S One - Cooking Sunone - Cooking is one of the best Food Platforms in Myanmar.

Spicy အနှစ် ( စပ်ပြဲလန်)လုပ်နည်းလေးရေးပေးမယ်နော်။နည်းနည်းတော့အချိန်ကုန်ပေမယ့်၊ လွယ်ပါတယ်ရှင့်။ပါဝင်ပစ္စည်းတွေကတော့ ငရုတ်...
16/10/2025

Spicy အနှစ် ( စပ်ပြဲလန်)

လုပ်နည်းလေးရေးပေးမယ်နော်။

နည်းနည်းတော့အချိန်ကုန်ပေမယ့်၊ လွယ်ပါတယ်ရှင့်။

ပါဝင်ပစ္စည်းတွေကတော့ ငရုတ်သီးစိမ်းအနီအစပ်တောင့်၊ငရုတ်သီးစိမ်း အစိမ်းတောင့်၊ ကြက်သွန်ဖြူ၊ ပဲငပိအနှစ် ၊ မြေပဲလှော် ၊ နှမ်းလှော် ၊ ဆား၊ အရသာမှုန့် ၊ သကြား၊ပဲငံပြာရည်အကြည် ၊ ခရုဆီ၊ ပါကောမှုန့် ၊ ရှောက်ကောမှုန့်တို့ လိုအပ်ပါတယ်ရှင့်။
ပါကောမှုန့် ၊ ရှောက်ကောမှုန့်ရဲ့ အနံ့ က မကြိုက်ရင် ပါရုံလေးပဲ ထည့်ပါနော်။
မထည့်လည်းစားလို့ရပါတယ်။

ပထမဆုံး ငရုတ်သီးစိမ်းနီနဲ့အစိမ်းကို ဆတူပမာဏ ထည့်ပြီး ပါးပါး နုပ်နုပ်( သို့မဟုတ်) လက်တြိတ်စက်နဲ့ အသေအချာ တြိတ်ပေးပါ။ စပ်တာ ကြိုက်ရင် အနီ အစပ်တောင့်ကို ပိုထည့်ပါနော်။စက်နဲ့ တြိတ်ရင် ရေထည့်ရပြီး အရမ်းညက်သွားလို့ပါ။ကြော်ရင်လည်း မလှပါဘူး။
ကြက်သွန်ဖြူကို ငရုတ်သီးစိမ်း နှစ်ခုပေါင်းရဲ့ ဆတူထည့်ပါ။

***ဥပမာ ငရုတ်သီးစိမ်း နီနဲ့စိမ်း နှစ်ခုပေါင်းရင် တဆယ်သားရှိရင် ကြက်သွန်ဖြူကို အနည်းဆုံး တဆယ်သားထည့်ပါ။ ပိုထည့်ရင် ပိုကောင်းပို မွှေးပါတယ်။ ***

ကြက်သွန်ဖြူကိုလည်း နုပ်နုပ်စင်းထားပါ။ မတြိတ်ပါနဲ့နော်။ အဆင်မပြေရင်ထောင်းပါ။
ပထမဆုံး အိုးထဲ ဆီကို ထည့်ပါ။ ဆီများများထည့်ရင် အထားခံပါတယ်။ဆီပူရင်
နုပ်နုပ်စင်းထားတဲ့ ကြက်သွန်ဖြူထည့်ကာကြော်ပါ။ နွမ်းရင် ပါးပါးနုပ်နုပ်စင်းထားတဲ့ ငရုတ်သီးစိမ်းအနီနဲ့စိမ်းကို ထည့်ကြော်ပါ။ နွမ်းခြောက်သွားတဲ့ထိ ကြော်ပေးပါ။ မီးအေးအေးနဲ့ အနည်းဆုံး ၁၅ မိနစ်ခန့် ကြော်ပေးပါ။ မီးပြင်းရင် တူးခါး ဖြစ်တတ်ပါတယ်။

ခြောက်ပြီး အဆီပြန်လာရင် ပဲငပိအနှစ် ၅ကျပ်သားခန့်ထည့်ပါ။ ကိုယ်လုပ်တဲ့ ပမာဏ ပေါ်မူတည်ပြီး ထည့်ပါတယ်ရှင့် ။ ကျမက Ovaltine ဘူးကြီး တလုံးစာ လုပ်ထားပါတယ်။မီးကို အေးအေးသာသုံးပါ။ ခဏ မွှေပြီးရင် ပဲငံပြာရည် အကြည် ဟင်းချက်ဇွန်း ငါးဇွန်းခန့်ထည့်ပါ။ ခရုဆီ ဟင်းချက်ဇွန်း ငါးဇွန်းခန့်ထည့်ပါ။ လိုတာ ပိုတာ နောက်ဆုံးကျရင် မြည်းပြီး ပြန်ထည့်ပါနော်။ တယောက်နဲ့တယောက် လုပ်မယ့် အချိုးအဆ မတူလို့ ပါနော်။မြေပဲလှော် မညက်တညက်ထောင်းပြီး သား တဆယ်သားနီးပါးခန့်ထည့်ပါတယ်။ နှမ်းလှော်ထည့်ပါ။ ဆား ၊ အရသာမှုန့် ၊ နဲ့ သကြားတို့ ထည့်ပါ။

