Planet Food "No matter how long the storm lasts. the sun always shines behind the clouds."
(1)

ဝက်သားကြော်ကို မမာဘဲ နူးညံ့အိစက်နေအောင် ကြော်နိုင်မယ့် နည်းလမ်းကောင်းတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။�၁။ အသားရွေးချယ်မှ...
20/02/2026

ဝက်သားကြော်ကို မမာဘဲ နူးညံ့အိစက်နေအောင် ကြော်နိုင်မယ့် နည်းလမ်းကောင်းတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

�၁။ အသားရွေးချယ်မှုနှင့် လှီးဖြတ်ပုံ
ဝက်သားကြော်တဲ့အခါ အသားသီးသန့်ထက် အဆီအနည်းငယ်ပါတဲ့ အသား (သို့မဟုတ်) သုံးထပ်သား ကို ရွေးချယ်တာက ပိုပြီး နူးညံ့စေပါတယ်။
အသားလှီးတဲ့အခါ အမျှင်အတိုင်း မလှီးဘဲ အမျှင်ရဲ့ ကန့်လန့်ဖြတ် (Across the grain) လှီးပေးခြင်းက ဝါးရတာ ပိုမိုကောင်းမွန်စေပါတယ်။

၂။ အသားနှပ်နည်း
အသားထဲ အရသာစိမ့်ဝင်ပြီး ပျော့ပြောင်းသွားစေဖို့ အောက်ပါအတိုင်း နှပ်ထားပေးပါ။
ချင်း (ဂျင်း) ရည် နှင့် ကြက်သွန်ဖြူ- အသားညှီနံ့ကို ပျောက်စေပြီး အသားကို ပိုမိုနူးညံ့စေပါတယ်။
မုန့်ဖုတ်ဆိုဒါ (Baking Soda)- အသား ၁၀ သားခန့်ကို မုန့်ဖုတ်ဆိုဒါ အနည်းငယ် (လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ) ထည့်နှပ်ပေးရင် အသားမျှင်တွေကို ပြေလျော့စေလို့ တရုတ်ဟင်းလျာတွေလို နူးအိသွားစေပါတယ်။
ရှာလကာရည် (သို့မဟုတ်) သံပရာရည်- အက်ဆစ်ဓာတ် အနည်းငယ် ပါဝင်တာကြောင့် အသားကို ကျစ်မသွားစေဘဲ နူးညံ့စေပါတယ်။

၃။ ရေဖြင့် အရင်နူးအောင် တည်ခြင်း
ဒါကတော့ အသားကို မမာသွားစေဖို့ အထိရောက်ဆုံး လျှို့ဝှက်ချက်ပါ။
ဝက်သားကို ဆီနဲ့ တန်းမကြော်ဘဲ အိုးထဲမှာ ရေအနည်းငယ်ထည့်ကာ အဖုံးအုပ်ပြီး အသားနူးကာ ရေခန်းသည်အထိ အရင်တည်ပါ။
ရေခန်းပြီး အသားထဲက အဆီတွေ ထွက်လာမှ ဆီအနည်းငယ်ထည့်ကာ အပြင်သားလေး ရွှေအိုရောင်သန်းရုံ (ခဏမျှ) ကြော်ပေးပါ။

