ATI’s Fingerprints

ATI’s Fingerprints Live, Healthy, Happy & Eat

Hello အားလုံးပဲ မင်္ဂလာပါခင်ဗျာ !ATI’s Fingerprints မှ ကြိုဆိုပါတယ် 🥘ဒီနေ့မိတ်ဆက်ပေးမယ့် ဟင်းပွဲလေးကတော့ ခါတိုင်းလို ဟင်...
16/09/2023

Hello အားလုံးပဲ မင်္ဂလာပါခင်ဗျာ !
ATI’s Fingerprints မှ ကြိုဆိုပါတယ် 🥘

ဒီနေ့မိတ်ဆက်ပေးမယ့် ဟင်းပွဲလေးကတော့
ခါတိုင်းလို ဟင်းပွဲလေးတွေ မဟုတ်ပဲနဲ့ မနက်ခင်းစာအတွက်
စားနိုင်တဲ့ “ Pancakes 🥞 “ လေးပါပဲ …

European Breakfast menu တွေမှာ မပါမဖြစ် ပါပြီး နှစ်ခြိုက်စွာ စားသုံးကြတဲ့ အစားအစာတစ်မျိုးပဲ ဖြစ်ပါတယ် … ထူးထူးဆန်းဆန်း မနက်စာကို အနောက်တိုင်းဆန်ဆန် စားရတာ သဘောကျတဲ့သူတွေအတွက် မိမိတို့အိမ်မှာပဲ လွယ်ကူမြန်ဆန်စွာ ပြုလုပ်စားသုံးနိုင်မယ့် မနက်စာတစ်မျိုးပေါ့နော် … အပေါ်ကနေ ပျားရည် စမ်းပြီးလည်း စားလို့ရသလို … မိမိတို့ ကြိုက်နှစ်သက်တဲ့ အသီးအနှံတွေနဲ့ တွဲဖက်ပြီး စားရင် အရမ်းစားကောင်းပါတယ်ဗျ… 😋

ပါဝင်ပစ္စည်းတွေအနေနဲ့ကတော့ …
- Pancakes mix ( city mart တွေမှာ အလွယ်တကူ ဝယ်လို့ရပါတယ် )
-ကြက်ဥ
- နွားနို့
ဒီ ပါဝင်ပစ္စည်း ၃ မျိုးကို သမအောင်မွှေပြီး မုန့်အနှစ် မပျစ်မကျဲအနေအထား ရလာရင် ၁၅ မိနစ်ခန့် နှပ်ထားရပါမယ် … မကပ်အိုးကို မီးအပူချိန် medium heat ထားပြီး pancake 🥞 တစ်ခုချင်းစီကို တစ်ဖက် ၁ မိနစ်ခန့်ထားပြီး အလွယ်တကူပဲ စားသုံးနိုင်ပြီဖြစ်ပါတယ် ခင်ဗျာ…

အားလုံးပဲ ဒီဟင်းပွဲလေးကို
အလွယ်တကူလိုက်ချက်ကြည့်ပြီး
အဆင်ပြေဖို့မျှော်လင့်ပါတယ် 😋

နောက်ထပ် လွယ်ကူလျှင်မြန်စွာချက်ပြုတ်နိုင်တဲ့ဟင်းပွဲတွေနဲ့ပြန်လာခဲ့ပါမယ် see you 👨🏻‍🍳

’sfingerprints

Hello အားလုံးပဲ မင်္ဂလာပါခင်ဗျာ !ATI’s Fingerprints မှ ကြိုဆိုပါတယ် 🥘ဒီနေ့မိတ်ဆက်ပေးရမယ့် ဟင်းပွဲလေးကတော့ “ ဝက်နံရိုးကြေ...
09/09/2023

Hello အားလုံးပဲ မင်္ဂလာပါခင်ဗျာ !
ATI’s Fingerprints မှ ကြိုဆိုပါတယ် 🥘

ဒီနေ့မိတ်ဆက်ပေးရမယ့်
ဟင်းပွဲလေးကတော့ “ ဝက်နံရိုးကြော် “ ဖြစ်ပါတယ်ဗျ….

