ဟင်းချက်နည်းများစုစည်းရာ

ဟင်းချက်နည်းများစုစည်းရာ ဟင်းချက်နည်းများစုစည်းရာ page လေးကိုအ?

 #အခါးမွရ်ကီး (ကြက်သားကုလားချက်)ကြက်သားကိုဆား ဆနွင်း ကုလားလေးမဆာလာ ဇီယာတဇွန်း ကြက်သွန်ဖြူ ဂျင်းထောင်း အုန်းနို့ တခွက် ဒိ...
22/11/2024

#အခါးမွရ်ကီး (ကြက်သားကုလားချက်)

ကြက်သားကိုဆား ဆနွင်း ကုလားလေးမဆာလာ ဇီယာတဇွန်း ကြက်သွန်ဖြူ ဂျင်းထောင်း အုန်းနို့ တခွက် ဒိန်ချဉ်တခွက် နို့စိမ်းတခွက်
(အားလုံးဆန်ချိန်ခွက်နဲပါ)
ကြက်သားမူန့်နဲနဲ နဲ့ နယ်ပီး တည နှပ်ထားပါ
ကြက်သွန်နီကြော် လိုသလောက်ကို ဆား မဆလာ အချိုမူန့်နဲ့ရောပီး ချေထားပါ
အိုးထဲ ထောပတ်ခပ်များများ ထည့် ကျက်ရင် ကလဝေးရွက်နဲ့သစ်ချပိုးခေါက်ကိုဆီသတ်ပါ မွှေးလာရင် ကြက်သွန်နီအရောကိုထည့်ပါ ငရုတ်သီး အရောင်တင်မူန့်ထည်ပီး မီးအေးအေးနဲ့ဆီသတ်ပါ ရေနဲနဲထည့်ပီး ဆီသတ်ပါ အနှစ်သေသေချာချာ ကြအောင်ချက်ပါ အစပ်အရသာကြိုက်ရင် ငရုတ်သီးစိမ်းကို အနည်းငယ်ပြုတ်ပီး ထည့်ပါ ဆီပြန်ရင် ခဏချထားပါ
ညထဲကနှပ်ထားတဲ့ကြက်ကိုအိုးတလုံးထဲထည့် ရေအနည်းငယ်ထည့်ပီးမနူးတနူးရသည်ထိတည်ပါ မီးအေးအေးထားပါနော် ပီးမှဆီသတ်ထားတာရောပါ ရေနဲနဲထပ်ထည့်ပါ ဆီလည်ရေလည်အနေအထားလောက်မှ ချပါရှင့် ဒီဟင်းက ငံပြာရည်မထည့်ရပါဘူးနော် ဆားနဲ့ကြက်သားမူန့်နဲ့ဘဲထည့်ပါရှင်💛💛💛💛💛
ဗမာကြက်ကိုသုံးပါနော် CPကြက်ဆိုလုံးဝ စားမကောင်းပါဘူးရှင်

Credit_to_owner_with_respect

21/11/2024
အသီးဖျော်ရည်သောက်မယ်
21/11/2024

အသီးဖျော်ရည်သောက်မယ်

🦀🦀 ဂဏန်းခွက်ကြော် 🦀🦀ကျမ အရမ်းကြိုက်တဲ့အစားအစာဆို အိမ်မှာ ခဏခဏလုပ်စားဖြစ်ပါတယ်။ ဒီဂဏန်းခွက်ကြော်ကို ကျမစားဖူးတာ ရန်ကုန်က ...
21/11/2024

🦀🦀 ဂဏန်းခွက်ကြော် 🦀🦀

ကျမ အရမ်းကြိုက်တဲ့အစားအစာဆို အိမ်မှာ ခဏခဏလုပ်စားဖြစ်ပါတယ်။ ဒီဂဏန်းခွက်ကြော်ကို ကျမစားဖူးတာ ရန်ကုန်က ယောက်လမ်းထဲက ဆိုင်လေးတဆိုင်မှာပါ။ ကျမအကို ဝမ်းကွဲ ကိုကြီးထွန်းက လိုက်ကျွေးဖူးတာပါ။ သူတို့ကလူပျိုအရွယ်တွေဆိုတော့ ခဏခဏသွားမှာပေါ့။ ကျမငယ်ငယ်ပဲရှိပါသေးတယ်။ သူတို့ စိတ်လိုလို့ခေါ်တဲ့အခါဆို လိုက်ရတာပေါ့လေ။ ဆိုင်နာမည်လဲ မမှတ်မိတော့ဘူး ဖြစ်နေတယ်။ Mother House ဆိုလား။အဲဒီ ထဲက အရမ်းကြိုက်တာ။ ကြုံရင်လဲ ကြုံသလိုစားဖြစ်ပါတယ်။ ဒီမှာတော့ ကိုယ်တိုင်လုပ်စားရတာပေါ့နော်။

