Waee Declutters Decluttering and organizing service.

20/04/2025

လတ်တလော ကြက်သွန်မြိတ်ပင်လေးတွေစိုက်ထားတာပါ 🪴

ဖုန်မတက်အောင်ပစ္စည်းထားနည်းလေထုထဲဖုန်များတဲ့နိုင်ငံမှာနေသရွေ့ ဖုန်တွေနဲ့ရင်ဆိုင်ရမှာပါပဲ ဒါပေမယ့် ပစ္စည်းတွေကို တကယ်လိုသ...
25/03/2025

ဖုန်မတက်အောင်ပစ္စည်းထားနည်း

လေထုထဲဖုန်များတဲ့နိုင်ငံမှာနေသရွေ့ ဖုန်တွေနဲ့ရင်ဆိုင်ရမှာပါပဲ ဒါပေမယ့် ပစ္စည်းတွေကို တကယ်လိုသလောက်ပဲအပြင်မှာထားမယ်ဆို ဖုန်ကိုလျှော့ချနိုင်ပါတယ်

⁃ လျှော်ပြီးသား/ဝတ်လက်စ အဝတ်အစားတွေကို ဗီရိုထဲပဲ သပ်သပ်ထားပါ
⁃ အလှပြင်ပစ္စည်းတွေကို တတ်နိုင်ရင် ဗီရိုထဲပဲ in-closet dressing table လုပ်ထားပါ
⁃ သို့မဟုတ် အဖုံးပါတဲ့ပုံး/အဆင့်အံဆွဲတွေနဲ့ထားပါ
⁃ စားပွဲခုံပေါ်အရေးကြီးပစ္စည်းကလွဲကျန်တာအကုန်လုံတဲ့နေရာမှာသိမ်းပါ
⁃ ပန်းကန်စင်ကိုအဖုံးပါတာသုံးပါ
⁃ စားစရာအခြောက်အခြမ်း/သိပ်မသုံးတဲ့အိုးခွက်တွေကိုလဲ နောက်ဖေးဗီရိုတံခါးပိတ်လို့ရတဲ့အထဲကိုပဲထားပါ
⁃ ဖိနပ်တွေကိုလဲဖုန်မဝင်နိုင်တဲ့အကန့်တွေ ဗီရိုတွေထဲထားပါ
⁃ အရုပ်တွေနဲ့သိမ်းထားမယ့်အမှတ်တရပစ္စည်းတွေအကုန်လုံခြုံတဲ့အကန့်ထဲထည့်သိမ်းပါ
⁃ အကယ်၍ဗီရိုအပေါ်မှာထားမယ် ဗီရိုထဲမဆန့်လို့အပြင်မှာထားမယ်ဆိုရင် ပလတ်စတစ်အိတ်တွေနဲ့လုံအောင်စွပ်တာ စက္ကူပုံး/ပလတ်စတစ်ပုံးတွေနဲ့လုံအောင်ထည့်တာမျိုးလုပ်ပါ

ဒီလောက်ဆို ဖုန်တက်နိုင်မယ့် ဧရိယာနည်းပြီး သန့်ရှင်းရေးလုပ်ရတာလဲလွယ်ကူမြန်ဆန်စေမှာပါ

Waee ✨

လူတွေသန့်ရှင်းရေးလုပ်ဖို့ မေ့နေတတ်တဲ့နေရာတွေ ⁃ ဆပ်ပြာခွက်တွေထဲမှာ ထူပြီးတက်နေတဲ့ ဂျွတ်တွေ  ⁃ သွားတိုက်တံ သွားတိုက်ဆေးထည့...
26/02/2025

လူတွေသန့်ရှင်းရေးလုပ်ဖို့ မေ့နေတတ်တဲ့နေရာတွေ

⁃ ဆပ်ပြာခွက်တွေထဲမှာ ထူပြီးတက်နေတဲ့ ဂျွတ်တွေ
⁃ သွားတိုက်တံ သွားတိုက်ဆေးထည့်တဲ့ခြင်းတွေခွက်တွေထဲက ဂျွတ်တွေ
⁃ ရေချိုးဆပ်ပြာ ခေါင်းလျှော်ရည်ပုလင်းတွေအောက်က ဂျွတ်တွေ
⁃ နေ့တိုင်းသုံးပေမယ့် အတွင်းမှာချွဲပြီးအညှိတက်နေတဲ့ ရေခွက် ရေပုံးတွေ
⁃ ရေချိုးခန်း/မီးဖိုခန်း ရေဆင်းပေါက်ဇကာတွေ
⁃ ပန်းကန်စင်အောက်ခံအပြားထဲက ရေနဲ့အနည်တွေ
⁃ အဝတ်လျှော်စက် filter ထဲမှာကပ်နေတဲ့အနည်အဖတ်တွေ
- ခြေထောက်တောင်သုတ်လို့မကောင်းတော့တဲ့ ဂျီးအထပ်ထပ်ခြေသုတ်ဝတ်တွေ
⁃ ဆိုဖာအောက် ကုတင်အောက်က ဖုန်လိပ် ကျပ်ခိုးလိပ်တွေ
⁃ ဖိနပ်စင်ထဲက သဲတွေ ခဲလုံးတွေ
⁃ ဖုန်းအားသွင်းကြိုးတွေ ခေါင်းတွေမှာတက်လာတဲ့ဂျီးတွေ
⁃ ဘာရှိသေးလဲဟင်?...