ပြီးရင်မွှေပေးပါ။
ပါကောမှုန့်နဲ့ရှောက်ကောမှုန့်ကို ထမင်းစားဇွန်း တဝက်ခန့်မျှ ထည့်ပါ။ အဲ့ထက်လည်းလျှော့ထည့်လို့ရသလို မကြိုက်ရင်လည်း မထည့်လို့ရပါတယ်။

ထည့်ရင်တော့ မာလာရှမ်းကော အနှစ်အရသာနဲ့ အနည်းငယ် ဆင်သွားပြီး မာလာရှမ်းကောအတွက်ပါ အနှစ် အဖြစ် ပြန်သုံးလို့ရပါတယ်။ **ပြည့်ပြည့်စုံစုံ **မဖြစ်ပေမယ့် မာလာရှမ်းကော အနှစ်အဖြစ် အလွယ်တကူ သုံးလို့ရပါတယ်။

အရသာကိုယ့်မြည်းပြီး စိတ်ကြိုက်ပြင်ဆင်ပြီးရင် အအေးခံကာ ဖန်ပုလင်းထဲ ထည့်ပါ။ စပ်ပြဲလန် spicy အနှစ်လေးရပါပြီရှင့်။ရေခဲသေတ္တာထဲမှာသာ ထည့်ပြီး အသုံးပြုပေးပါရှင့်။

ခေါက်ဆွဲနဲ့စားရင် ခေါက်ဆွဲပြုတ်ပြီး ပဲငံပြာရည် အချိုလေးနယ်ကာ spicy အနှစ်လေး ထည့်နယ်ပြီး မိမိကြိုက်နှစ်သက်တဲ့ အဆာပလာများ ဖြည့်စွက်ထည့်ကာ စားလို့ရပါပြီးရှင့်။

မနေ့ကတော့ spicy ထမင်းကြော်လေး ကြော်စား ဖြစ်တယ်။ လူ ၄ ယောက်စားတာ ဒယ်အိုးတအ်ုး ပြောင်ပါလေရော။ ထမင်းကြော်ရင် ထမင်းကို ပဲငံပြာရည်အချိုနဲ့နယ်ပြီး ကိုယ်ကြိုက်တဲ့ ဟင်းသီးဟင်းရွက်နဲ့ အဆာပလာတွေ ထည့်ကြော်နော်။

နားမလည်ရင် မန့်ကမေးနော်။
ကျမ ပြန်ပြောပေးမယ်။

အလွယ်တကူ အဆင်ပြေပြေနဲ့ အခက်အခဲ မရှိ လုပ်နိုင်ပါစေနော် ❤️❤️❤️

ချစ်ခြင်းဖြင့် ချက်သော စားဖွယ်စုံ

အပ်မှိုကြိုက်သူများအတွက် အပ်မှိုအစပ်သုပ်လုပ်နည်း 🥬🥬🧄🧅🌶️🌶️ပြုလုပ်နည်းက လွယ်လွယ်လေး ပုံကို ထောက်ကြည့်ပေးပါရှင့် သက်သက်လွတ်...
13/10/2025

အပ်မှိုကြိုက်သူများအတွက် အပ်မှိုအစပ်သုပ်လုပ်နည်း 🥬🥬🧄🧅🌶️🌶️
ပြုလုပ်နည်းက လွယ်လွယ်လေး ပုံကို ထောက်ကြည့်ပေးပါရှင့်
သက်သက်လွတ်စားချင်လဲ ခရုဆီဖယ်ပြီးစားလို့ရပါတယ်...

