Let Khant Cook - CHEF KHANT

Let Khant Cook - CHEF KHANT ข้อมูลติดต่อ แผนที่และเส้นทาง แบบฟอร์มติดต่อ เวลาทำการ บริการ คะแนนรีวิว รูปภาพ วิดีโอ และข่าวสารจาก Let Khant Cook - CHEF KHANT, ห้องครัว/การทำอาหาร, 6 Soi Sangchai, Bangkok

ငံပြာရည်နဲ့လုပ်ထားတဲ့ Cheesecake လေးအကြောင်းရှင်းပြခြင်း2025 ChefKhant version 🔥🇲🇲 ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက်လေးပါFish...
13/01/2026

ငံပြာရည်နဲ့လုပ်ထားတဲ့ Cheesecake လေးအကြောင်းရှင်းပြခြင်း
2025 ChefKhant version 🔥
🇲🇲 ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက်လေးပါ

Fish Sacue Salted Caramel Burnt basque Cheesecake with Fish sauce Salted caramel chantilly ၊

ငံပြာရည် နဲ့ ချိစ့်ကိတ် လုပ်တယ်လို့ပြောရင် ရီချင်စရာလို့ပြောချင်ပြောနေမယ် ဒီကောင်ရူးနေတယ်လို့ ပြောချင်ပြောနေမယ် 😅 တကယ်လည်း ရူးနေတာပဲ ရူးသွပ်မှု passion ဒါပေမယ့် တကယ်ပါ
အသေးစိတ်ရှင်းပြရမယ်ဆိုရင်

ကျနော်တို့ရဲ့ Culinary Director လည်းဖြစ် Chef လည်းဖြစ်တဲ့ Chef Honey ဆီကနေ Chef Khant ရေ Fish Sauce နဲ့ Cheesecake စမ်းကြရအောင်ဆိုပီး အလုပ်လေးရလာတာနဲ့
ပထမဦးစွာ
အားလုံးသိပီးသား မုန့်လုပ်တဲ့သူတွေအများစုသိပီးသားဖြစ်တဲ့ Salted Caramel ဆိုတဲ့အရာကို salted ဆိုတဲ့ ဆားနေရာ အငံဓာတ်နေရာမှာ Fish Sauce ( ငံပြာရည် ) ကိုသုံးပီးလုပ်မယ်လို့ စဉ်းစားလိုက်တာပဲ ဘယ်လိုလုပ်မလဲကျနော်တွေးတဲ့ပုံက

Fish Sauce က အနံ့နဲ့ အရသာတော်တော်ပြင်းတာကိုး အာ့တာမို့ သူ့မှာပါတဲ့ အနံ့နဲ့အရသာပြင်းတာကိုလျှော့ချဖို့နည်းကို စဉ်းစားလိုက်ပီး Fish Sauce ကို pan ပေါ်မှာ low heat နဲ့ reduction လုပ်ပီး strong taste နဲ့ flavor percentage ကိုလျှော့ချလိုက်ပီး cool down လုပ်ထားလိုက်တယ် ပီးတာနဲ့ Salted Caramel လုပ်နေကြတိုင်းလုပ်ပီး ဆားထည့်ရတဲ့နေရာမှာ အစောက Reduce Fish Sauce ကိုထည့်လိုက်တာဗျ ဒါကတော့ ကျနော် တွေးမိပီးလုပ်ထားတဲ့နည်းလေးပါဗျ

ရလာတဲ့ Fish Sauce Salted Caramel လေးကိုမှ ကျနော့်ရဲ့ Burnt Basque Cheesecake လုပ်တဲ့ recipe ထဲကို ထည့်ပေါင်းပီးတော့မှ အသစ်စမ်းသစ်ထုတ်လုပ်ခဲ့တာလေးပါဗျ

Fish Sauce (ငံပြာရည်ဆိုတဲ့ အနံ့ပြင်းတာ တကယ်ကိုမရတော့တာပါ) 💯 အာမခံ
မြန်မာလူမျိုးတစ်ယောက်အနေနဲ့ နိုင်ငံခြားသားတွေပါ စားပီးကြိုက်သွားစေတဲ့အထိတော့ လုပ်နိုင်ခဲ့တာပဲဗျ

ဘေးနားမှာပေးတဲ့တွဲဖက်စားသုံးဖို့ cream လေးကလည်း fish sauce salted caramel ကို whip cream လေးနဲ့ Whipped လုပ်ပီး ပေးတာပါဗျ
Fish Sauce Salted Caramel Chantilly လေးပါ

🇲🇲 အိမ်နဲ့ဝေးရာမှာ ကြိုးစားဆဲ ကောင်လေးတစ်ယောက် CHEF KHANT

🇲🇲

ที่อยู่

6 Soi Sangchai
Bangkok
10110

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Let Khant Cook - CHEF KHANT โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์