Waee ✨

နဲနဲချင်းပုံမှန်လေးအားစိုက်မလား တစ်ခါတစ်လေမှအများကြီးအားစိုက်မလား?ကိုယ့်အိမ်ကိုရှင်းနေကျ သန့်အောင်ထားနေကျမဟုတ်ရင် တကယ်ရှ...
19/02/2025

နဲနဲချင်းပုံမှန်လေးအားစိုက်မလား တစ်ခါတစ်လေမှအများကြီးအားစိုက်မလား?

ကိုယ့်အိမ်ကိုရှင်းနေကျ သန့်အောင်ထားနေကျမဟုတ်ရင် တကယ်ရှင်းမယ်ဆိုမှ တစ်အိမ်လုံးကိုကြည့်ပြီး ဘယ်ကစလုပ်ရမှန်းမသိ ရှင်းရမှာအများကြီး စိတ်ဓါတ်ပါကျတတ်ပါတယ် အဲဒါပုံမှန်လေး အိမ်အတွက်အချိန်မပေးလို့ပါ

ကိုယ့်အိမ် ကိုယ့်အခန်းမှာ ဘယ်လောက်တော့ပေးမညစ်ပတ်ဘူး ဘယ်လောက်တော့ပေးမရှုပ်ဘူးဆိုတဲ့ စည်းကမ်းလေးထားရင် အဆင်ပြေပါတယ်

- အမှိုက်ပုံးမှာ အမှိုက်တွေပြည့်တာနဲ့ အောက်ဆင်းရင်း ပစ်တဲ့အကျင့်လေးတွေ
- ရေခဲသေတ္တာဖွင့်တိုင်း ဘာတော့အရင်စားသင့်ပီ ဘာကတော့ ပစ်လိုက်သင့်ပီ ကြည့်တာမျိုး
- ညမအိပ်ခင်ဘေစင်ထဲဘာမှမရှိစေတာ ဆေးစရာပန်းကန်တွေဟင်းအိုးတွေ နောက်နေ့မကူးစေတာမျိုး
- အဝတ်အစားတွေ မလျှော်ခင်/လျှော်ပြီး အနဲဆုံး အဝတ်ခြင်းထဲထည့်တာ/ ဘီဒိုထဲထည့်တာမျိုး (အပြင်မှာ တန်းလန်း လုံးထွေးပြီးမရှိစေတာ)
- အိမ်သာသုံးပြီးတိုင်း ပေတာရှိရင် ရေပန်းနဲ့ဆေးလိုက်တာမျိုး
- ခေါင်းလျှော်ပြီးတိုင်း dryer မှုတ်ပြီးတိုင်း ကျခဲ့တဲ့ဆံပင်ချည်တွေစုကောက်ပြီး ပစ်တာမျိုး
⁃ အဓိကကတော့ အိမ်ရဲ့နေရာတိုင်းမှာ သုတ်ပြီးသားတစ်ရှူး မုန့်အခွံ ဘူးခွံ အမှိုက်အစအန ဘာမှမချန်ခဲ့ဘဲ တစ်ခါထဲအမှိုက်ပုံးထဲတန်းထည့်တာမျိုး
⁃ အကုန်လုံးကို တစ်ပြိုင်ထဲလုပ်စရာမလိုဘဲ အိပ်ရာခင်းညစ်ပတ်ရင် အိပ်ရာခင်းလျှော်လိုက်တာ လက်သုတ်ဝတ် ခြေစုတ်ဝတ်ညစ်ပတ်လာလို့လျှော်လိုက်တာ အိမ်သာဆေးဖို့လိုလာလို့ ဆေးလိုက်တာ မီးဖိုတွေ ဆေးကြောလိုက်တာ

