Best Food By Nway

เส้นทาง

Best Food By Nway ဟင်းချက်နည်းမျိုးစုံ နှင့် စားကောင်းတဲ့ဆိုင်တွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ် Viber : +66939957454

လုပ်ရတာလွယ်ကူပေမယ့် အရသာတအားရှိတဲ့ မြန်မာ့ရိုးရာ “မုန့်ကြာစိသာကူ”လုပ်နည်းလေးလာပါပြီ…ပိတ်ရက်မှာ အပျင်းပြေလုပ်စားချင်သူတွေ...
05/09/2026

လုပ်ရတာလွယ်ကူပေမယ့် အရသာတအားရှိတဲ့ မြန်မာ့ရိုးရာ “မုန့်ကြာစိသာကူ”လုပ်နည်းလေးလာပါပြီ…

ပိတ်ရက်မှာ အပျင်းပြေလုပ်စားချင်သူတွေအတွက် ချိုချိုစိမ့်စိမ့်လေးနဲ့ ပါးစပ်ထဲမှာ အရသာတွေ့စေမယ့် မုန့်ကြာစိသာကူအလွယ်လုပ်နည်းလေးမျှဝေပေးချင်ပါတယ်ရှင်

တစ်လုတ်ဆိုတစ်လုတ် တအားအချိုမပြင်းပဲသောက်လို့ တကယ်ကောင်း

✅ အရင်ဆုံး ထန်းလျက်ကြိုဖို့ ရေဆူဆူထဲ မုန့်လုပ်ထန်းလျက်လေးတွေထည့်ထားလိုက်ပါ

✅ အရသာလေး ပိုကောင်းသွားအောင်လို့ နွေးက ဆားလေးအနည်းငယ်ထည့်ပေးလိုက်တယ်

✅ ကျိုပြီးရလာတဲ့ ထန်းလျက်ရေလေးတွေကို အမှုန်အမှိုက်တွေမပါအောင် ဇကာနဲ့စစ်ချပေးလိုက်တယ်

✅ မုန့်ကြာစိလုပ်ဖို့ ကောက်ညှင်းမှုန့် ၅ဇွန်းနဲ့ ဆန်မှုန့် ၁ဇွန်းခွဲထည့်ပေးပြီး ရေအနည်းငယ်ထည့်ပြီး နယ်မယ်

✅ အခုလိုမုန့်သာလေးတွေအိစက်လာတဲ့ထိနယ်ပေးလိုက်ပါ

✅ ရလာတဲ့ မုန့်သာလေးတွေကို အလုံးလေးတွေလုံးပေးထား၊ ရေဆူဆူထဲထည့်ပြုတ် မုန့်လုံးရေပေါ်လို့ ရေပေါ်တက်လာပြီဆို မုန့်ကြာစိပါပြီ

✅ ပြီး ရေနွေးပူပူထဲကို သာကူစေ့လေးတွေထည့် ပြီးသာကူမျက်စိပျောက်လာတဲ့ထိကျိုပေး ရလာရင် ရေတွေကိုဇကာနဲ့စစ်ချပေး

✅ ကဲ အခုမုန့်ကြာစိသာကူ စကျိုဖို့အတွက် အိုးထဲကို ခုနကတည်ထားတဲ့ ထန်းလျက်ရည်ထည့်၊ မုန့်ကြာစိထည့်၊ သာကူထည့်၊ အတုံးလေးတွေတုံးထားတဲ့ ကန်စွန်းဥပြုတ်ထည့်၊ နောက်ဆုံး အုန်းသီးဖတ်လေးတွေထည့်ပြီးရင်တော့ တအားသောက်လို့ကောင်းတဲ့ မုန်ကြာစိသာကူရပြီရှင်🥰

စားခံနီးအုန်းနို့ရည်လေးဆမ်းစားရင် ရှယ်ပဲပေါ့…

ဒီနည်းလေးအတိုင်းသာ ကျိုကြည့်လိုက်ရင် ဆိုင်ကရောင်းတဲ့ အရသာထက်တောင် ပိုကောင်းနေမှာ အသေအချာပါပဲ

အားလုံးအဆင်ပြေကြပါစေရှင်။🥰


04/09/2026

လသာတရုတ်တန်းမှာပဲ ရတဲ့ ဝက်သားလိပ်ကြော်ကို အိမ်မှာပဲ အလွယ်ကြော်စားကြရအောင်


ခံတွင်းပျက်နေသူများအတွက် ထိုင်းမှိုင်းနေသမျှ အကုန်ပွင့်ထွက်သွားစေမယ့် ရခိုင်အရသာစစ်စစ် ချဉ်ငံစပ် ပင်လယ်စာရခိုင်သုပ်သုပ်န...
03/09/2026

ခံတွင်းပျက်နေသူများအတွက် ထိုင်းမှိုင်းနေသမျှ အကုန်ပွင့်ထွက်သွားစေမယ့် ရခိုင်အရသာစစ်စစ် ချဉ်ငံစပ် ပင်လယ်စာရခိုင်သုပ်သုပ်နည်း…