ပါဝင်ပစ္စည်းများ ( ၅ခုစာ)
-ဂဏန်းသား ၇၀ ဂရမ်
-မုန်လာဥနီ ဓားနုတ်ပေါက် ၅၀ ဂရမ်
-ကြက်သွန်နီ ဓားနုတ်ပေါက် ၅၀ ဂရမ်
-ကြက်သွန်မြိတ် ပါးပါးလှီး ၁ပင်
-ကြက်ဥ၁လုံး
– bread crumbs ပေါင်မှုန့်ခြောက်၃ဇွန်း(စားပွဲတင်)
-ကော်မှုန့် ၁ဇွန်း(အချိုဇွန်း)
-ဆားဇွန်းဝက်(အချိုဇွန်း)
-ကြက်သားမှုန့် ၁ဇွန်း(အချိုဇွန်း)
-ငရုတ်ကောင်း ၁ဇွန်း(အချိုဇွန်း)

ဂဏန်းအခွံကို ခွါယူပါ။ ဂဏန်းကနေ အသား နွှာလို့ရသလို အသားချည်းပဲ ဝယ်လို့လဲရပါတယ်။ ကျမကတော့အသားချည်းပဲဝယ်ထားတာကိုသုံးပါတယ်ပါ။ အခွံကိုချွတ်ယူပြီး ဂဏန်းကိုဟင်းချက်စားပါတယ်။

ပထမဆုံး ကြက်သွန်၊ မုန်လာဥတို့ကိုဆီနည်းနည်းနဲ့ ကြော်ပေးပါ။

၂မိနစ်ခန့်ကြော်ပြီး ဂဏန်းသား ထည့်ကြော်ပေးပါ။ ၂မိနစ်ခန့် ဆက်ကြော်ပြီးရင် ငရုတ်ကောင်း ၊ ကြက်သွန်မြိတ် ရောပါ။ ကြော်ပြီးသားအရောများကိုကြက်ဥ၊ ကော်မှုန့်၊ bread crumbs ပေါင်မှုန့်ခြောက် ၊ ကြက်သားမှုန့်၊ ဆားတို့နဲ့ရောမွှေပေးပါ။ အဲဒီအရောကို ဂဏန်းအခွံလေးများထဲဖြည့်ပေးပါ။ အရမ်းပြည့်နေစရာမလိုပါဘူး။ ကြော်လိုက်ရင် အနည်းငယ်ဖောင်းကြွလာမှာမို့ပါ။

ဆီပူထဲကို ဂဏန်းအခွံဘက်ကို အောက်ဖက်ထားပြီး ကြော်ပါ။ အပေါ်ကို ဆီပူအနည်းငယ်စီ လောင်းပေးပါ.

၁မိနစ်ခန့်ကြော်ပြီးရင် ၁ဖက်ကိုလှန်ပြီး မိနစ်ဝက်ခန့်ကြော်ပေးပါ။ ဒါဆိုရင် ဂဏန်းခွက်ကြော်ပူပူလေးကို အရသာရှိရှိ နှစ်သက်ရာ အချဉ်ရည်ဖြင့် တွဲဖက်စားသုံးနိုင်ပါပြီ။

#ဂဏန်းခွက်ကြော်
Credit_to_owner_with_respect

ဒန့်ဒလွန်သီးချက်မစားဖြစ်သေးရင် မရင့်အောင် ခြောက်မသွားအောင် ဘယ်လိုသိမ်းမလဲ???ရေနွေးပွက်ပွက်ဆူအောင်တည်ပြီး အကြောသင်ပြီးသား...
21/11/2024

ဒန့်ဒလွန်သီးချက်မစားဖြစ်သေးရင် မရင့်အောင် ခြောက်မသွားအောင် ဘယ်လိုသိမ်းမလဲ???

ရေနွေးပွက်ပွက်ဆူအောင်တည်ပြီး အကြောသင်ပြီးသား ပိုင်းဖြတ်ထားတဲ့ ဒန့်ဒလွန်ပိုင်းလေးတွေကို ပွက်ပွက်ဆူနေတဲ့ရေနွေးအိုးထဲထည့်ပြီး အဖုံးအုပ်ထားပါ။