Credit Original Uploader
Via -

ညနေ အသိတစ်ယောက်မွေးနေ့ရှိလို့ ချက်ပေးလိုက်တဲ့ ရုံးပတီီသီး ချဥ်စပ် တရုတ် စတိုင်ချက်။ချက်နည်းကတော့ - ၁။ ရုံးပတီသီးကိုပြုတ်...
04/10/2025

ညနေ အသိတစ်ယောက်မွေးနေ့ရှိလို့ ချက်ပေးလိုက်တဲ့ ရုံးပတီီသီး ချဥ်စပ် တရုတ် စတိုင်ချက်။

ချက်နည်းကတော့ -
၁။ ရုံးပတီသီးကိုပြုတ်ထားပါတယ်။
၂။ ပြုတ်ထားတဲ့ ရုံးပတီသီး နှူးလာရင်ဆယ်ပြီး၊ ဆီထည့် ကြက်သွန်နီ/ဖြူ ဆီသတ်ပါတယ်၊ ငရုတ်သီး ထည့်ပါတယ်။
၃။ တစ်ချိန်တည်း မန်းကျည်းသီး အနည်းငယ် ပြုတ်ထားပါတယ်။
၄။ ကော်မှုန့် တစ်ဇွန်း၊ ခရုဆီ နှစ်ဇွန်း၊ ပဲငံပြာရည် အကြည် တစ်ဇွန်း၊ ဆား၊ အချိုမှုန့် နည်းနည်း ကို ရေနှင့်အနည်းငယ်ရောမွေပြီး ခွက်တစ်ခွက်တည်း ဖယ်ထားပါတယ်။
၅။ ဆီသတ်တာ okayရင် ကော်မှုန့် ဖျော်ထားတဲ့ အရည်ကို ဆီသတ်ထားတဲ့ထဲလောင်းထည့်လိုက်ပါတယ်။
၆။ အရည်ကို ချွဲပြစ်လာတဲ့ထိ မွေပေးပါတယ်။
၇။ ပြီးရင် အချဥ် ကို မန်ကျည်းသီးဖျော်ထားတဲ့ ထဲက လိုသလောက်ထည့်ပါတယ်။
၈။ အားလုံးပြီးရင် Plating ပန်းကန် ထဲ ရုံးပတီသီး တွေစီတန်းထည့်ပြီး အပေါ်ကနေ ကြိုထားတဲ့ အရည် လောင်းချလိုက်ရင် ရပါပြီဗျ။

ရိုတီမုန့် (Roti) ပြုလုပ်နည်း (အခြေခံ)​ပါဝင်ပစ္စည်းများ🧂 * ​ဂျုံမှုန့် (ဘက်စုံသုံး) - ၅၀၀ ဂရမ် (ခန့်မှန်းခြေ ၃ ½ ခွက်) *...
03/10/2025

ရိုတီမုန့် (Roti) ပြုလုပ်နည်း (အခြေခံ)

​ပါဝင်ပစ္စည်းများ🧂
* ​ဂျုံမှုန့် (ဘက်စုံသုံး) - ၅၀၀ ဂရမ် (ခန့်မှန်းခြေ ၃ ½ ခွက်)
* ​ဆား - လက်ဖက်ရည်ဇွန်း ½ ဇွန်း
* ​သကြား - စားပွဲတင်ဇွန်း ၁ ဇွန်း
(အချိုရိုတီလုပ်ပါက ပိုထည့်ပါ)
* ​ကြက်ဥ - ၁ လုံး
* ​နို့ဆီ - ၁၀၀ မီလီလီတာ
(သို့မဟုတ် ရေသက်သက်ဖြင့် အစားထိုးနိုင်သည်)
* ​ရေသန့် - ၁၀၀ မီလီလီတာ
* ဆီ - စားပွဲတင်ဇွန်း ၂ ဇွန်း
* ​ထောပတ်အရည်ဖျော် သို့မဟုတ် ဆီ -
(မုန့်သားကို ဆီသုတ်ရန်)

