဒပြုလိုက်ပါတယ်။

​ပျော်ရွှင်စရာ Eid နေ့လေး ဖြစ်ပါစေ ✨

​

❝ (၇၈) နှစ်ပြည့် လွတ်လပ်ရေးနေ့ ❞▫️၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်သည့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်ဖြစ်သော (...
04/01/2026

❝ (၇၈) နှစ်ပြည့် လွတ်လပ်ရေးနေ့ ❞

▫️၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်သည့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်ဖြစ်သော (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အား BEHOPE Flooring Solutions ဂုဏ်ယူ၀မ်းမြောက်စွာဖြင့် ကြိုဆိုအပ်ပါသည်။

#လွတ်လပ်ရေးနေ့

Address

No. (1), Thadar Yone Road, Thaketa Tsp, Yangon , Myanmar. (Near Myindawthar Road)
Yangon
11231

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30

Telephone

+959445706655

Website

Alerts

Be the first to know and let us send you an email when BeHope Flooring Solutions posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BeHope Flooring Solutions:

Share