တစ်မိနစ်လောက်ဆိုရပြီ။

ပြီး ရေငှဲ့ပြီးရေအေးထဲစိမ်ထားပါ။

ပြီးရင်ဇကာနဲ့ရေစစ်ထားပါ။

ရေခြောက်ရင် အိတ်နဲ့ဖြစ်ဖြစ် ဗူးနဲ့ဖြစ်ဖြစ်သေချာ ပိတ်ပြီး ရေခဲသေတ္တာထဲသိမ်းထားပါ။

စားချင်တဲ့နေ့မှထုတ်ချက်စားနိုင်ပါတယ်။
လချီပြီးအထားခံပါတယ်နော်။

ကိုယ်လဲfb ကသူများသင်ပြတာ
ကြည့်ပြီးလိုက်လုပ်တာအဆင်ပြေလို့
ပြန်မျှဝေတာပါ။

Crd to owner with respect #

 #နို့ပေါင်မုန့် (milk bread) လုပ်နည်း1-ပေါင်မုန့်ဂျုံ  - 240g 2- သကြား-24g3-ဆား-4g4- ယိးစ်-3.5g5- နွားနို့ -190-195g 6-...
21/11/2024

#နို့ပေါင်မုန့် (milk bread) လုပ်နည်း

1-ပေါင်မုန့်ဂျုံ - 240g
2- သကြား-24g
3-ဆား-4g
4- ယိးစ်-3.5g
5- နွားနို့ -190-195g
6- unsalted butter -25 g
၁-butter ကလွဲပြီးကျန်တာအကုန်ဇလုံးထဲထည့်ပါ အခန်းအပူချိန် ကနွားနို့ကို ၁၉၀-၁၉၅ ဂရမ် ကြည့်ထည့်ပြီးနယ်ပါ ( ၁၀) မိနစ်လောက် ပြီး ရင် ပါဂျုံသားညက်တဲ့အထိ နယ်ပါ ပြီးရင်ထေားပတ် ထည့်ပါ
၆/၇ မိနစ်ထပ်နယ် ပါ ဂျုံနယ်ပုံနယ်နည်း အားစိုက်မှု့အပေါ် မူတည်ပြီး အချိန်အနည်းငယ် ကွာနိုင်ပါတယ်
၂- ပလပ်စတစ်အုပ်ပြီး နွေးတဲ့နေရာမှာ ( ရေနွေးနွေးလေး ကိုဇလုံးထဲထဲ ပန်ကန်လုံးတစ်ခုခံပြီး အပေါ်ကနေ ဂျုံနယ်ထားတဲ့ ဇလုံ တင်ထားရက်လဲရပါတယ် ၂ ဆပွသည်အထိ အပွခံပါ (၁) နာရီ ပတ်ဝန်းကျင်
၃- ပွလာရင် လေကိုဖိထုတ်ပါ ဂျုံသားဇလုံးထဲကထုတ်ပြီး ၃ လုံး ခွဲပြီး လုံးထားပါ အပေါ်ကပလပ်စတစ်အုပ်ပြီး ၅/၁၀ မိနစ် ထားထားပါ
၄- ပြီးရင် လုပ်ထားတဲ့ဂျုံ လုံးကို လက်နဲ့လေထုတ် ပြီး ခေါက်ပါ ခေါက်နည်းကိုပုံရဲ့အောက်မှာ ရေးထားပါတယ် ဂျုံသားခေါက်ပြီးရင်ပလပ်စတစ်အုပ်ပြီး
နွေးတဲ့နေရာမှာ (တစ်နာရီခန့်) မို နှုတ်ခမ်း၀ အထိ ပွလာသည်အထိအပွခံပါ
၅-၁၈၀ ဒီဂရီအပူပေးထားတဲ့ ၀venနဲ့၂၃-၂၅ မိနစ်ဖုတ်ပါ ကျက်ရင် 0ven ထဲကထုတ် မိုကိုအပေါ်ကမေ ၂/၃ ချက် ဆောင့်ချ ပြီး ပုံစံခွက်ထဲကထုတ်ပါ
လုံး၀ အေးသွားမှ လှီးပါ

CRD ORIGINAL POST

Air Fryer ဝယ်ယူအသုံးပြုနေသူများ  သတိပြုရန် နဲ့ ထိန်းသိမ်းနည်းများကို အသုံးဝင်မယ်ထင်လို့ ကူးယူဖော်ပြပေးလိုက်ပါတယ်။၁/ အသုံ...
20/11/2024

Air Fryer ဝယ်ယူအသုံးပြုနေသူများ သတိပြုရန် နဲ့ ထိန်းသိမ်းနည်းများကို အသုံးဝင်မယ်ထင်လို့ ကူးယူဖော်ပြပေးလိုက်ပါတယ်။

၁/ အသုံးပြုနေချိန် အိုးအတွင်းနဲ့အပြင်ဘက်မှာ အပူကူးစက်မှုနှုန်း မြင့်တဲ့ အတွက် အပူခံလက်အိတ် / Silicon လက်ကိုင် စတာတွေနဲ့ ကိုင်တွယ်ပါ (ခန္ဓာကိုယ်သို့ လျှပ်စစ်စီးကူးမှုမရှိစေရန်ပါကာကွယ်ပါသည်) ရေစိုဝတ်တွေ အဝတ်ပါးတွေနဲ့ ရုတ်တရက်မကိုင်မိပါစေနဲ့

