Guys in the Kitchen

Guys in the Kitchen အသက်ရှင်ကျန်းမာဖို့ နေစဉ်လိုအပ်တဲ့

16/04/2026

ပဲထမင်းလေး

13/04/2026

ဝက်မျှစ်ချဉ်ချက် ....

Asam Laksa လို့ခေါ်တဲ့ Penang ဘက်ကငါးခေါက်ဆွဲတမျိုးလွယ်လွယ်ပြောရရင် မ‌လေးရှား မုန့်ဟင်းခါးပေါ့ငါးနဲ့ချက်ပြီး နန်းသေးခေါက...
22/11/2025

Asam Laksa လို့ခေါ်တဲ့ Penang ဘက်ကငါးခေါက်ဆွဲတမျိုး
လွယ်လွယ်ပြောရရင် မ‌လေးရှား မုန့်ဟင်းခါးပေါ့
ငါးနဲ့ချက်ပြီး နန်းသေးခေါက်ဆွဲဖတ်နဲ့ ကြက်သွန်စိမ်း သခွားသီး အရွက်လေးတွေနဲ့ ကြက်ဥမွကြော်လေးနဲ့
အရသာက မုန့်ဟင်းခါးနံ့လိုရုတ်တရက် ထင်ရပေမယ့် တကယ်တမ်းကျ ထားဝယ်မုန့်လက်သုပ်အရသာနဲ့ပိုဆင်တယ်
ဘာပြောပြောကြိုက်တယ် ...စားမှာပဲ

စားချင်တော့လဲ အလုပ်ရှုတ်ခံရတာပေါ့ ဆိုင်သွားစားရင် အမျိုးစုံဂျီးများပြီး ကိုယ့်ဟာကိုယ်ကျ ကောင်းကောင်းမကောင်းကောင်းစားရတာပ...
18/11/2025

စားချင်တော့လဲ အလုပ်ရှုတ်ခံရတာပေါ့
ဆိုင်သွားစားရင် အမျိုးစုံဂျီးများပြီး ကိုယ့်ဟာကိုယ်ကျ ကောင်းကောင်းမကောင်းကောင်းစားရတာပဲ
ငါးပြုတ်ရ အာလူးပြုတ်ရ ခရမ်းချဉ်သီးကြိတ်ပြီး အနှစ်ချက် ငရုပ်သီးကြော်ရ ဆီချက်ချက်ရ နဲ့ ဟုတ်နေတာပဲ
😋😋😋😋

17/11/2025

ပုစွန်အခွံ ပစ်နည်းလေး
သူများနိုင်ငံမှာဆိုတော့ ကိုယ်ပစ်လိုက်တဲ့အမှိုက်က
ပတ်ဝန်းကျင် အခြားသူတွေနဲ့ ဝန်ဆောင်ပေးသူတွေ အနှောက်အယှက်မဖြစ်ရအောင်
ဂရုတစိုက် ပစ်ပေးဖို့လိုပါတယ်

15/11/2025

ခေါက်ဆွဲသုပ်

ပျဉ်းတော်သိမ်တွေတွေ့လို့ ကြက်သားနဲ့ချက်စားဖို့ဝယ်ခဲ့တယ် အရမ်းကြိုက်လို့ အကုန်ထည့်လိုက်တယ် မွှေးနေရော...ကြက်ရိူးနဲ့ဂွေးတေ...
06/11/2025

ပျဉ်းတော်သိမ်တွေတွေ့လို့ ကြက်သားနဲ့ချက်စားဖို့ဝယ်ခဲ့တယ်
အရမ်းကြိုက်လို့ အကုန်ထည့်လိုက်တယ် မွှေးနေရော...
ကြက်ရိူးနဲ့ဂွေးတောက်ရွယ်ဟင်းချိူ ပြီးတော့ငပိထောင်း
ဆွဲပြီလေ .....

04/11/2025

တန်ဆောင်မုန်း လပြည့်နေ့ မယ်ဇလီဖူးသုပ်

03/11/2025

ပုစွန်ခရမ်းချဉ်သီးငပိချက်

02/11/2025

လိုအပ်သည့်အခါ အသုံးပြုရန် ....