ဝက်နံရိုးကြော်ကို ပါဝင်ပစ္စည်းနည်းနည်းနဲ့အိမ်မှာတင်ပဲ
ကိုယ်တိုင် လွယ်ကူမြန်ဆန်စွာ Restaurant တွေရဲ့အရသာ
အတိုင်း ကြော်နိုင်ပါတယ် … ✨

ထမင်းနဲ့ တွဲဖက်စားလို့လည်းရ.. ဝါသနာပါလို့ပဲဖြစ်ဖြစ် ဘော်ဒါတွေနဲ့ chill ဖို့အမြည်းအနေနဲ့ဖြစ်ဖြစ် ကိုယ်တိုင် ကြော်ရင် ဆိုင်တွေမှာထက်ပိုပြီး
အများကြီးရတဲ့အတွက် အိမ်မှာကြော်စားတာ
ပို အိုကေတယ်ခင်ဗျာ 😉

ပါဝင်ပစ္စည်းလေးအနေနဲ့ကတော့ -
- ဝက်နံရိုး
- ကြက်သွန်ဖြူ နဲ့
ဝက်နံရိုးကို အရသာနှပ်ဖို့အတွက်
- သကြား
- ကြက်သားမှုန့်
- ကြက်ဥ ၁ လုံး
- ဂျုံမှုန့်
- ခရုဆီ
- တရုတ်ဟင်းချက်ဝိုင်
- ပဲငံပြာရည် အနည်းငယ်
ထည့်၍သမအောင်မွှေပြီး ၃ နာရီကနေ ၆ နာရီလောက် နှပ်ထားပေးဖို့အတွက် လိုအပ်ပါတယ် …
အချိန်ကြာကြာနှပ်ထားပေးလေလေ အသားပိုနူးညံ့ပြီး အရသာတွေစိမ့်ဝင်လို့ ပိုပြီး စားကောင်းစေတယ်~~~~~

ဝက်နံရိုးကို ကြော်ပြီဆိုရင်တော့ ဆီများများနဲ့ deep fried ကြော်ပေးဖို့အတွက် လိုအပ်ပါတယ် ..

မီးအနေအထားကိုလည်း အရမ်းမပြင်းပဲ medium high နဲ့ အချိန်ကြာကြာလေး
စိတ်ရှည်ရှည်နဲ့ ရွှေညိုရောင်သမ်းတဲ့အနေထားထိ
ကြော်ပေးမယ်ဆိုရင် ကြွပ်ကြွပ်ရွရွ လျှာလည်စေမှာပါဗျာ 😋

အားလုံးပဲ ဒီဟင်းပွဲလေးကို
အလွယ်တကူလိုက်ချက်ကြည့်ပြီး
အဆင်ပြေဖို့မျှော်လင့်ပါတယ် 😋

နောက်ထပ် လွယ်ကူလျှင်မြန်စွာချက်ပြုတ်နိုင်တဲ့ဟင်းပွဲတွေနဲ့ပြန်လာခဲ့ပါမယ် see you 👨🏻‍🍳

’sfingerprints

Hello  အားလုံးပဲ မင်္ဂလာပါခင်ဗျာ !ATI’s Fingerprints မှကြိုဆိုပါတယ် 🥘ဒီနေ့မိတ်ဆက်ပေးမယ့် ဟင်းပွဲလေးကတော့ Classic French ...
06/09/2023

Hello အားလုံးပဲ မင်္ဂလာပါခင်ဗျာ !
ATI’s Fingerprints မှကြိုဆိုပါတယ် 🥘

ဒီနေ့မိတ်ဆက်ပေးမယ့် ဟင်းပွဲလေးကတော့
Classic French Omelette လေးပဲ ဖြစ်ပါတယ်
Omelette လေးတွေကို မနက်စာအနေနဲ့ အဓိကထား စားသုံးကြပြီးတော့ European Breakfast, American Breakfast တွေမှာ မပါမဖြစ် ပါဝင်တဲ့ အစားအစာတစ်မျိုးလို့ မှတ်ယူလို့ရပါတယ် … 🍳

အခု Classic French Omelette လေးကတော့
အိမ်မှာတင်ပဲ မိမိကိုယ်တိုင် လွယ်ကူလျှင်မြန်စွာ
အချိန်အားဖြင့် ၃ မိနစ်ကနေ ၅ မိနစ်ခန့်သာ
ပြုလုပ်ဖို့ လိုအပ်မှာဖြစ်ပြီး စားသုံးနိုင်ပါမယ်ခင်ဗျာ …