၂/ Air Fryer ကို ထားတဲ့နေရာကလည်း လေဝင်လေထွက် ကောင်းမွန်ဖို့ လိုအပ်ပါတယ် ... နံရံနှင့်နီးနီးကပ်ကပ်ထားတာ, လေပေါက်ပိတ်တဲ့ နေရာတွေမှာ ထားပြီး အသုံးပြုတာမျိုး မလုပ်သင့်ပါဘူး

၃/ Air Fryer ကိုအသုံးပြုချက်ပြုတ်တဲ့အခါ အနီးနားက ပြတင်းပေါက် တံခါးတွေဖွင့်ထားတာ, လေဝင်လေထွက်ကောင်းစေဖို့ နံဘေးက ပစ္စည်းတွေ ကို ဖယ်ထားတာမျိုးတွေ လုပ်သင့်ပါတယ်

၄/ Air Fryer အတွင်း ထည့်ပြီးအသုံးပြုရတဲ့ ဆီစိမ်စက္ကူ/ဆီလီကွန်ခွက်များ/ Aluminum Foil များ/ Air Fryer သုံးခွက်များတွေကလွဲရင် အခြားစက္ကူတွေ / မီးလောင်လွယ်တဲ့အခင်းတွေ / ကွဲရှလွယ်တဲ့ကြွေပန်းကန်တွေကို ထည့်သွင်း အသုံးမပြုရပါဘူး

၅/ Oil Spray နှင့် ဆီသုတ်အသုံးပြုတာမျိုးကလွဲလို့ chemical base အရည်တွေ ဖျန်းတာမျိုး မလုပ်သင့်ပါဘူး

၆/ Air Fryer Basket အတွင်း ချက်ပြုတ်မည့်အစားအစာတွေကို ပြည့်လျှံအောင် ထည့်တာ အထပ်ထပ်ထည့်တာတွေလည်း မလုပ်ရပါဘူး

၇/ Air Fryer အမျိုးအစားအလိုက်မတူညီတဲ့ အပူချိန်သက်ရောက်မှုတွေနဲ့ ချက်ပြုတ်ချိန်ကြာမြင့်မှုကွာခြားတတ်တာကြောင့် အများရဲ့ အကြံပေးချက် တိုင်းကို တထစ်ချ မမှတ်ယူသင့်ပါဘူး

၈/ မီးလောင်ကျွမ်းလွယ်တဲ့ Raw Materials မျိုး (သို့) မချက်ဖူးတဲ့ အစားအစာမျိုးကို ထည့်သွင်းချက်ပြုတ်မယ်ဆိုရင်လည်း ကိုယ်ချက်နေစဉ် အတွင်းမှာ တဘက်ကနေ တဘက်ကိုလှန်ဖို့ ခန့်မှန်းပြီးဖွင့်ကြည့်တာမျိုး မွှေပေးတာမျိုးတွေ ပြုလုပ်ရပါမယ်

၉/ ချက်ပြုတ်နေစဉ် အချိန်မစေ့သေးဘဲ အိုးဖွင့်ကြည့်တဲ့အခါ မီးခလုတ်ကို မပိတ်ဘဲ အိုးကိုဆွဲထုတ်ကြည့်လို့ရပါတယ် (* အထူးသဖြင့် ဒစ်ဂျစ်တယ် အသုံးပြုသူတွေအနေနဲ့ ခလုတ်ပိတ်ပြီးမှ အိုးဆွဲထုတ်တာမျိုး မလုပ်ပါနဲ့ အသုံးပြုတာအားလုံးပြီးဆုံးသွားခဲ့ရင်တောင် အိုးမှာပါတဲ့ cooling system ကအသံရပ်သွားတဲ့အထိ မီးခလုတ်တွေကို ပိတ်မပစ်တာ ပလပ်ဆွဲဖြုတ်တာတို့မလုပ်ဘဲ ထားထားရမှာပါ) Manual သုံးသုံး Digital သုံးသုံး ကိုယ့် Air Fryer အသုံးပြုပြီး ပြန်မအေးခင် ကြိုးကို အိုးနဲ့ကပ်လျက် ဖြုတ်ချပြီးနီးနီးကပ်ကပ်ထားခဲ့တာမျိုးလည်း မလုပ်ရပါဘူး အပူကြောင့် လောင်ကျွမ်း ပေါက်ပြဲလွယ်စေပါတယ်

