31/12/2024
“ Bbq Sauce “ လုပ်နည်း
ကဲကဲ မနေ့ညက bbq လုပ်နည်းလေး တင်ပေးထားတာဆိုတော့ သူနဲ့ တွဲစားဖို့ sauce လေးကလည်း လိုဦးမယ်ဆိုတော့ ညနေအမှီ လုပ်နည်းလေးပြောပြပေးဦးမယ်နော် 🤗🤗🤗
ပုံ့ကတော့ ဒီတခါ အသင့်စားဆော့စ် မကြိုက်တဲ့သူလေးတွေ အတွက် မန်ကျည်းဆော့စ်လုပ်နည်းလေးကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်
ပါဝင်ပစ္စည်းလေးတွေကတော့
-သကြား တစ်ဇွန်း
-ဆန်လှော်မှုန့် အနည်းငယ်
-ရေနွေး ခွက်သေးတစ်ခွက်
-မန်ကျည်းသီး ကွမ်းသီးလုံးစာ
-ထန်းလျက် တစ်ခဲ
-ငံပြာရည် တစ်ဇွန်း
-ကြက်သွန်ဖြူ ၅မွှာ
-ငရုတ်သီးစိမ်း ၇တောင့်(အစပ်ကိုယ်စားနိုင်
သလောက်ချိန်ပြီးထည့်လို့ရပါတယ်)
-နံနံပင်အမြစ် အနည်းငယ်
-သံပုရာသီး တစ်လုံးတို့ပဲဖြစ်ပါတယ် 😇😇😇
ပုံကတော့ ဆန်လှော်မှုန့်ကို မွှေးဆန်လှော်မှုန့်မရှိလို့အိမ်က ထမင်းချက်တဲ့ ဆန်ကိုပဲ လှော်ပြီး ထောင်းသုံးလိုက်ပါတယ်ရှင့်🫶🫶(မထည့်လည်းရပါတယ်ရှင့်)
#ပုံံံံံံံ့ - Pont's Home Cook Diaries