ပါဝင်ပစ္စည်းလေး အနေနဲ့ကတော့

- ကြက်ဥ ( ၃ လုံး )
- ကြက်သွန်မြိတ် အနည်းငယ်
- ထောပတ် ၂ တုံး ခန့်

ကြက်ဥ ( ၃ လုံး ) ကို ပန်းကန်လုံးထဲမှာ ဆား ၊ ငရုတ်ကောင်း ၊ ကြက်သွန်မြိတ်လေးတွေ ရောထည့်ပြီးတော့ သေချာလေး သမအောင် မွှေပေးရပါမယ် …

မကပ်အိုးကို မီးဖိုပေါ်မှာ အပူချိန် medium high ပေးပြီးတော့ တင်ရပါမယ် … အိုး ပူလာပြီဆိုလျှင် ထောပတ် လက် ၁ ဆစ်ခန့် ၂ တုံးကို အိုးထဲထည့်ရပါမယ် … ထောပတ်တုံးလေးတွေ အရည်ပျော်ပြီး ပူစီဖောင်းလေးတွေ ထလာပြီဆိုမှ ကြက်ဥလေးတွေကို ထည့်ပြီး ၁ မိနစ်ခန့် အဆက်မပျက် မွှေပေးရပါမယ် … ကြက်ဥ အောက်အသားလေးတွေ ကျက်ပြီဆိုလျှင် Omelette ပုံစံအလိပ်ကလေး လိပ်၍ စားသုံးနိုင်ပါပြီပဲ ဖြစ်ပါတယ်ခင်ဗျာ …

အားလုံးပဲ ဒီဟင်းပွဲလေးကို
အလွယ်တကူလိုက်ချက်ကြည့်ပြီး
အဆင်ပြေဖို့မျှော်လင့်ပါတယ် 😋

နောက်ထပ် လွယ်ကူလျှင်မြန်စွာချက်ပြုတ်နိုင်တဲ့ဟင်းပွဲတွေနဲ့ပြန်လာခဲ့ပါမယ် see you 👨🏻‍🍳

’sfingerprints

Hello အားလုံးပဲ မင်္ဂလာပါခင်ဗျာ ! ATI’s Fingerprints မှ ကြိုဆိုပါတယ် 🥘ဒီနေ့ ATI’s Fingerprints ရဲ့ပထမဆုံး မိတ်ဆက်ပေးမယ့်...
03/09/2023

Hello အားလုံးပဲ မင်္ဂလာပါခင်ဗျာ !
ATI’s Fingerprints မှ ကြိုဆိုပါတယ် 🥘

ဒီနေ့ ATI’s Fingerprints ရဲ့ပထမဆုံး မိတ်ဆက်ပေးမယ့် ဟင်းပွဲလေးကတော့ ငါးရှဉ့်ခြောက်စပ်ဟင်းပွဲလေး
ဖြစ်ပါတယ်…

"ငါးရှဉ့်ကို စားသုံးခြင်းအားဖြင့် သွေးအားကို အလွန်ကောင်းမွန်စေပါတယ် ၊ ခန္ဓာကိုယ်တွင်း သံဓာတ်အားနည်းလို့ သွေးအားနည်းသူတွေအတွက် အားပြည့်စေပြီး ၊
အမျိုးသားများအတွက်လည်း သင့်လျော်ပြီး
အားကောင်းစေသော ~အစာလည်းဆေး ဆေးလည်းအစာ ~ဆိုသော ဟင်းလျှာတစ်မျိုး ဖြစ်ပါတယ် "

ဒီဟင်းပွဲလေးမှာ အဓိကပါဝင်ပစ္စည်းများကတော့
- သန့်စင်ပြီးသား ငါးရှဉ့် 🐟
- ကြက်သွန်နီ 🧅
- ဂျင်း 🫚
- ရှမ်းနံနံ 🌿
- ငရုတ်သီးခွဲကြမ်းမှုန့် 🌶️
အနည်းငယ် စသည်ဖြင့်အသုံးပြုထားပါတယ် .

အားလုံးပဲ ဒီဟင်းပွဲလေးကို
အလွယ်တကူလိုက်ချက်ကြည့်ပြီး
အဆင်ပြေဖို့မျှော်လင့်ပါတယ် 😋

နောက်ထပ် လွယ်ကူလျှင်မြန်စွာချက်ပြုတ်နိုင်တဲ့ဟင်းပွဲတွေနဲ့ပြန်လာခဲ့ပါမယ် see you 👨🏻‍🍳

’sfingerprints

ที่อยู่

Bangkok
10100

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ATI’s Fingerprintsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์