​ပြုလုပ်နည်း 👨🏻‍🍳
​၁။ မုန့်သားနယ်ခြင်း
​ဂျုံမှုန့်၊ ဆား၊ သကြားတို့ကို ဇလုံတစ်ခုထဲတွင် ရောပါ။
​ကြက်ဥ၊ နို့ဆီနှင့် ရေတို့ကို ထည့်ပါ။
​ဟင်းသီးဟင်းရွက်ဆီ သို့မဟုတ် ဝက်ဆီထည့်ပြီး လက်ဖြင့် သမအောင် နယ်ပါ။
​မုန့်သားကို ချောမွေ့ပြီး လက်တွင် မကပ်တော့သည့်အထိ နယ်ပါ။ ခန့်မှန်းခြေ ၁၅-၂၀ မိနစ် ကြာပါမည်။ (မုန့်သားခြောက်လွန်းပါက ရေကို နည်းနည်းချင်းစီ ထပ်ထည့်ပါ)
​၂။ မုန့်သားအနားပေးခြင်း (အချဉ်ဖောက်ခြင်း)
​မုန့်သားကို အလုံးလေးများ (မိမိလိုချင်သော အရွယ်အစား) လုံးပါ။
​လုံးထားသော မုန့်သားအလုံးများပေါ်တွင် ဆီ အနည်းငယ် သုတ်လိမ်းပါ။
​ထို့နောက် ခွက် သို့မဟုတ် ပန်းကန်တစ်ခုထဲတွင် ထည့်၍ ပလတ်စတစ်ဖြင့် အုပ်ပါ သို့မဟုတ် ရေစိုအဝတ်ဖြင့် အုပ်ပါ။
​မုန့်သား ပျော့ပျောင်းပြီး ကောင်းစွာ ဆွဲဆန့်နိုင်ရန် အနည်းဆုံး ၂-၄ နာရီ သို့မဟုတ် တစ်ညလုံး နှပ်ထားပါ။
​၃။ မုန့်သားဆန့်ခြင်းနှင့် ကြော်ခြင်း
​လက်နှင့် စားပွဲခုံမျက်နှာပြင်တွင် ဆီသုတ်လိမ်းပါ။ မုန့်သားကို ယူ၍ ရနိုင်သမျှ ပါးလွှာအောင် လက်ဖြင့် ရိုက်ပြီး ဆန့်ထုတ်ပါ။
​အလယ်အလတ်မီးဖြင့် ဒယ်အိုးကို တည်ပါ။ ဆီအနည်းငယ်ထည့်ပါ။
​ပါးပါးဆန့်ထားသော မုန့်သားကို ထည့်ကြော်ပါ။ ရွှေဝါရောင် သန်းလာပြီး ကြွပ်လာသည်အထိ နှစ်ဖက်လုံး လှန်၍ ကြော်ပါ။
​ဆီစုပ်စက္ကူပေါ်တွင် ဆယ်ယူ၍ အနားပေးပါ။

​လျှို့ဝှက်ချက်များ.......
​✅ မုန့်သား ကြွပ်စေရန် – မုန့်သားရောစပ်ရာတွင် ထောပတ်အရည်ဖျော် အနည်းငယ် ထည့်ပါ။ ကြော်ခါနီးတွင်လည်း မုန့်သားကို အပါးဆုံးဖြစ်အောင် ဆန့်ထုတ်ပါ။
​✅ မုန့်သား နူးညံ့စေရန် – ရေအစား နို့ဆီကိုသာ အားလုံး အသုံးပြုပြီး မုန့်သားကို အနားပေးချိန် ပိုကြာအောင် ထားပါ။
​✅ အချိုရိုတီ (Roti Hwan) ပြုလုပ်ရန် – ကြော်ပြီးနောက် နို့ဆီ၊ သကြားဖြူး သို့မဟုတ် ငှက်ပျောသီး၊ ကြက်ဥ စသည့် အစာသွပ်၍ စားသုံးနိုင်ပါသည်။

MON SOUNG
#မုန့်လုပ်နည်း

🌿ငါးဖယ်သ‌ယောင်ကြော်နည်း🤭- ငါးဖယ်ခြစ်မှစားချင်တာ  ငါးခြစ်ဆိုမစားချင်ဘူးဆိုတဲ့  အိမ်သားတွေကို   ငါးဖယ် ၁၀ သားဝယ်ပီး  ဂျင်း...
28/09/2025

🌿ငါးဖယ်သ‌ယောင်ကြော်နည်း🤭

- ငါးဖယ်ခြစ်မှစားချင်တာ
ငါးခြစ်ဆိုမစားချင်ဘူးဆိုတဲ့
အိမ်သားတွေကို
ငါးဖယ် ၁၀ သားဝယ်ပီး
ဂျင်းထည့်ကျွေးမယ့်နေ့ပါ😁

- ငါးဖယ်သယောင်ကြော်ကို
ခရမ်းချဉ်သီးလေးနဲ့
ဆီပြန်ချက်စားလို့ရသလို
ဒီတိုင်းဆော့လေးနဲ့တို့စားစား
ထမင်း ဆီဆမ်းလေးနဲ့ပဲ
တွဲတွဲစားစား
အတွင်းသားအိအိတွဲတွဲလေးနဲ့
စားလို့သိပ်ကောင်းပါတယ်၊

#ငါးဖယ်သယောင်ကြော်

 #ဂေါ်ရခါးသီးသုပ်သုပ်စားကြရအောင်ပါ1 ဂေါ်ရခါးသီးကို ရေနွေးဆူဆူထဲမှာ ငါးမိနစ်ခန့် ထည့်ပြီး ပြုတ်2 ပြီးရင် ရေအေးထဲမှာ စိမ်3...
27/09/2025