၁၀/ Manual အသုံးပြုသူတွေအနေနဲ့ကတော့ Timer ခလုတ်တွေကို သူသတ်မှတ်တဲ့အတိုင်းလှည့်တာမျိုးကလွဲပြီး ပြောင်းပြန်ပြန်လှည့်တာမျိုး လုံးဝမလုပ်ရပါဘူး ခနခနလှည့်မိရင် အချိန်မတိုင်ခင် ခလုတ်ပျက်တာတွေ လှည့်မရတာတွေ ကျိုးသွားတာတွေ ဖြစ်လာပါလိမ့်မယ်

၁၁/ Air Fryer ထဲမှာ ဆားမှုန် (Dry Salt - ဆားကြမ်း) လိုမျိုးကို လွန်ကဲ အောင်ထည့်ပြီး သုံးတာမျိုးတွေလည်း မလုပ်သင့်ပါဘူး ဆားငွေ့ရိုက်တာ ကြောင့် Non Stick Coating တွေရဲ့ သက်တမ်းကို ပိုတိုစေပြီး အလိတ်လိုက် ကွာထွက်တာ အပေါ်ဘက်ကအပူပေးကွိုင်တွေကို ဆားငွေ့ထိတာ တို့ဖြစ်နိုင်ပါတယ်

၁၂/ Air Fryer Basket ကိုအသုံးပြုပြီးလို့ ပြန်လည်ဆေးကြောမယ်ဆိုရင် ဆပ်ပြာရည်နဲ့ ၁၅ မိနစ်ခန့်စိမ်ထားပြီးမှ အဝတ်စ ဖော့စတို့နဲ့ပွတ်ပြီးပဲ ဆေးကြောသင့်ပါတယ် ကြမ်းတမ်းတဲ့ပိတ်စတွေ သတ္တုစတွေနဲ့ ပွတ်တိုက် မဆေးကြောမိပါစေနှင့်။

၁၃/ Air Fryer အတွင်းပိုင်း အပူပေးကရိယာများကို သန့်စင်ရာတွင်လဲ ဆပ်ပြာ/ရေ များနှင့် မဆေးကြောဘဲ နူးညံ့တဲ့ပိတ်စ နဲ့ သာ အခြောက်လျှော် သန့်စင်သင့်ပါသည်။

Credit

- ဖရဲသီးအခွံအယိုလုပ်နည်း - ဖရဲးသီးစားပြီး အခွံတွေ လွှတ်ပစ်နေရမယ့်အတူတူအရမ်းလွယ်ကူတဲ့နည်းနဲ့ ဖရဲးသီးယို လုပ်စားကြရအောင် ။...
20/11/2024

- ဖရဲသီးအခွံအယိုလုပ်နည်း -
ဖရဲးသီးစားပြီး အခွံတွေ လွှတ်ပစ်နေရမယ့်အတူတူ
အရမ်းလွယ်ကူတဲ့နည်းနဲ့ ဖရဲးသီးယို လုပ်စားကြရအောင် ။

- ပါဝင်ပစ္စည်းများ -

- ရှာလကာရည် 500 ml
- ဖရဲသီး အခွံ 1 လုံး
- သကြားညို ၃ဝဝ ဂရမ်
- ရေ ၁ ခွက်
- ဆား လက်ဖက်ရည် ဇွန်း ၁ ဇွန်း

- အယိုချက်နည်း -

၁။. ဖရဲသီးအခွံကို လှီးပြီး ရေဆေးပြီး ရှာလကာရည်ထဲ ၁ နာရီလောက်စိမ်ထားပါ ။

၂။. သကြာ ၃၀၀ ဂရမ် ၊ ဆား လက်ဖက်ရည်ဇွန်းတစ်ဇွန်း ၊ ရေတစ်ခွက်ကို ပွတ်ပွတ်ဆူအောင်တည်ပြီး ဖရဲသီးထည့်မွှေပါ ။ ဖရဲသီးအရောင် ကြည်လာပြီးဆိုရင် ဖရဲးသီးယိုရပါပြီး ။
မီးပိတ်ပြီး ( ၁၅ မိနစ်လောက် အအေးခံလိုက်ပါ )
အေးပြီးဆို ဖရဲးသီးယို စားလို့ရပါပြီး ။
Crd to owner with respect #

microwave နဲ့ oven ဆိုတာ လုံးဝ(လုံးဝ) မတူဘူးmicrowave ဟာ ပလတ်စတစ်ဘူး(ဘူးတိုင်းမဟုတ်) နဲ့ရပေမယ့်စတီးလ်ဘူး၊စတီးလ်ခွက်နဲ့ လ...
20/11/2024

microwave နဲ့ oven ဆိုတာ လုံးဝ(လုံးဝ) မတူဘူး

microwave ဟာ ပလတ်စတစ်ဘူး(ဘူးတိုင်းမဟုတ်) နဲ့ရပေမယ့်
စတီးလ်ဘူး၊စတီးလ်ခွက်နဲ့ လုံးဝမရပါဘူး..။