၁။ ဆားအခတ်များသွားလျှင် အာလူးအလုံးလိုက် (၂/၄)လုံးထည့်ပါ။

၂။ ပဲပြုတ်သည့်အခါ.. စားချင်သဖွယ် အိအိဖောင်းဖောင်း ဆိမ့်ဆိမ့်လေးဖြစ်အောင် ရေလဲပြီးသောအခါ ရေအနည်ငယ်ထည့်၍ ထန်းလျက်(၂)လုံးခန့် ထည့်ထားလိုက်ပါ။

၃။ ကန်စွန်းရွက်ကို အစိမ်းရောင်လေးအတိုင်းပဲ စားချင်စဖွယ်ဖြစ်လိုပါက အဖုံးမအုပ်ဘဲ ကြော်ပါ။

၄။ ဒန်အိုးဒန်ခွက်များ ပြောင်စင်လိုပါက ဂေါ်ဖီထုတ်မှ အရွက်ကြမ်းဖြင့် ပွတ်တိုက်ပါ။

၅။ လက်ဘက်ရည်အိုး၊ ခွက်၊ အစွန်း အထင်းများ ပြောင်စင်လိုပါက ဆော်ဒါ(သို့မဟုတ်) လက်ချားအမှုန့် ထည့်ပြီး ညသိပ်ထားပါ။

၆။ အိမ်သာကြွေခွက်, ကျောက်ပြားများ သန့်ရှင်းလိုပါက လက်ချားမှုန့်နှင့်ရှောက်ရည် ရောစပ်ပြီး ပွတ်တိုက်ပါ။

၇။ ယင်ပေါလျှင် ဖယောင်းတိုင် (၂)တိုင် ထွန်းပါ။

၈။ အင်္ကျီကော်လံမှ ဆီချေးများကို ရှန်ပူခေါင်းလျှော်ရည်ဖြင့် ပွတ်တိုက်လျှော်ပါ။🍀🍀🍀

၉။ ပုရွက်ဆိတ်မလာလိုသော်.. ကန့်မှုတ်ကို နည်းနည်းဖြူးပေးပါ။

၁၀။ ဟင်းရဲ့အနံ့အသက် လက်မှာစွဲနေလျှင်.. မာလကာရွက်နဲ့ ပွတ်တိုက်ပေးပါ။

၁၁။ အာလူးနွမ်းပြီး မလတ်ဆတ်သော်.. မှန်ရောင်သကြားအနည်းငယ် ထည့်ပြီး ပြုတ်ပါ လတ်ဆတ် တဲ့အာလူပြုတ်လိုပဲ အရသာကောင်းပါလိမ့်မည်။

၁၂။ ဟင်းချိုလိုသော်.. ဘူးသီးခြောက်ခတ်ပြီး သောက်ရင်ချိုပါသည်။

၁၃။ မီးပူလောင်သော် ကွမ်းရွက်နဲ့သကြားကို ရောကြိတ်ပြီး အုံပါ။

၁၄။ အဝတ်မှင်စွန်းသော်.. ရေနံဆီသန့်သန့် အစက်ချဆွတ်ပြီး ဆပ်ပြာနဲ့လျှော်ဖွတ်ပါ။

၁၅။ ကြမ်းပိုးရှိသော်.. ရေနံဆီနဲ့ မကြာမကြာ ကြမ်းတိုက်ပါ။

၁၆။ ခံတွင်းနံ့မကောင်းသော်...သွားပွတ်တံမှာ ပရုတ်ရည် တစ်စက်နှစ်စက်ထည့်ပြီး သွားတိုက်ပါ။ (သို့မဟုတ်)
ပရုတ်မှုန့်ထည့့်ပြီး သွားတိုက်ပါ။

၁၇။ ဟင်းများဆားငန်သော်.. မီးခဲရဲရဲ တစ်ခဲထည့်ပါ။ (၂)မိနစ်ခန့်ကြာ၌ယြ ပြန်ထုတ်ယူပါ။

၁၈။ ကွမ်းသွေးစွန်းသော်.. ခရမ်းချဉ်သီး ပွတ်တိုက်ပေးပြီး လျှော်ပါ။

၁၉။ နွားနို့မချဉ်အောင်ထားလိုသော်.. နွားနို့ထဲသို့ ငရုတ်သီးစိမ်း(၃)တောင့် အညှာဖြုတ်ပြီး ထည့်ထားပါ။

၂၀။ ပရွတ်ဆိတ်များ မလာလိုသော်.. သခွားသီးအား ပါးပါးလှီးပြီး ချထားပါ။🍓🍓🍓

၂၁။ ဖန်ဖွက်ထဲ ရေနွေးပူပူထည့်လိုသော်.. ဇွန်းတစ်ချောင်းကို ဖန်ခွက်ထဲအရင်ထည့်ပြီး ရေနွေးပူပူ ဖြေးဖြေးထည့်ပါ။