#ဂေါ်ရခါးသီးသုပ်
သုပ်စားကြရအောင်ပါ
1 ဂေါ်ရခါးသီးကို ရေနွေးဆူဆူထဲမှာ
ငါးမိနစ်ခန့် ထည့်ပြီး ပြုတ်
2 ပြီးရင် ရေအေးထဲမှာ စိမ်
3 အေးသွားပြီးဆို စိန်ခလုတ်(သို့)သခွားခြစ်နဲ့ အမျှဥ်လေးတွေဖြစ်အောင် ခြစ်။
4 ဇလုံကြီးတစ်ခုထဲ ဂေါ်ရခါးခြစ်တွေထည့် ၊ ဂေါ်ဖီနဲ့ကြက်သွန်နီ ပါးပါးရိတ်ရိတ်လှီးထားတာထည့်။
ဆီချက် ၊ ပုဇွန်ခြောက်မှုန့် ၊ ဆား ၊ အချိုမှုန့် ၊ ငံပြာရည် ၊ နံနံပင် ၊ ပဲမှူန့် ၊ ငြုပ်သီးအလှော်မှုန့် ထည့် ။
5 အချဥ်အတွက်က မကျည်းနှစ်ကိုမသုံးဘူး။ သံပုရာရည်လေးပဲညှစ်တယ်။
6 အားလုံးစုံပြီဆိုရင် အားရပါးရ စေးစေးပိုင်ပိုင်လေးဖြစ်တဲ့ထိ နယ်

ဒါဆို စားလို့ရပြီ၊၊

အမ တွေက ကျမကျိုတဲ့ ငါးပိရည်ကျို စားချင်တယ်ဆိုလို့ ဒီနေ့ကျိုတာပါ။ဒီမနက်စျေးသွားဖို့ အလုပ်နည်းနည်းရှုတ်သွားတာနဲ့ မသွားလိုက...
24/09/2025

အမ တွေက ကျမကျိုတဲ့ ငါးပိရည်ကျို စားချင်တယ်ဆိုလို့ ဒီနေ့ကျိုတာပါ။

ဒီမနက်စျေးသွားဖို့ အလုပ်နည်းနည်းရှုတ်သွားတာနဲ့ မသွားလိုက်ရဘူး။

အဲ့ဒီတော့ ရေခဲသေတ္တာထဲ ထုတ်ပြီး ရှိတာတွေ ပဲ ပြင်ဆင်ချက်ပြုတ်ပေးလိုက်တယ်လေ။

-ငါးချဉ်စပ် (အစပ်လျော့)
-ကြက်သားကြော်
-ကြာဇံဟင်းခါး
-ငပိရည်
-တို့စရာ အစုံ( ရေခဲသေတ္တာထဲမှာတို့စားလို့ရတာ အကုန်ထည့်လိုက်တယ်)

ဟင်းတွေက သိပ်တော့ မမြိုင်ဘူးပေါ့
ကျမကတော့ အစပ် မစားနိုင်သူမို့ ဟင်းခါးပဲ သောက်ပါတယ်။

ကျမက ချက်ပေမယ့် သိပ်မစားဖြစ်ဘူး။

ကျမစားဖြစ်တာဆိုလို့ ဟင်းခါးလေးပဲရှိတယ်။

သူတို့ မြိန်နေတာ ကြည့်ရတာနဲ့တင် ပီတိဖြစ်တာပါ။

ဒညင်းသီးတော့ စားလေ့စားထ မရှိဘူး။
ဟိုတရက်က စိတ်ကူရပေါက်လို့ တခါဝယ်လာပြီး မစားပဲနဲ့ အိမ်မှာ ဒီအတိုင်းရှိနေတာကို လုပ်ပေးလိုက်တာ။

" ခရမ်းသီးထောင်းနည်း "- ပါဝင်ပစ္စည်းများ -👇👇👇ခရမ်းသီး ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ ၊ငရုတ်သီးစိမ်းလေးတွေကို မီးကင် ပါ ။မီးကင...
17/09/2025

" ခရမ်းသီးထောင်းနည်း "
- ပါဝင်ပစ္စည်းများ -👇👇👇
ခရမ်းသီး ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ ၊
ငရုတ်သီးစိမ်းလေးတွေကို မီးကင် ပါ ။
မီးကင် ဖို့ မလွယ်သူက ပြုတ်ယူပါ ။
ပြီးရင် ငရုတ်ဆုံထဲမှာ ထည့်ထောင်းပါ ။
အရသာ အတွက် ငပိရည် ၊ ငါးငံပြာရည်
အချိုမူန့် ( စားရင်ထည့် )ပြီး
ကြက်သွန်မြိတ် နဲ့ နံနံပင် ကို နူတ်နူတ်စင်းထည့်ပါ ။
ဒါဆို အရသာရှိတဲ့ ခရမ်းသီးထောင်း စားလို့ရပါပြီး 🤤🤤🤤
#ဟင်းချက်နည်းများ

တအားကောင်းသော မုန့်သားမွရွပီး အိအိမွှေးမွှေးလေးလာမဲ့ (၁၀)ရက်နေ့ မှာ ရောက်မဲ့ ထဲက ရပါ့မယ် အရင်မှာပီးမရသေးသူတွေပြောပေးပါနေ...
12/09/2025