၄။ မီးအပူချိန် ထိန်းညှိခြင်း
မီးပြင်းလွန်းရင် အပြင်သားက ချက်ချင်းတူးပြီး အတွင်းက မကျက်တာမျိုး ဖြစ်တတ်သလို၊ မီးအေးလွန်းရင်လည်း အသားထဲက အရည်တွေ ခန်းခြောက်ပြီး မာသွားတတ်ပါတယ်။
မီးအလယ်အလတ် နဲ့ စိတ်ရှည်ရှည် ကြော်ပေးဖို့ လိုအပ်ပါတယ်။
လျှို့ဝှက်ချက်
အသားကို ကြာရှည်စွာ ကြော်ခြင်းက အသားထဲက စိုစွတ်မှုကို ခန်းခြောက်စေပြီး မာသွားစေတာကြောင့် ရေနဲ့ အရင်နူးအောင် တည်ပြီးမှ အရောင်တင်ရုံသာ ခဏကြော်ခြင်းက အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။
ဝက်သားကြော် တစ်နေကုန် အထားခံစေဖို့
အထက်ပါ "ရေခန်းအောင်တည်ပြီးမှ ခဏကြော်တဲ့နည်း" နဲ့ ဆိုရင်တော့ အောက်ပါအတိုင်း သတိပြုနိုင်ပါတယ် -
၁။ တစ်နေကုန် အထားခံနိုင်စွမ်း
သာမန်ရာသီဥတု- အေးမြတဲ့ အခန်းအပူချိန်မှာဆိုရင် မနက်ကတည်းက ကြော်ထားတာကို ညနေအထိ စားလို့ရပါတယ်။
ပူအိုက်တဲ့ ရာသီဥတု- အလွန်ပူတဲ့ ရာသီမှာဆိုရင်တော့ ဟင်းအိုးထဲမှာ အဖုံးပိတ်ထားရင် ညနေပိုင်းမှာ အနံ့ပြောင်းတာမျိုး ဖြစ်တတ်ပါတယ်။
၂။ ပိုပြီး အထားခံစေမယ့် နည်းလမ်းများ
ရေစင်အောင် ခန်းပါစေ- အသားနူးအောင် တည်တဲ့အခါ ရေဓာတ် လုံးဝမကျန်ဘဲ ဆီပဲ ကျန်တဲ့အထိ ကြော်ပေးတာက ဘက်တီးရီးယား ပေါက်ဖွားမှုကို တားဆီးပေးလို့ ပိုအထားခံပါတယ်။
ဆား အနည်းငယ် ပိုထည့်ပါ- ဆားဟာ သဘာဝတာရှည်ခံ ပစ္စည်းဖြစ်တာကြောင့် အနည်းငယ် ပိုနှပ်ပေးရင် ပိုခံပါတယ်။
အေးမှ အဖုံးအုပ်ပါ- ကြော်ပြီးပြီးချင်း ပူနေတုန်း အဖုံးအုပ်လိုက်ရင် အငွေ့ပြန်ပြီး ရေစက်တွေ ကျတတ်ပါတယ်။ အဲဒီ ရေငွေ့ကြောင့် ဟင်းက ပိုသိုးလွယ်ပါတယ်။ ဒါကြောင့် လုံးဝအေးသွားမှ အဖုံးအုပ်ပါ သို့မဟုတ် လေဝင်လေထွက်ရှိတဲ့ ခြင်းတောင်းနဲ့ အုပ်ထားပါ။
ရှာလကာရည် သုံးပါ- အသားနှပ်တဲ့အခါ ရှာလကာရည် ထည့်နှပ်တာက အသားနူးစေရုံတင်မကဘဲ ဟင်းကို သိုးခဲစေပါတယ်။
၃။ သိမ်းဆည်းခြင်း
ညနေအထိ မစားဖြစ်သေးဘူးဆိုရင်တော့ ရေခဲသေတ္တာထဲ ထည့်ထားတာ အစိတ်ချရဆုံးပါ။
စားခါနီးမှ မီးအေးအေးနဲ့ ခဏပြန်နွှေးလိုက်ရင် နဂိုအတိုင်း နူးနူးညံ့ညံ့ အရသာကို ပြန်ရပါလိမ့်မယ်။
ရေစင်အောင်ခန်းအောင် ကြော်ထားပြီး သေချာအအေးခံပြီးမှ သိမ်းမယ်ဆိုရင် တစ်နေကုန် (၁၂ နာရီဝန်းကျင်) ကောင်းကောင်း အထားခံပါတယ်။ အားလုံးသိသွားအောင် ရှဲပေးလိုက်ပါဦးနော်

28/03/2025

အာလုံးပဲ ဘေးကင်းကြပါစေ ...