ဒီနေ့မှာတော့ နွေး ပင်လယ်စာရဲ့ လတ်ဆက်ချိုမြိန်တဲ့ အရသာနဲ့အတူ ငပိရနံ့မွှေးမွှေးလေးကြောင့် အနံ့ရရုံနဲ့တင် သရေကျစေမယ့် ချဉ်ငံစပ် ပင်လယ်စာရခိုင်သုပ်နည်းလေးကိုမျှဝေပေးချင်ပါတယ်ရှင်…

✅အရင်ဆုံး ရေနွေးဆူဆူထဲမှာ ပြည်ကြီးငါးနဲ့ပုဇွန်လေးတွေကိုထည့်ပြုတ်ပေးပါ။

✅ငပိအနည်းငယ်ဖုတ်ပေး (ဒီမှာမဖုတ်ပဲအစိမ်းလိုက်သုံးမယ်ဆိုလဲရတယ်နော်)။

✅ငရုတ်သီးအစိမ်း/နီတောင့် ရေစပ်စပ်လေးနဲ့ပြုတ်ပေးလိုက်ပါ။

✅ကြက်သွန်ဖြူ ၃မွှာလောက်ထည့် ငပိနဲ့ ငရုတ်သီးတို့ထည့်ပြီးကြိတ် (ထောင်းလဲရ)

✅အကုန်ပြင်ဆင်ပြီးပြီဆိုရင် စသုပ်ဖို့အတွက် ပြုတ်ထားတဲ့ ပြည်ကြီးငါး၊ ပုစွန်၊ ငရုတ်သီးအနှစ်၊ ကြက်သွန်နီနဲ့ နံနံပင်တို့ထည့်

✅အရသာအတွက် အချိုမှုန့်၊ သံပုရာသီးနဲ့ ငရုတ်ကောင်းမှုန့်အနည်းငယ်ရယ် ဒီမှာ နွေးက အနံ့ဒီထက်ပိုမွှေးချင်လို့ ငံပြာရည်လေးအနည်းငယ်
ထည့်ထားတယ်

✅ ကဲအကုန်စုံပြီဆို တစ်ခါထဲသုပ်ပေးလိုက်ရင်အရမ်းကိုစားလို့ကောင်းတဲ့ ရှူးရှူးရှဲရှဲပင်လယ်စာရခိုင်သုပ်လေးရပါပြီရှင်🥰

✅ကိုယ်ကခုတလော ချဥ်ငံစပ်အရသာကိုတောင်းတနေရင် သုပ်စားသင့်တယ်နော်❤️

အဆင်ပြေကြပါစေရှင်🥰


ထမင်းစားရင် နွေးလိုမျိုး အရည်သောက်လေးပါမှ ထမင်းမြိန်သူများအတွက် လုပ်ရလွယ်ကူပြီး သောက်လို့တအားကောင်းတဲ့ မှိုချဉ်စပ်အရည်သေ...
02/09/2026

ထမင်းစားရင် နွေးလိုမျိုး အရည်သောက်လေးပါမှ ထမင်းမြိန်သူများအတွက် လုပ်ရလွယ်ကူပြီး သောက်လို့တအားကောင်းတဲ့ မှိုချဉ်စပ်အရည်သောက်ချက်နည်းလေးမျှဝေပေးချင်ပါတယ်ရှင်…

အချိန်ကုန်သက်သာပြီး လုပ်ရလွယ်တဲ့နည်းလမ်းလေးကို ပုံတစ်ပုံချင်းဆီရဲ့အောက်တိုင်းမှာ အသေးစိတ်ရေးပေးထားပါတယ်❤️


“ဝက်သားလုံးကြော်”ကြော်စားတိုင်း အထဲက အတွင်းအသားမကျက်ပဲ အပြင်ကအခွံပဲကြွပ်ပြီး တူးသွားတယ်ဆိုရင် ဒီနည်းလေးကိုသား ကြည့်ထားလိ...
01/09/2026

“ဝက်သားလုံးကြော်”ကြော်စားတိုင်း အထဲက အတွင်းအသားမကျက်ပဲ အပြင်ကအခွံပဲကြွပ်ပြီး တူးသွားတယ်ဆိုရင် ဒီနည်းလေးကိုသား ကြည့်ထားလိုက်ကြတော့!