oven ကကျတော့ စတီးလ်ဘူး၊စတီးလ်ခွက်နဲ့ ရပေမယ့် ပလတ်စတစ်ဘူးနဲ့ လုံးဝမရပါဘူးနော်..။

Microwave ဆိုတာ နာမည်မှာပါတဲ့အတိုင်း မိုက်ခရိုလှိုင်းကိုသုံးပြီး အချိန်တိုအတွင်းမှာ အပူပေးတဲ့စနစ်..။
အစားအသောက်တွေမှာပါတဲ့ရေဓာတ်ကိုအတွင်းထဲကနေလှိုက်ဝင်အပူပေးတာမို့လို့ အပူထိတဲ့အချိန်ကမြန်တယ်..။ တိုက်ရိုက်အပူချိန်ကြောင့် စက္ကန့်ပိုင်းအတွင်း အပူကူးပြီး ရေဓာတ်ကရုတ်တရက်ပူပြီး အငွေ့ပျံတယ်..။ ဒါကြောင့် ဟင်း၊ထမင်းနွှေးရာမှာအသုံးကျပြီး idea cooking တွေမှာဟင်းချက်ဖို့အဆင်ပြေတယ်..။ ကြက်သွန်ဖြူကြော်တာ ၂မိနစ်လောက်နဲ့ကြွပ်ရွလာတာ ဒီသဘောပဲ..။

Oven ကျတော့ ထောင့်လေးထောင့်၊မျက်နှာစာလေးဘက်ကနေ အပူဓာတ်တွေလွှတ်ပေးပြီး အပူဓာတ်ကအထက်အောက်လည်ပတ်နေတဲ့စနစ်နဲ့ စားစရာကိုအပြင်ဘက်ကနေ တဖြည်းဖြည်းချင်းအပူပေးတယ်..။ အတွင်းကချက်ချင်းပူတက်မလာဘူး..။အပြင်မျက်နှာစာကအရင်ပူတယ်..။ အပြင်ပူပြီးမှအတွင်းပူတဲ့အတွက်ကင်သလိုဖြစ်စေတယ်..။ဒါကြောင့် ovenနဲ့ ကြက်သားကင်၊ ကွတ်ကီးကင်၊ပေါင်မုန့်ဖုတ်လို့ရတာပေါ့နော်..။တဖြည်းဖြည်းချင်းပူတာမို့လို့ ဟင်းနွှေးဖို့အဆင်မပြေသလို ကြက်သွန်ဖြူကြော်၊ငံပြာရည်ကြော် လုပ်လို့မရဘူး..။

❣️နောက်တစ်ခုသတိထားရမှာက oven ဆိုတာ အပြင်ဘက်ကနေတဖြည်းဖြည်းပူစေတာမို့ စတီးလ်ခွက်၊ စတီးလ်မုန့်လုပ်ခွက်တွေသုံးလို့ရတယ်..။ ပလတ်စတစ်ခွက်၊မယ်လမင်းခွက်၊ကြွေပန်းကန်တွေမရဘူး..။
မီးလောင်တတ်တယ်..။ကွဲတတ်တယ်..။

❣️microwave ကျတော့ အပူချိန်ပြင်းမိုက်ခရိုအပူလှိုင်းဖြစ်လို့ စတီးလ်ခွက်နဲ့ဆိုရင် မီးလောင်တာ၊ပေါက်ကွဲတာဖြစ်တတ်တယ်..။ပလတ်စတစ်ခွက်၊မယ်လမင်းခွက်၊ ကြွေပန်းကန်စတာတွေနဲ့ကျတော့ အပူပေးလို့ရတယ်။

Crd to owner with respect #

ဂျပန်ရောက်နေတဲ့ ဦးလေးတစ်ယောက်က ပြောတယ် သူတို့က တာရှည်ခံဆေးတွေသုံးပြီး လုပ်ထားတဲ့ ဖျော်ရည်စိမ် ပုလင်းတွေမသောက်ဘူး ဓာတုလွ...
20/11/2024

ဂျပန်ရောက်နေတဲ့ ဦးလေးတစ်ယောက်က ပြောတယ် သူတို့က တာရှည်ခံဆေးတွေသုံးပြီး လုပ်ထားတဲ့ ဖျော်ရည်စိမ် ပုလင်းတွေမသောက်ဘူး ဓာတုလွတ် အသီးဖျော်ရည် ကိုယ်တိုင်စိမ်စားတယ် ရေခဲသေတ္တာထဲထည့်ထားရင် လ တော်တော်ကြာကြာ အထားခံတယ် ပြောလို့ စမ်းလုပ်ကြည့်လိုက်တာ ရှယ်ဘဲ