အဲလိုလေးကြုံတဲ့အခါတိုင်း တစ်ခုချင်းသန့်ရှင်းတတ်တဲ့ အကျင့်လေးရသွားရင် နေမကောင်းလို့/စိတ်မပါလို့ သန့်ရှင်းရေးအများကြီးမလုပ်ဖြစ်ရင်တောင် ကိုယ့်အိမ်လေးက သူများလောက် မရှုပ်ပွ မညစ်ပတ်ဘဲ စနစ်တကျလေးဖြစ်နေမှာပါနော်

Waee ✨

အိမ်တွင်းအလေ့အကျင့်ကောင်းများအိမ်တွေမှာ ပုံမှန်သန့်ရှင်းရေးလုပ်တာအပြင် ရေရှည်မှာပိုထိရောက်စေတဲ့ အလေ့အကျင့်ကောင်းလေးတွေရှ...
10/09/2024

အိမ်တွင်းအလေ့အကျင့်ကောင်းများ

အိမ်တွေမှာ ပုံမှန်သန့်ရှင်းရေးလုပ်တာအပြင် ရေရှည်မှာပိုထိရောက်စေတဲ့ အလေ့အကျင့်ကောင်းလေးတွေရှိပါတယ်

⁃ ပန်းကန်ဆေးဖတ် ဖော့တွေမှာ ထမင်းလုံးနဲ့ဟင်းဖတ်တွေ မကပ်နေစေဘဲ သန့်အောင်ထားတာ၊ မဲလာဖွာလာတာနဲ့ အသစ်လဲပေးတာ
⁃ အရမ်းညှော်တဲ့ဆီကြော်လိုမျိုး ငပိပါတဲ့ဟင်းမျိုးချက်တဲ့အခါ အနံ့မစွဲအောင် တံခါးပေါက်တွေဖွင့် ပန်ကာဖွင့်ထားပေးတာမျိုး
⁃ ပလတ်စတစ်ဘူးတွေခွက်တွေဆေးပြီးရင် ရေသေချာအခြောက်ခံပြီးမှ သိမ်းတာ
⁃ ကြမ်းပြင်ပေါ် တစ်ခုခုအစက်ကျတာ ပေတာနဲ့ ချက်ချင်းပြန်သုတ်တာ
⁃ အနံပြင်းတဲ့စားစရာတွေ ရေခဲသေတ္တာထဲသိမ်းရင် အိတ်တစ်ထပ်စွပ်ပေးပြီးသိမ်းတာ
⁃ ချွေးစိုနေတဲ့အဝတ်စားတွေနဲ့ ခြေအိတ်တွေကို အခြောက်ခံပြီးမှ အဝတ်တောင်းထဲထည့်တာ
⁃ ရေစိုတဲ့တဘက်တွေကို လေတိုက်တဲ့နေရာမှာအရင်ထုတ်လှန်းပေးတာ

ဒါလေးတွေသတိထားပြီးလုပ်ပေးရင် အိမ်မှာအနံ့အသက်စွဲတာတော်တော်လေးလျှော့ချနိုင်မှာပါ

Waee ✨

Cleaning tips for home Part 3လှဲကျင်းဆေးကြောတာအပြင် အနံ့အသက်ကင်းအောင် အမြဲပုံမှန်လျှော်ဖွပ် လဲလှယ်ပေးရမယ့်အရာလေးတွေ ရှိပ...
03/09/2024

Cleaning tips for home Part 3

လှဲကျင်းဆေးကြောတာအပြင် အနံ့အသက်ကင်းအောင် အမြဲပုံမှန်လျှော်ဖွပ် လဲလှယ်ပေးရမယ့်အရာလေးတွေ ရှိပါသေးတယ်

တဘက် - ရေချိုးပြီးတိုင်းသုတ်တိုင်းမွှေးနေအောင် ၂ ပါတ် ၁ ခါတော့ လျှော်ဖွပ်လဲလှယ်သင့်ပါတယ်

လက်သုတ်ဝတ် - လက်ဆေးပြီးရင်ရေသုတ်ကြတဲ့ အဝတ်လေးတွေကိုလဲ ၂ ပါတ် ၁ခါလောက်လဲပေးပါ မဟုတ်ရင် အနံ့ထွက်လာတတ်ပါတယ်

ပန်းကန်သုတ်ဝတ် - ပန်းကန်ဆေးပြီးရင် ရေခြောက်အောင်သုတ်တဲ့အဝတ်လေးတွေလဲ တူတူပါပဲ

လက်နှီး - ဟင်းချက်ရင်းသုံးတဲ့လက်နှီးဝတ်တွေဆိုရင် ဟင်းအနံ့တွေ ဆီတွေပေပြီးပိုညစ်ပတ်လွယ်ပါတယ် အဝတ်အစားတွနဲ့ရောမလျှော်ပဲ ဆပ်ပြာမှုန့်နဲ့ သီးသန့်လျှော်ပေးပါ