တအားကောင်းသော မုန့်သားမွရွပီး အိအိမွှေးမွှေးလေး

လာမဲ့ (၁၀)ရက်နေ့ မှာ ရောက်မဲ့ ထဲက ရပါ့မယ်

အရင်မှာပီးမရသေးသူတွေပြောပေးပါနော်

ကြက်ဥအရည်လေးလုပ်ပြီး Oven ထဲတစ်ခါတည်းဖုတ်လို့ရတဲ့ Frozen Egg tartရောက်ပါပြီ

အခု-၃၀ပါ -၁ထုပ် -18000ကျပ်

Aluminium အောက်ခံခွက်လည်းပါရှိသည့်အတွက် Mould မလိုပဲ Oven / Airfryer ထဲတွင်တစ်ခါတည်းထည့်ဖုတ်နိုင်ပါသည်

Frozen Tart ထဲထည့်ရန်အတွက်ကြက်ဥအနှစ်ရည်လုပ်နည်း

ကြက်ဥ - ၃လုံး
ကြက်ဥအကာ - ၁ခု
သကြား - ၁၀၀ဂရမ်
ရေ - ၁၀၀ဂရမ်
နွားနို့ - ၂၀၀ဂရမ်

ရေနဲ့သကြားကိုအတူတူရောကျို၍အအေးခံထားပါ

ကြက်ဥနဲ့နွားနို့ကိုခေါက်ထည့်ပြီးသမအောင်မွှေပေးပါ

Tart မုန့်သားခွက်ထဲသို့ ထည့်၍ အပူချိန် ၁၇၀ဒီဂရီဖြင့် Oven ထဲတွင် မိနစ်၂၀ခန့်ဖုတ်ပေးပါ

ပြီးလျှင် အပူချိန်အား ၁၆၀ဒီဂရီသို့လျှော့၍ ၁၀မိနစ်ခန့်ထပ်ဖုတ်ပေးပြီးပါက စားလို့ကောင်းတဲ့ကြက်ဥမုန့်(Egg Tart)ရရှိပါပြီ

Oven/Airfryer - မီးအားပေါ်မူတည်ပြီး အချိန် အပြောင်းအလဲ ရှိနိုင်ပါတယ်

အနှစ်ကျက်၊မကျက် သွားကြားထိုးတံဖြင့် အလွယ်တကူ ထိုး၍ သိနျုငျပါသညျ။

ကြက်ဥဖောက်ချက်ကြက်ဥလေးဖောက်ချက်ပြီး ငါးမွေးထိုခြောက်လေးကျော်တဲ့နေ့ စားကောင်းသောပါပဲရှင်။မြိန်ရာဟင်းကောင်းပဲလေ။ချက်နည်းလေ...
11/09/2025

ကြက်ဥဖောက်ချက်

ကြက်ဥလေးဖောက်ချက်ပြီး ငါးမွေးထိုခြောက်လေးကျော်တဲ့နေ့ စားကောင်းသောပါပဲရှင်။
မြိန်ရာဟင်းကောင်းပဲလေ။

ချက်နည်းလေးပြောပြမယ်နော် ။

ပုဇွန်ခြောက် ၊ ကြက်သွန်နီ နဲ့ ဖြူ ကို ညက်အောင်ထောင်းထားပါနော်။
ချက်မယ်ဆိုရင် အိုးထဲ ဆီပူလာတာနဲ့ ထောင်းထားတဲ့ ပုဇွန်ခြောက် ကြက်သွန်နီ ဖြူတို့ထည့်ပါ။ အရောင်တင်မှုန့် ဆနွင်းတို့ထည့်ပြီး အဆီပြန်နေအောင်လုပ်ပါနော်။ အဆီပြန်ပြီး အနှစ်ကလေးတွေ ဖြစ်လာရင် မန်ကျည်းရည်ထည့်ပါ။ ဆူလာရင် ကြက်ဥလေးတွေတလုံးချင်းဖောက်ထည့်ပါနော်။ တလုံးနဲ့တလုံးကြားမှာ နေရာလေးတွေခြားထားပါ။
ကြက်ဥလေးတွေ ကျက်လောက်တဲ့အထိ ချက်ပေးပါနော်။ ကြက်ဥလေးကျက်ပြီး ဟင်းအဆီပြန်ရင် နံနံပင်လေးအုပ်ကာချလို့ရပါပြီ။

ချဉ်ငံစပ်လေးနဲ့ ပုဇွန်ခြောက်အရသာ လေးနဲ့ ထမင်းမြိန်စေတဲ့ ကြက်ဥဖောက်ချက်ဟင်းလေးပါနော်။
ငါးခြောက်ကြော်လေးနဲ့စားတော့ ပိုမိုက်နေတာပေါ့။