Stay Safe 🌻

ကျောက်ကျောအမဲ (ခေါ်) လိပ်သဲလူအများသောက်သုံးနေကြတဲ့ မန်ကျည်းဖျော်ရည်၊ ကြံရည်၊ ဆေးကုလားမဖျော်ရည်၊ ဖာလူဒါ၊ နိုအေး၊ ရေခဲသုပ်...
06/03/2025

ကျောက်ကျောအမဲ (ခေါ်) လိပ်သဲ

လူအများသောက်သုံးနေကြတဲ့ မန်ကျည်းဖျော်ရည်၊ ကြံရည်၊ ဆေးကုလားမဖျော်ရည်၊ ဖာလူဒါ၊ နိုအေး၊ ရေခဲသုပ်၊ ရွှေရင်အေး အပြင် သီးသန့်ကျောက်ကျောဖျော်ရည်ဆိုပြီး သောက်ကြတဲ့ အမဲရောင်ကျောက်ကျောလေးတွေက 'ကျောက်ကျောပင်' ကရရှိကြတာဖြစ်ပါတယ်။

ကျောက်ကျောကို မွန်ပြည်နယ်ဘက်တွင် 'လိပ်သဲ' ဟုခေါ်ဆိုကြပြီး ရှမ်းပြည်ဘက်အခေါ်အရ "နမ့်ပင်တူး" ဆိုတဲ့ အပင်ကထုတ်ယူရရှိကြောင်းသိရပါသည်။ ကျောက်ကျော (ခေါ်) လိပ်သဲကို-

အင်္ဂလိပ်အမည်- Grass jelly plant

သိပ္ပံအမည်- Platostoma palustre ဟုသိရပါသည်။

အသီးအရွက်သုပ် စားပေးဖို့ လိုအပ်တဲ့အကြောင်းအရင်း🥦🥬🥕အသီးအရွက်သုပ် လို့ ပြောလိုက်ရင် ဘယ်လိုအသီးအရွက်မျိုးသုပ်တာကို ပြေးမြင်...
03/03/2025

အသီးအရွက်သုပ် စားပေးဖို့ လိုအပ်တဲ့အကြောင်းအရင်း🥦🥬🥕

အသီးအရွက်သုပ် လို့ ပြောလိုက်ရင် ဘယ်လိုအသီးအရွက်မျိုးသုပ်တာကို ပြေးမြင်ကြလဲ။ ဘယ်လိုအသီးအရွက်မျိုးမဆို သုပ်စားလို့ ရတာများပါတယ်။ သင်္ဘောသီး၊ ပြောင်းဖူး၊ ခရမ်းချဉ်သီး၊ ပန်းဂေါ်ဖီ၊ မုန်လာဥ၊ ဆလပ်ရိုး၊ မန်ကျည်းရွက်သုပ်၊ ငှက်ပျောဖူးသုပ် အစရှိသလို အများကြီးပါပဲ။ ဒီလို အသီးအရွက်သုပ်လေးတွေကို ကိုယ်နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ ထည့်စားဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ အသီးအရွက်သုပ်တွေက ပေးစွမ်းနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးများတာကြောင့်ပါ။ ဘာတွေလဲ ဖတ်ကြည့်ပါဦးနော်။