ခြေသုတ်ခုံ - ရေချိုးခန်းအဝတွေမှာထားတဲ့ ရေစိုပြီးတိုင်းသုတ်တဲ့ ခြေသုတ်ဝတ်တွေကတော့ လူတွေ လျှော်ဖို့သတိတောင်မေ့နေကြပါတယ် ခြေထောက်ပဲသုတ်ပေမယ့် သန့်နေဖို့လိုပါတယ် သူလဲ ဆပ်ပြာမှုန့်နဲ့သီးသန့်လျှော်ဖွပ်ပေးပါ

ခေါင်းအုံးစွပ် ဖက်လုံးစွပ် အိပ်ရာခင်း စောင် တွေကိုတော့ ၁ လ ၁ ခါလောက် လျှော်ပြီးလဲပေးသင့်ပါတယ် နွေရာသီလို ချွေးထွက်များတဲ့ကာလတွေမှာ ပိုလဲပေးသင့်ပါတယ်

ဒီလောက်ဆိုရင် အမြဲသန့်ရှင်း
သပ်ရပ်တဲ့အိမ်လေးဖြစ်လာမှာပါ

Waee ✨

Cleaning tips for homes Part 2ဖုန်သုတ် - အလျားလိုက်မျက်နှာပြင်တွေအကုန်လုံးမှာ ဖုန်ထုလိုက်ထည်လိုက်တက်ပါတယ် ပရိဘောဂအကုန်လု...
30/08/2024

Cleaning tips for homes Part 2

ဖုန်သုတ် - အလျားလိုက်မျက်နှာပြင်တွေအကုန်လုံးမှာ ဖုန်ထုလိုက်ထည်လိုက်တက်ပါတယ် ပရိဘောဂအကုန်လုံးမဟုတ်ရင်တောင် နေ့တိုင်းလူသုံးနေတဲ့ တီဗီစင် စာကြည့်စားပွဲ မှန်တင်ခုံ ဆိုဖာပေါ် စတဲ့နေရာတွေကိုလဲ ၁ ပါတ် ၁ ခါ လောက်ရေစိုဝတ်နဲ့ သုတ်ပေးသင့်ပါတယ် ပြီးရင်ရေကွက်မကျန်အောင် အဝတ်ခြောက်နဲ့ပြန်သုတ်ပေးပါ

မှန်တံခါးတွေ မှန်ပြတင်းပေါက်တွေကိုတော့ ၁ လ ၁ ခါလောက် မှန်ကြည်ဆေးရည်နဲ့ အဝတ်သုံးပြီးသေချာသုတ်ပေးသင့်ပါတယ် ဒါမှ ကြည်လင်နေမှာပါ

မိုးတွင်းအစိုဓါတ်အရမ်းများရင်တော့ သစ်သားတံခါးတွေမှာပါ ဖုန်နဲ့မှိုပေါင်းပြီး အမဲကွက်တွေတက်လာတတ်ပါတယ် အဲဒါတွေကိုတော့ ရေစိုဝတ်ရယ် အဝတ်ခြောက်ရယ်သုံးပြီး သုတ်ပေးရပါမယ်

ဘေစင် - မီးဖိုချောင်ကဘေစင်ရော ရေချိုးခန်းထဲကလက်ဆေးဘေစင်မှာလဲ မဆေးတာကြာရင် အညှိတွေတက်လာတတ်ပါတယ် ဆပ်ပြာရယ် စတီးခွေရယ်သုံးပြီး တိုက်ချွတ်ပေးရပါမယ်

မီးဖိုချောင် - မီးဖိုချောင်မှာ ဟင်းချက်ပြီးရင်လဲ ဆီစင်တဲ့နေရာတွေ အစက်ကျတဲ့နေရာတွေအကုန် ဆပ်ပြာနဲ့ဆေးကြောပြီး ခြောက်အောင်ပြန်သုတ်သင့်ပါတယ် ဒါမှ ဟင်းဆီနံ့မကျန်ဘဲ အကောင်ပလောင်တွေလဲ မလာမှာပါ

စားကြွင်းစားကျန်လဲ မချန်ဘဲ ပစ်စရာရှိတာပစ်ပြီး သိမ်းစရာရှိတာ ရေခဲသေတ္တာထဲလုံအောင်သိမ်းရင် မီးဖိုချောင်လေးက သန့်ရှင်းသန့်ပြန့်နေမှာပါ