ချက်ကြည့်နော်။
by
ချစ်ခြင်းဖြင့် ချက်သော စားဖွယ်စုံ

အမေရိကန်ထမင်းကြော်တင်ဖူးပါတယ်ရှင်။အမေရိကန်ထမင်းကြော်ဆိုပြီ နာမည်ပေးထားပေမယ့် ဒါလေးက ထိုင်းတွေကစပြီးကြော်ခဲ့တာပါ။သူ့အရသာက...
05/09/2025

အမေရိကန်ထမင်းကြော်

တင်ဖူးပါတယ်ရှင်။

အမေရိကန်ထမင်းကြော်ဆိုပြီ နာမည်ပေးထားပေမယ့် ဒါလေးက ထိုင်းတွေကစပြီးကြော်ခဲ့တာပါ။
သူ့အရသာက ခရမ်းချဉ်သီးဆော့စ်လေး၊ ထောပတ်အနံ့လေးပါပြီ စပျစ်ခြောက်နဲ့ ချဉ်ချိုလေးပါ ။ တချို့ကျတော့ နာနတ်သီးလေးနဲ့ ကြော်တတ်ပါတယ်ရှင့်။

တယောက်နဲ့တယောက် ကြော်နည်းလေးတွေ အနည်းငယ် ကွဲကြပါတယ်ရှင့်။

ကြော်နည်းလေးပြောပြပေးမယ်နော်။

ပထမဆုံး ထမင်းကြော်ဖို့ ထမင်းကို ခပ်မာမာလေး ချက်ပါနော်။ ထမင်းကြော်ရဲ့ အသက်က ထမင်းမို့လို ထမင်းလုံး တောင့်တောင့်လေး ရအောင်ချက်နော်။
ငှဲ့ချက်တဲ့ ထမင်းကတော့ အကောင်းဆုံးပေါ့နော်။
ပူနေတဲ့ထမင်းကို မကြော်ရပါဘူး။
လုံလောက်စွာ အေးနေတဲ့ ထမင်းကိုသာ ကြော်မှ ထမင်းကြော်ကလှပြီး စားကောင်းပါတယ်ရှင့်။
ဆန်ကောင်းလေ ထမင်းကြော်က ကောင်းလေးပါပဲရှင့်။

ကြက်ကြော်အတွက်ပြင်ဆင်ရအောင်။

ကြက်ပေါင်လေးတွေ ရေဆေးသန့်စင်ပြီး ဆား ၊ အရသာမှုန့် ၊ ငရုတ်ကောင်းမှုန့် ၊ ဂျင်း နဲ့ကြက်သွန်ဖြူ ထောင်းထားတဲ့ အရည်လေး ထည့်ပြီး ရေခဲသေတ္တာထဲ တနာရီခန့် နှပ်ထားပါတယ်။

ကြက်ပေါင် ၆ ခု သုံးထားပါတယ်။ဂျုံမှုန့်ထမင်းစားဇွန်းနှစ်ဇွန်း ၊ ဆန်မှုန့် ထမင်းစားဇွန်း နှစ်ဇွန်း ၊ ပြောင်းကော်မှုန့် တစ်ဇွန်းကို ကြက်ဥ အလုံးကြီး နှစ်လုံးရဲ့အကာ၊ဆား၊ အရသာမှုန့် ၊ ငရုတ်ကောင်းမှုန့်ကို ကြက်ပေါင်နဲ့ သေချာ နယ်ပေးပါ။

ပြီးရင်မုန့်နှစ်ထဲက ထုတ်ပြီး ပါမုန့်ခြောက်လေး ကပ်ပေးပါ။
ပြီးရင် မီးအေးအေးသုံးထားတဲ့ ဆီပူထဲ ထည့်ကြော်ပေးပါ။
မီးအေးအေးနဲ့ကြော်ပြီး အခွံလေးတွေ ရွှေ ညိုရောင်သန်းရင် ကြက်ကြော်လေးရပါပြီရှင့်။

ခွက်တခုထဲ ဆော့စ် စပ်ရအောင်နော်။ ထမင်းစားဇွန်း သုံးပါမယ်။

ထမင်းကြော်တပွဲကို ခရမ်းချဉ်သီဆော့စ် နှစ်ဇွန်း၊ ပဲငံပြာရည်အကြည် တဇွန်းသကြားတဇွန်း (မကြိုက်ရင်လျော့ထည့်ပါ)