၂၂။ သံချေးစွန်းသော်.. အကြမ်းပန်းကန်တစ်လုံးခန့် ဆန်ပြုတ်၍ စွန်းသောအဝတ်ကို (၅)နာရီခန့်စိမ်ပြီး ဆပ်ပြာဖြင့် ဖွတ်လျှော်ပါ။

၂၃။ ကြွက်များပြေးလိုသော်.. ရှိန်းခိုကို ရေဖျော်၍ ကြွက်လာလမ်းတွင် ဖျန်းထားပါ။

၂၄။ ခေါင်းတစ်ခြမ်းကိုက်သော်.. ထောပတ်အနည်းငယ် ရှူပါ။

၂၅။ ဒူးရင်းသီးတောက်သော်.. ဒူးရင်းသီးအခွံထဲ ရေထည့်၍ သောက်ပါ။ ရေဝအောင်ချိုး၊ မင်းကွတ်သီးစားပေးခြင်းတို့ဖြင့် ပျောက်ကင်းပါသည်။

၂၆။ ပိုးဟပ်ပြေးလိုသော်.. လေးညှင်းပွင့်များထောင်း၍ ဖြူးထားပါ။

၂၇။ မှိုနှင့်တညင်းသီး တောက်သော်.. တောက်တာဥကို ဆန်ဆေးရည်နှင့်သွေး၍ သောက်ပါ။

၂၈။ သံပုရာသီး ကြာရှည်ထားလိုသော်.. ပုလင်းသန့်သန့်ဖြင့် လေလုံအောင်ထားပါ။

၂၉။ ခေါင်းကိုက်သော်.. လက်ဘက်ရည်ကျကျ ကျိုပြီးသားထဲ သံပုရာရည်ညှစ်ပြီး သောက်ပါ။

၃၀။ မျက်နှာလှပလိုသော်.. မျက်နှာမသစ်မီ သံပုရာသီးကို ထက်ခြမ်းခွဲ၍ မျက်နှာပွတ်ပေးပြီး ရေနွေးနွေးဖြင့်ဆေးပါ။ အဖုအပိမ့်ကင်းစင်ပြီး ချောမွေ့စေမည်။

၃၁။ ခရီးသွား ကားမူးသော်.. ချက်ကို ပလာစတာလုံအောင် အုပ်/ကပ်ပြီး ခရီးသွား ကားမမူးပါ။

၃၂။ ဆီးချိုရောဂါ အမြစ်ပြတ်လိုသော်.. ဆလတ်ရွက်ကို နေ့စဉ်ထမင်းစားတိုင်း တို့စရာအဖြစ် စားပါ။

၃၃။ ရှောက်ပင်အသီးတင်လိုသော်.. ပင်စည်ကို အမဲရိုးများနဲ့ ကြပ်စည်းပေးပါ။

၃၄။ ဒူးနာသော်.. ဘဲဥအကာလိမ်းပါ။

၃၅~ရောင်ရမ်းနေသော ဒဏ်ရာများအတွက် ရွက်ကျပင်ရွက်ကို မီးကင်၍ ဒဏ်ရာပေါ်ကို ကပ်ပေးပါက သက်သာပျောက်ကင်းပါသည်။

၃6။ အနံ့ဆိုးကင်းလိုသော်.. အိမ်သာ(သို့မဟုတ်) ငါးပိ, ငါးခြောက်ထားရာ လူမမာရှိရာအိမ်၏ မီဖိုချောင်ထဲမှာ ကျောက်ဖရုံသီးကို အပ်များဖြင့် အပေါက်ဖောက်၍ ချိတ်ဆွဲထားပါ။ ကျောက်ဖရုံသီးကား ညှော်နံ့နှင့် အနံ့ဆိုးများကို စုပ်ယူသည်။

🍀🍀🍀🍀🍀🍒🍒🍒🍀🍀🍀🍀🍀

လေးစားစွာဖြင့်မူရင်းရေးသားသူကို credit ပေးပါတယ်

31/10/2025

စပိုက်စီခေါက်ဆွဲထဲကို ဝဥ လေးထည့်ပြုတ်ပြီး သုပ်စား

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Guys in the Kitchenผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์