---------------------------------------
ပရိုတင်း
အသီးအရွက်သုပ်တွေမှာပါတဲ့ ပရိုတင်းဓာတ်တွေဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ပရိုတင်းဓာတ် ရဖို့အတွက် အသားတွေ စားမယ်ဆိုရင် ခန္ဓာကိုယ် အလေးချိန်တက်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီတော့ ခန္ဓာကိုယ်မှာ အဆီပိုတွေမရှိဘဲ ပရိုတင်းဓာတ် ရချင်တယ်ဆိုရင်တော့ အသီးအရွက်သုပ်လေးတွေ စားပေးပါ။
---------------------------------------
ဓာတ်တိုးဆန့်ကျင်မှု
အသီးအရွက်သုပ်တော်တော်များများမှာ ဓာတ်တိုးဆန့်ကျင်မှု ဖြစ်ပေါ်ဖို့အတွက် ဗီတာမင် အေနဲ့ စီတွေ လုံလုံလောက်လောက် ပါဝင်ပါတယ်။ ဆလပ်ရွက်သုပ်မှာဆိုရင် ဗီတာမင် (၈၈%)၊ ဗီတာမင်စီ (၇) မီလီဂရမ်တောင် ပါဝင်ပါတယ်။ ဒါဆိုရင်တော့ ဓာတ်တိုးဆန့်ကျင်မှုတွေ ရရှိမှာမို့ ဖျားနာခြင်း ကင်းတာမျိုး ဖြစ်စေမှာပါ။
---------------------------------------
အမျှင်ဓာတ်
အမျှင်ဓာတ်ကတော့ လူတိုင်းအတွက် အရေးကြီးပါတယ်။ ကိုယ်နေ့စဉ်စားသုံးတဲ့ အစားအစာမှန်သမျှကို ချေဖျက်ပေးဖို့အတွက် အစာခြေစနစ်က အမျှင်ဓာတ်ကို အများကြီး လိုအပ်ပါတယ်။ အသီးအရွက်တွေ စားပေးမယ်ဆိုရင် အမျှင်ဓာတ် များများ ရရှိနိုင်ပါတယ်။ အမျှင်ဓာတ်က သွေးတွင်းသကြားဓာတ်ကို ထိန်းထားပေးတဲ့အပြင် နှလုံးရောဂါကိုလည်း သက်သာစေပါတယ်။ အမျှင်ဓာတ်များများ ရရှိတာက ဝမ်းလည်းမှန်စေတာမို့ အသားအရေ မကြည်လင်တာမျိုးလည်း မရှိနိုင်ပါဘူး။
---------------------------------------
ဗီတာမင်ကေ
ဗီတာမင် ကေ ချို့တဲ့မယ်ဆိုရင် အမျိုးသမီးတွေမှာ အရိုးကြွပ်ဆတ်တာတွေ ဖြစ်နိုင်ပါတယ်။ ကျန်းမာတဲ့ အရိုးအဆစ်တွေ လိုချင်တယ်ဆိုရင်တော့ ဗီတာကေ ရရှိဖို့အတွက် ကန်စွန်းရွက်လိုမျိုး အရွက်စိမ်းစိမ်းလေးတွေ စားပေးပါ။