လုပ်နည်းလေးက အလွယ်လေးပါရှင့်....
နာနတ်သီးကို ကိုယ့်စိတ်ကြိုက်အနေတော် အတုံးလေးတွေလှီး ဆားနဲ့ပွတ်ဆေးချတယ်
နောက်တစ်ထပ် သံပရာသီးလေးနဲ့ထပ်ပြီးပွတ်တယ် ပြီမှ ကျမကတော့ ရေနဲ့ မပြောင်တစ်ပြောင်လေး ဆေးချလိုက်ပါတယ်နှော် ဖျော်ရည်အရသာမှာ အချဥ်ဓာတ်လေးပါပြီး ချိုချဥ်လေး ဖြစ်ချင်လို့.....

နာနတ်သီးကို ဖန် ပုလင်းထဲ ထည့်ထားပြီး သကြားကို အနေတော်လေး အရည်ကျိုပြီး အအေးခံ နာနတ်သီးမြုတ်တဲ့ထိ လောင်းထည့် အဖုံးပိတ်ပြီး ရေခဲသေတ္တာထဲထည့် ထားလိုက်ရုံပါဘဲ ၃ ရက်လောက်နေတော့ အရည်ထဲမှာ နာနတ်သီး သံပရာသီး အရသာလေးနဲ့ ချိုချဥ်လေး ဖြစ်သွားပါတယ် နော် နာနတ်သီးအဖတ်လေးကလည်း ကျွတ်ကျွတ်လေးနဲ့ ရှယ်ဘဲ ထမင်းစားပြီးတိုင်း အချိုတည်းလို့ရ အကုန်ကျလဲ သက်သာ နာနတ်သီးတုံးခါနီးရင်
အများကြီး လုပ်ထားဖြစ်တယ်.....

( သကြားက အရည်ကျဲလေး ကို ကိုယ်ကြိုက်တဲ့ အချိုအနေထားလေးဘဲ ကျိုပါတယ်နော်ဆီချိုဖြစ်မှာကြောက်လို့...)
Crd to owner with respect #

 #ငါးဒုက္ခ (တမြို့တနယ်က မှာစားတာထက်စာရင် အိမ်မှာလုပ်စားကြည့်ကြပါ) 🙂 ====="ငါးဒုက္ခ" ဆိုတဲ့ နာမည်ဆန်းတဲ့ ဒီဟင်းလျာလေးက အင...
19/11/2024

#ငါးဒုက္ခ (တမြို့တနယ်က မှာစားတာထက်စာရင် အိမ်မှာလုပ်စားကြည့်ကြပါ) 🙂
=====
"ငါးဒုက္ခ" ဆိုတဲ့ နာမည်ဆန်းတဲ့ ဒီဟင်းလျာလေးက အင်းလေးဒေသ အစားအစာပါ။ "ငါးရာဇ၀တ်" လို့လည်း ခေါ်ပါတယ်။ ငါးကိုကျောခွဲ ဗိုက်ထဲက ကလီစာတွေထုတ်ပြီး ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ထာပနာပြီး ကြော်ရတာမျိုးပါ။ ကျွန်မကတော့ ငါးဖိန်းကိုသုံးထားပါတယ်။ ငါးဖိန်း မဟုတ်ဘဲ အခြားငါးတွေကိုလည်း အသုံးပြုလို့ ရပါတယ်။ ချက်နည်းလေးကို စပြောပါမယ်ရှင်။

ပါ၀င်ပစ္စည်းများ
ငါးဖိန်း - အနေတော် ၂ ကောင် (၄၀ ကျပ်သားခန့်)
ကြက်သွန်ဖြူအမွှာကြီး - ၅ မွှာ
ကြက်သွန်နီဥကြီး - ၁ လုံး
ဆီ - ၂၀ ကျပ်သားခန့်
ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
ဆနွင်း - လက်ဖက်ရည်ဇွန်း ၁ ၀က်
ငပိစိမ်းစား - လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာ
ငရုတ်သီးအကြမ်းမှုန့် - စားပွဲတင်ဇွန်း ၂ ဇွန်း
စပါးလင် - ၃ ပင်
နံနံပင် - ၁ စည်း
နှီးဖျား - ၄ ချောင်း
ဆလပ်ရွက် - ၅ ရွက်
ခရမ်းချဉ်သီး - ၁ လုံး