၃ မျိုးလုံးကို ခွက်တခုထဲ သေချာရောမွှေထားပေးပါ။
မုန်လာဥနီကို အတုံးသေးသေးလေးလှီးထားပါ။စပျစ်ခြောက်ကို ရေဆေးထားပါ။ဒံပေါက်မှာထည့်တဲ့ ပဲစိမ်းလုံး အနည်းငယ် လိုအပ်ပါတယ်။ မရှိရင်ဘိုစားပဲကို အတုံးသေးသေးဖြစ်အောင်တုံးထားပေးပါ။

ထမင်းစကြော်ရအောင်

အရင်ဆုံး ကြက်ဥ တလုံးကြော်ပါ။sausages (ကြက်အူချောင်းကို ပုံပါအတိုင်းကြော်ပြီးထားပါ။

ဒယ်အိုး တခုထဲ ပူလာရင် ဆီထည့်ပါ။ ထောပတ် တဇွန်းခန့်ထည့်ပါ။ ( မရှိရင်မထည့်လည်းရပါတယ်)

နုပ်နုပ်စင်းထားတဲ့ ကြက်သွန်အဖြူနဲ့အနီကိုထည့်ပါ။

နွမ်းရင် လှီးထားတဲ့ မုန်လာဥနီ၊ ပဲစိမ်းလုံး ( မရှိရင် ဘိုစားပဲ)၊ စပျစ်ခြောက်ထည့်ပါ။

အအေးခံထားတဲ့ ထမင်းထည့်ပါ။

စပ်ထားဆော့စ်ထည့်ပါ။

သမအောင်သေချာ မွှေပေးပါ။

ဆား ၊ အရသာမှုန့်ထည့်ကာ စိတ်ကြိုက် အရသာဖြစ်အောင်ပြင်ပါ။

အားလုံးစိတ်ကြိုက်ဖြစ်ရင်ချလို့ရပါပြီ။
ပုံပါအတိုင်း ပြင်ဆင်ပြီး စားသောက်နိုင်ပါပြီးရှင်။

အမေရိကန်ထမင်းကြော်က ချိုချိုချဉ် ထောပတ်နံ့မွှေးမွှေးလေးအရသာလေးနဲ့ပါ။ ထူးခြားချက် က စပျစ်ခြောက်ထည့်ထားတာပါ။
အရသာက တခြားထမင်းကြော်တွေကနေ ကွဲထွက်ပြီး အရမ်းစားကောင်းတဲ့ ထမင်းကြော် တမျိုးပါရှင့်။

အားလုံးလည်း အကြိုက်တွေ့မယ်လို့ ထင်ပါတယ်ရှင့်။

ကြော်စားကြည့်ပါဦးနော် ❤️❤️❤️


ချစ်ခြင်းဖြင့် ချက်သော စားဖွယ်စုံ

ကျန်းမာရေးအတွက် ရိုးရှင်းတဲ့နည်းလမ်းကောင်း...။(အသက် ၅၀ နှင့်အထက်များ လက်မလွှတ်သင့်)​ကြက်ဥ ၁ လုံးနဲ့ ကြက်သွန်ဖြူ ၂ မြွှာက...
04/09/2025

ကျန်းမာရေးအတွက် ရိုးရှင်းတဲ့နည်းလမ်းကောင်း...။
(အသက် ၅၀ နှင့်အထက်များ လက်မလွှတ်သင့်)

​ကြက်ဥ ၁ လုံးနဲ့ ကြက်သွန်ဖြူ ၂ မြွှာကို နေ့စဉ်မနက်တိုင်းစားပါ။ "ရိုးရှင်းပေမယ့် ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အစားအစာ" တစ်ခုပါ။

* ​ကြက်ဥ က ဦးနှောက်၊ မျက်လုံး၊ အရိုးနဲ့ ကြွက်သားတွေကို
သန်မာစေပါတယ်။
* ​ကြက်သွန်ဖြူ က အဆီ၊ သွေးဖိအားနဲ့ သွေးလည်ပတ်မှုကို
ကောင်းမွန်စေပါတယ်။

​နှစ်ခုပေါင်းစားရင် အကျိုးကျေးဇူးတွေ ပိုရစေပြီး အသက် ၅၀ နဲ့အထက်လူတွေမှာ ဖြစ်တတ်တဲ့ နှလုံး၊ ဆီးချိုနဲ့ ကိုယ်ခံအားဆိုင်ရာ စိုးရိမ်မှုတွေကို လျှော့ချပေးပါတယ်။

​ဒါပေမယ့် အသည်းရောဂါ၊ ကျောက်ကပ်ရောဂါရှိသူတွေနဲ့ သွေးကျဲဆေးသောက်နေသူတွေကတော့ ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီးမှ စားသုံးသင့်ပါတယ်။

MON SOUNG

#ကြက်ဥ #ကြက်သွန်ဖြူ

ที่อยู่

Ayutthaya

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ S One - Cookingผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์