---------------------------------------
ကြွက်သားသန်မာခြင်း
အသီးအရွက်သုပ်က ပေးစွမ်းနိုင်တဲ့ နောက်ထပ် ကျန်းမာရေးအာဟာရ တစ်မျိုးကတော့ ကြွက်သားတွေ သန်မာစေခြင်းပါပဲ။ ဟင်းနုနွယ်ရွက်ကို ပြုတ်ပြီးသုပ်စားတာက ကြွက်သားတွေ သန်မာစေဖို့အတွက် လိုအပ်တဲ့ စွမ်းအင်တွေ ဖြစ်ပေါ်စေဖို့ ဆဲလ်အသစ်တွေ မွေးတာမျိုး ဖြစ်စေပါတယ်။ ဒါ့အပြင် အရိုးသန်မာဖို့လည်း အထောက်အကူ ပြုပါသေးတယ်။
---------------------------------------
အသားအရေ ကြည်လင်ခြင်း
အသီးအရွက်သုပ်တွေမှာ ရေဓာတ်များများ ပါဝင်ပါတယ်။ ဒါဟာ ခန္ဓာကိုယ်အတွက် အဓိက လိုအပ်တဲ့ အရာပါပဲ။ ရေဓာတ်ပြည့်ပြည့်ဝဝ ရရှိနေမယ်ဆိုရင် အသားအရေလေး ကြည်လင်နေမှာ ဖြစ်တဲ့အပြင် ငယ်ရွယ်နုပျိုနေမှာပါ။
---------------------------------------
ခန္ဓာကိုယ်အလေးချိန်ထိန်းပေးခြင်း
အဆီအဆိမ့်မဟုတ်တဲ့ အရွက်သုပ်တွေဟာ လှပပေးဖို့ကိုပါ ကူညီပေးနိုင်တဲ့ အရာပါ။ ဘာလို့လဲဆိုတော့ အရွက်စိမ်းစိမ်းတွေမှာ ကယ်လိုရီ ပါဝင်မှု နည်းပါးတာကြောင့်ပါ။ ဒါက ခန္ဓာကိုယ်မှာ အဆီပိုတွေ မရှိအောင် စွမ်းဆောင်ပေးနိုင်တာကြောင့်ပါ။
---------------------------------------
အမြင်ကြည်လင်ခြင်း
မျက်စိအားကောင်းဖို့ ဗီတာမင်အေ လိုအပ်ပါတယ်။ အရွက်တွေမှာ ဗီတာမင်အေ အပြည့်အဝ ပါဝင်တာကြောင့် စားပေးဖို့ လိုပါတယ်။ မုန်လာဥနီလိုမျိုး အသီးသုပ်မှာ ဗီတာမင် အေ ပါတာကြောင့် မျက်စိအားကောင်းစေပါတယ်။ မြင်းခွာရွက်သုပ်လေးလည်း စားပေးနော်။
---------------------------------------
ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အရွက်သုပ်လေးတွေ နေ့တိုင်းစားပေးဖို့ မမေ့ပါနဲ့နော်။🍀