အမှိုက် - နောက်ဆုံးကတော့ အိမ်မှာထွက်သမျှ အမှိုက်အကုန်လုံးကို ရက်ကြာကြာမထားဘဲ သေချာထုပ်ပိုးပြီးစနစ်တကျလွှတ်ပစ်သင့်ပါတယ် စားကြွင်းစားကျန်တွေ အနံံထွက်တာ အရည်ထွက်တာတွေဆို ၂ထပ် ၃ထပ်လုံအောင်ထုပ်ပိုးပြီး ပစ်သင့်ပါတယ်

ဒါတွေက နေ့တိုင်းလုပ်ဖို့မလိုပါဘူး ၁ပါတ် ၁ခါ၊ ၂ပါတ် ၁ခါ၊ ၁လ ၁ခါလုပ်ဖို့ schedule ချထားပြီးလုပ်ရင်ရပါပြီနော်

Waee ✨

Cleaning tips for home Part 1အိမ်တွေမှာ သန့်ရှင်းရေးလိုပြောလိုက်ရင် အများစုက တံမြက်စည်းလှဲမယ် သို့ ဖုန်စုပ်စက်နဲ့စုပ်မယ်...
28/08/2024

Cleaning tips for home Part 1

အိမ်တွေမှာ သန့်ရှင်းရေးလိုပြောလိုက်ရင် အများစုက တံမြက်စည်းလှဲမယ် သို့ ဖုန်စုပ်စက်နဲ့စုပ်မယ် ဒါလောက်ပဲ ပြေးမြင်ကြတာများပါတယ် နေ့တိုင်းလုပ်နိုင်တာလဲ ဒါလောက်ပါပဲ

တကယ်တော့ ဒီတစ်ခုထဲနဲ့မလုံလောက်ပါဘူး ကိုယ်နေတဲ့အိမ်လေး အခန်းလေးမှာ ဇိမ်ကျကျ သန့်သန့်ရှင်းရှင်းနေရဖို့ဆို ဒါတွေအားလုံးလိုအပ်ပါတယ်

တံမြက်စည်းလှဲ သို့ ဖုန်းစုပ် ကတော့ အနဲဆုံး ၂ ရက် ၃ ရက်တစ်ခါတော့လုပ်သင့်ပါတယ် ဒါမှ ဖုန်နဲ့သဲတွေ ဆံပင်ချည်နဲ့အမှိုက်တွေပုံမလာမှာပါ

ကြမ်းသုတ် - တံမြက်စည်းလှဲ ဖုန်စုပ်ရုံနဲ့ ကြမ်းပေါ်က သဲတွေ အမှိုက်တွေပါသွားပေမယ့် ဖုန်တွေတော့ကပ်ကျန်ခဲ့ပါသေးတယ် ဒါကြောင့် ခြေဖဝါးတွေမှာအမဲတွေဖြစ်နေတာပါ ဖုန်တွေက ကြမ်းသုတ်ပစ်မှ ပြောင်တာပါ ၁ ပါတ်ကို ၁ ခါလောက်တော့ ကြမ်းသုတ်ပေးသင့်ပါတယ်

ရေချိုးခန်း - ရေချိုးခန်း နံရံကြွေပြားတွေမှာ ရေဂျိုးတွေ အညှိတွေကပ်တာကြာရင် ဝါလာမဲလာပြီး ကြမ်းပြင်တွေဆို ချွဲကျိလာတတ်ပါတယ် ဆပ်ပြာနဲ့ brush သုံးပြီး ၁ ပါတ် ၁ ခါလောက်တိုက်သင့်ပါတယ်

ရေချိုးပစ္စည်းတွေထားတဲ့ စင်တွေ ခြင်းတောင်းတွေကိုလဲ brush နဲ့တိုက်ဆေးရပါမယ် ဆပ်ပြာရည် ခေါင်းလျှော်ရည် ပုလင်းတွေရဲ့ဖင်အောက်ခြေတွေကိုပါ တိုက်ချွတ်ဆေးရပါမယ်

အိမ်သာ - အိမ်သာကတော့ သန့်ရှင်းရေးမလုပ်ရင် ညစ်ပတ်တာအသိသာဆုံးဖြစ်တဲ့နေရာပါပဲ အိမ်သာကြွေအိုးကို ၁ ပါတ် ၁ ခါတော့ ကြွေချေးချွတ်ဆေးနဲ့ brush သုံးပြီးဆေးပေးမှ ပြောင်စင်မှာပါ

Waee ✨

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Waee Decluttersผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

ประเภท