- ငါးကို ခေါင်းဖြတ်ပြီး အူထုတ်ပါ။ ပြီးမှ ကျောခွဲ၊ ကျောရိုးထုတ်ပြီး ရေစင်အောင်ဆေးပါ။ ခေါင်းပိုင်း၊ အမြှီးပိုင်း နှစ်ပိုင်းရအောင် အလယ်မှ တစ်၀က်ပိုင်းပါ။ ပြီးလျှင် ဓားအနှောင့်နှင့် သာသာလေး ထုပေးပါ။ (ငါးအသားများ မကျေစေရန် သာသာလေး ထုပေးပါ) ငါးအတွင်းသားကို ဆား၊ ဆနွင်းမှုန့်သုတ်လိမ်းပြီး အရသာ၀င်အောင် နှပ်ထားပါ။ အဲဒီအချိန်မှာ အခြားအစာပလာကို ပြင်ဆင်ပါမယ်။

- စပါးလင်ကို အရင့်ပိုင်းများဖယ်ပြီး ရေဆေးကာ ပါးပါးလှီးပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ အခွံခွာထားပါ။ နံနံပင်ကိုလည်း အမြစ်ဖယ်ပြီး ပါးပါးလှီးထားပါ။ နှီးများကို ရေစိမ်ထားပါ။ (ကြော်သည့်အခါ မကျွမ်းသွားစေရန်)

- ဆုံထောင်းထဲတွင် ပါးပါးလှီးထားသော စပါးလင်ကို အရင်ဆုံးထည့်ထောင်းပါ။ ကျေညက်သွားမှ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငပိစိမ်းစား၊ ငရုတ်သီးအစိမ်းမှုန့်တို့ကို အစဉ်လိုက်ထည့်ထောင်းပါ။ နံနံပင်ကို နောက်ဆုံးမှထောင်းပါ။

- အစာပလာများ အဆင်သင့်ဖြစ်မှ ငါးထဲတွင်ထည့်ပြီး နှီးဖြင့်လုံအောင် ချည်ထုပ်ပါ။ ဒယ်အိုးထဲဆီထည့်ပြီး ဆီဆူမှ ငါးများကိုစီရီထည့်ပြီး ကြော်ပါ။ (မကပ်စေရန် နှစ်ခါခွဲကြော်ပါ) တစ်ဖက်ပြီးတစ်ဖက် ပြောင်းလှန်ပေးရင်း ငါးအသား မာတောင့်တောင့်လေး ဖြစ်လာလျှင်ရပါပြီရှင်။

- ဆလပ်ရွက်လေးတွေကို ရေဆေးပြီး ပန်းကန်လှလှလေးထဲမှာ ဖြန့်ခင်းပါ။ ငါးဒုက္ခကို ကြည့်ကောင်းအောင် စီထည့်ပြီး ဘေးနားကနေ ခရမ်းချဉ်သီး အကွင်းလိုက် လှီးထားတာလေးတွေနဲ့ အလှဆင်ပြီး တည်ခင်းပါ။

တစ်အိမ်လုံး အနံ့တွေမွှေးပြီး သရေယိုစေမဲ့ "ငါးဒုက္ခ (သို့) ငါးရာဇ၀တ်" ဟင်းပါ။ နူးညံ့တဲ့ ငါးရံ့အသားရယ် စပါးလင်နဲ့ ငရုတ်သီးအကြမ်းမှုန့်ရဲ့ ပူစပ်တဲ့အရသာရယ် ငပိနံ့လေးရယ် နံနံပင်နံ့လေးရယ် ပေါင်းစပ်ထားတာမို့ တကယ်ကို အနံ့အရသာနဲ့ ပြည့်စုံတဲ့ဟင်းလေးတစ်ခွက်ပါ။ ထမင်းပူပူနဲ့ ဟင်းချိုလေးနဲ့ တွဲဖက်စားသုံးရင် ပိုလိုက်ဖက်ပါတယ်ရှင်။

Credit : original uploader

သားသားမီးမီး - လူကြီး အားလုံးကြိုက်ကြတဲ့လုပ်ရအရမ်းလွယ်တဲ့ "သစ်သီးဂျယ်လီ" လေးတွေအိမ်မှာ ကိုယ်တိုင်စမ်းလုပ်ကြည့်ကြမယ် 💝လို...
19/11/2024

သားသားမီးမီး - လူကြီး အားလုံးကြိုက်ကြတဲ့
လုပ်ရအရမ်းလွယ်တဲ့ "သစ်သီးဂျယ်လီ" လေးတွေ
အိမ်မှာ ကိုယ်တိုင်စမ်းလုပ်ကြည့်ကြမယ် 💝

လိုအပ်တာတွေက -

၁) နှစ်သက်ရာ အသီး (ဖျော်ရည်)
၂) သကြား
၃) gelatin powder
၄) ပျားရည်

တစ်ပုံချင်းစီ ထောက်ကြည့်ပေးပါ 😍

#ဂျယ်လီ
Crd to owner with respect #

Address

Singapore

Telephone

+959457070737

Website

Alerts

Be the first to know and let us send you an email when ဟင်းချက်နည်းများစုစည်းရာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share