Credit from - hellosayarwon

ထမင်းစားမြိန်အောင် အထောင်းစပ်စပ်လေးတွေလုပ်နည်းများ 🌶🌶🌶(1) ကလားအော်သီးကြက်သွန်ဖြူထောင်း-------------------------------   ...
03/03/2025

ထမင်းစားမြိန်အောင် အထောင်းစပ်စပ်လေးတွေလုပ်နည်းများ 🌶🌶🌶

(1) ကလားအော်သီးကြက်သွန်ဖြူထောင်း
-------------------------------
ကလားအော်သီး၅တောင့်ကြက်သွန်ဖြူ၁၀မွှာတို့ကိုလှော်ထားပါပုဇွန်ခြောက်မှုန့်ထမင်းစားဇွန်း၁ဇွန်းသံပုရာသီး၂လုံးအရည်ညှစ်ထားပါဆားနဲနဲငါးပိစိမ်းစားကင်ထမင်းစားဇွန်း၁ဇွန်းကြက်သွန်နီတလုံးပါးပါးလှီးတို့ကိုရောထောင်းထားပါတယ်။🌶
----------------------------------------------------------------------
(2) သရက်သီးအာဗြဲခြောက်ကင်ထောင်း
-------------------------------
ပါဝင်ပစ္စည်းများကတော့သရက်သီးစိမ်းအနေတော်၁ခြမ်းသေးသေးပေါက်ထားပါအာဗြဲခြောက်၅ကောင်ကင်ပြီးထုထားပါငရုတ်သီးစိမ်း၂၀တောင့်ရယ်ကြက်သွန်နီရယ်ကိုလှော်ထားပါငါးပိစိမ်းစားထမင်းစားဇွန်း၂ဇွန်းကိုမီးကင်ထားပါ
အားလုံးအဆင်သင့်ဖြစ်ရင်တော့ပထမဆုံးငရုတ်သီးစိမ်းကြက်သွန်နီလှော်ထားတာထည့်ထောင်းပါသရက်သီးပေါက်ထားတာထည့်ထောင်းပါအာဗြဲခြောက်ကင်ညှပ်ထည့်ထောင်းပါ။ငါးပိစိမ်းစားကင်ထည့်ထောင်းပါအချိုမှုန့်ဆားနဲနဲထည့်ထောင်းပြီးရှမ်းနံနံပါးပါးညှပ်ထည့်ပြီးနှံ့အာင်မွှေပေးပြီးရင်တော့ချဉ်ချဉ်ငန်ငန်စပ်စပ်သရက်သီးစိမ်းအာဗြဲခြောက်ကင်ထောင်းမွှေးမွှေးလေးရပါပြီ🌶
----------------------------------------------------------------------
(3)ပဲပြားချဉ်စပ်ပေါင်း
-------------------------------
ပဲပြားတတုံးကိုငရုတ်သီးစိမ်း၁၅တောင့်ကြက်သွန်ဖြူ၅မွှာသံပုရာသီးတလုံးကြက်ပြုတ်ရည်စတီးဇွန်းနဲ့၁၀ဇွန်းကြက်သားမှုန့်နဲနဲသကြားနဲနဲဂျင်းအရည်နဲနဲပဲငံပြာရည်အကြည်စတီးဇွန်းနဲ့၃ဇွန်းနံနံပင်၅ပင်ခန့်လိုပါတယ်
ပထမဆုံးပဲပြားကိုရေဆေးပြီးအနေတော်တုံးပြီးသားကိုကြက်သားမှုန့်နဲနဲသကြားနဲနဲကြက်ပြုတ်ရည်၂ဇွန်းတို့နဲ့ဖွဖွနယ်ပြီးပန်းကန်ထဲစီထည်ု့ပြီးမီးအပူ၁၆၀'နဲ့၃မိနစ်ခန့်ထည့်ပေါင်းထားပါပြီးရင်တော့ကြက်သွန်ဖြူရယ်ဂျင်းရယ်နံနံပင်ရယ်ကိုခပ်ကြမ်းကြမ်းထောင်းပါထောင်းပြီးသားထဲကိုသံပုရာရည်ဂျင်းရည်ပဲငံပြာရည်ကြက်သားမှုန့်ကြက်ပြုတ်ရည်ရောဖျော်ထားပြီးခုနကပေါင်းထားတဲ့ပဲပြားပန်ကန်ထဲအပေါ်မှဆမ်းပေးပြီး၃မိနစ်ခန့်ထပ်ပေါင်းပေးပြီးရင်တော့ပဲပြားချဉ်စပ်ပေါင်းရပါပြီ။
----------------------------------------------------------------------
(4)မရမ်းသီးပုဇွန်ဆိတ်ထောင်း
-------------------------------
ပါဝင်ပစ္စည်းကမရမ်းသီးကြက်သွန်နီကြက်သွန်ဖြူငါးပိစိမ်းစားကင်ပုဇွန်ဆိတ်အခွံ့ခွာထားတာလှော်ထားတာရယ်ငရုတ်သီးစိမ်းမီးကင်ရယ်ပါရှင်ပထမဆုံးဆုံထဲမှာကြက်သွန်ဖြူနီထောင်းပါတယ်ငရုတ်သီးစိမ်းလှော်ထည့်ထောင်းပါမရမ်းသီးထည့်ထောင်းပါငါးပိကင်ထည့်ထောင်းပါတဆင့်ချင်းထောင်းပါ။
🍀🍀🍀

ဆီထမင်း ချက်နည်းဒီတစ်ခါတော့ အရမ်းလွယ်တဲ့ ဆီထမင်းချက်နည်းလေး ပြောပြပါမယ်။ပါဝင်ပစ္စည်းများ၁-ကောက်ညှင်းဆန် -နို့ဆီ ၂ ဘူး (မ...
27/02/2025

ဆီထမင်း ချက်နည်း
ဒီတစ်ခါတော့ အရမ်းလွယ်တဲ့ ဆီထမင်းချက်နည်းလေး ပြောပြပါမယ်။
ပါဝင်ပစ္စည်းများ
၁-ကောက်ညှင်းဆန် -နို့ဆီ ၂ ဘူး
(မနက်စာ အတွက် ညထဲက ကောက်ညှင်းဆန်တွေကို ရေစိမ်ထားပေးပါ။)
၂-ကြက်သွန်နီ -၆ လုံး
၃-ဆား ဆနွင်း အနည်းငယ်
၄-ဆီ ၁၅ ကျပ်သားခန့်
ချက်ပြုတ်နည်း
၁-ဒယ်ပူလာလျှင် ဆီ ထည့် ဆနွင်းအနည်းငယ် ထည့်ပါ။
၂-ကြက်သွန်နီ ပါးပါးလှီးထားတာထည့်ပြီး ရွှေညိုရောင် ရသည်အထိ ကြော်ပေးပါ။
(ဆီထမင်း ပေါ် ဖြူးပြီး စားရန်ပါ)
၃-ကြက်သွန်ကြော်ရလျှင် ဆယ်ထားပြီး ကျန်ဆီများထဲ ရေစိမ်ထားသော ကောက်ညှင်းများ ရေစစ်ထည့်ပါ။
၄-ဆား အနည်းငယ်ထည့်ပြီး ၁ မိနစ်ခန့်မွှေပေးပါ။
၅-ကောက်ညှင်းရေမြုပ်သည်အထိ ထည့်ပြီး အဖုံးအုပ်တည်ထားပါ။
၆-ရေခန်းခါနီးလျှင် ၁ မိနစ်ခန့် မွှေပေးပါ။
၇-ရေခန်းလျှင် ဒယ်အိုးဖုံးပြန်မပိတ်တော့ဘဲ ဒယ်အိုးမကပ်စေရန် မကြာခဏမွှေပေးပါ။
တစ်ဖျစ်ဖျစ်မြည်လာသည်အထိ မွှေပြီးလျှင် ဆီထမင်းအိအိလေးရပါပြီ။
(ချက်စားကြည့်ပါ အရမ်းလွယ်ကူပါတယ် ပုံမှန်ထမင်းကြော်သလိုကိုမှ ကောက်ညှင်းဆန်နှပ်စေဖို့ ရေလေးထည့်ရတာပဲ ကွာပါတယ်နော်)
မိမိကြိုက်နှစ်သက်ရာနဲ့ တွဲဖက်စားသုံးနိုင်ပါတယ်နော် ။

18/02/2025
🎄✨ Merry Christmas to you all! ✨🎄Wishing everyone a joyous and magical holiday season filled with love, laughter, and wa...
24/12/2024

🎄✨ Merry Christmas to you all! ✨🎄

Wishing everyone a joyous and magical holiday season filled with love, laughter, and warmth. May this festive time bring you closer to your loved ones and create beautiful memories to cherish for years to come. 🌟🎁

A Wonderful Christmas and a Happy New Year! 🎅❄️🎉

Happy Holidays! 🎄🎉🥂

အစားအသောက်အကြောင်းတွေနဲ့  အလှမ်းဝေးကွာသွားပေမဲ့ ဒီနေ့တော့ ခန္ဓာကိုယ်အဆီကိုလောင်ကျွမ်းစေနိုင်တဲ့ အစားအစာများအကြောင်းကို စ...
27/06/2024

အစားအသောက်အကြောင်းတွေနဲ့ အလှမ်းဝေးကွာသွားပေမဲ့ ဒီနေ့တော့ ခန္ဓာကိုယ်အဆီကိုလောင်ကျွမ်းစေနိုင်တဲ့ အစားအစာများအကြောင်းကို စုစည်းပြီးရေးသားထားပါတယ် ။
လူတိုင်းကျန်းမာပျော်ရွှင်တဲ့ နေ့ရက်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ 🍀

အိုမီဂါ-3 ဖက်တီးအက်ဆစ် ၊ ပရိုတင်းနှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝသော အစားအစာများက အဆီဆုံးရှုံးမှုကို မြှင့်တင်ရန် ကူညီပေးနိုင်ပါတယ်။ ကော်ဖီအပါအဝင် အခြားအဖျော်ယမကာများက ဇီဝဖြစ်ပျက်မှုကို မြှင့်တင်ပေးနိုင်တဲ့ ဂုဏ်သတ္တိများစွာပါဝင်ပါတယ်။ထိုအရာတွေက ဇီဝဖြစ်ပျက်မှုနှုန်းကို မြှင့်တင်ခြင်းအားဖြင့် ကျွန်တော်တို့ ခန္ဓာကိုယ်အဆီကျရန် ကူညီပေးနိုင်ပါတယ် ။

ဒီ contact မှာတော့ အဆီလောင်ကျွမ်းစေနိုင်တဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ (၈) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

source from Healthline...

24/06/2024

Surviving alone in the forest...

ที่อยู่

Sri Phanit Rd
Mae Sot
63110

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00
เสาร์ 09:00 - 17:00
อาทิตย์ 09:00 - 17:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Planet Foodผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์