လုပ်ရတာလဲမခက်ဘဲ အပြင်ကြွပ်အတွင်းအိအိလေးဖြစ်နေစေမယ့် လွယ်ကူရိုးရှင်းတဲ့နည်းလမ်းလေးမို့ နွေးက လုပ်နည်းအဆင့်ဆင့်ကို ပုံအောက်တိုင်းမှာ အသေးစိတ်ပြောပြပေးထားပါတယ်ရှင်…


#ဝက်သားလုံးကြော်

ဝက်သားတုတ်ထိုးနဲ့ပဲ တို့စားစား၊ ဝက်ကောက်ညှင်း၊ အော်ကွေ့ကြည်တို့နဲ့ပဲ တို့စားစား တအားလိုက်ဖက်တဲ့ ငရုတ်ဆီအချဉ်ရည်လုပ်နည်းလ...
31/08/2026

ဝက်သားတုတ်ထိုးနဲ့ပဲ တို့စားစား၊ ဝက်ကောက်ညှင်း၊ အော်ကွေ့ကြည်တို့နဲ့ပဲ တို့စားစား တအားလိုက်ဖက်တဲ့ ငရုတ်ဆီအချဉ်ရည်လုပ်နည်းလေးလာပါပြီရှင်…

ကိုယ်က အခုထိ အချဉ်ရည်ကို ကောင်းကောင်းမလုပ်တက်သေးဘူးဆိုရင် နွေးအခုလုပ်ပြပေးမယ့် ဒီလုပ်နည်းအသေးစိတ်ကိုသာ ကြည့်သွားလိုက်တော့နော်

လုပ်ရတာလဲလွယ်ကူပြီး အနံ့မွှေးမွှေးလေးနဲ့ရက်ကြာကြာအထားလဲခံလို့ ဒိနည်းလေးက လူတိုင်းအတွက်အသုံးဝင်စေမှာပါနော်❤️🫶🏻



#အချဉ်ရည်လုပ်နည်း
#ငရုတ်ဆီလုပ်နည်း

“ကြက်ဥပေါင်း”လုပ်စားတိုင်း ကြက်ဥရည်တွေလျှံကြကုန်ပြီး ဥတွေကွဲထွက်ကုန်တယ်ဆိုရင် ဒီနည်းလေးကိုသာ ကြည့်ထားလိုက်ကြတော့!ဒီနည်းလ...
30/08/2026

“ကြက်ဥပေါင်း”လုပ်စားတိုင်း ကြက်ဥရည်တွေလျှံကြကုန်ပြီး ဥတွေကွဲထွက်ကုန်တယ်ဆိုရင် ဒီနည်းလေးကိုသာ ကြည့်ထားလိုက်ကြတော့!

ဒီနည်းလေးမှာကလေ ကြက်ဥထိပ်ကို ဂျုံနဲ့ပိတ်စရာမလိုဘဲနဲ့ အလုံးတိုင်းတင်းတင်းအိအိလေးဖြစ်နေပြီး တစ်ခါကိုက်လိုက်တိုင်း စားလို့ကောင်းဝါးလို့ကောင်းတဲ့အပြင် သူနဲ့တွဲစားလို့တအားလိုက်ဖက်တဲ့ အချဉ်ရည်စပ်နည်းလေးကိုပါ ပုံတစ်ပုံချင်းစီတိုင်းမှာ နွေးသေချာလေးပြောပြပေးထားပါတယ်ရှင်…



#ကြက်ဥပေါင်း

အော်ကွေ့ကြည် (ခေါ်) မုန်လာဥမုန့်ကို ကြော်စားချင်ပေမယ့် ဘယ်လိုလုပ်ရမှန်းမသိသေးရင် ဒီနည်းလေးကိုသာကြည့်သွားလိုက်ပါ!ဒီပိတ်ရက...
29/08/2026

အော်ကွေ့ကြည် (ခေါ်) မုန်လာဥမုန့်ကို ကြော်စားချင်ပေမယ့် ဘယ်လိုလုပ်ရမှန်းမသိသေးရင် ဒီနည်းလေးကိုသာကြည့်သွားလိုက်ပါ!

ဒီပိတ်ရက်လေးမှာတော့ နွေး မုန်လာဥအဖြူနဲ့ အော်ကွေ့ကြည်လေး လုပ်စားဖြစ်လို့ အိမ်မှာတင် ဆိုင်ကအတိုင်း လွယ်လွယ်ကူကူ လုပ်စားနိုင်အောင်လို့ လုပ်နည်းအသေးစိတ်ကို ပုံအောက်တိုင်းမှာ အဆင့်ဆင့်ရေးပေးထားပါတယ်ရှင်…🫶🏻❤️


#အော်ကွေ့ကြည်
#မုန်လာဥမုန့်

28/08/2026

ဒီပိတ်ရက်လေးမှာ ဆိုင်ကအတိုင်း ကြာဇံကြော်ကို အိုးမကပ်အမျှင်တအားမပြတ်ဘဲ အိအိလေးဖြစ်အောင် ကြော်စားကြရအောင်❤️


ပုဇွန်တန်ပူရာကြော်ကို ကြော်စားချင်ပေမယ့် ဘယ်လိုလုပ်ရမှန်းမသိသေးရင် ဒီနည်းလေးကိုသာကြည့်သွားလိုက်နော်…ဒီနေ့မှာတော့ နွေးက အ...
27/08/2026

ပုဇွန်တန်ပူရာကြော်ကို ကြော်စားချင်ပေမယ့် ဘယ်လိုလုပ်ရမှန်းမသိသေးရင် ဒီနည်းလေးကိုသာကြည့်သွားလိုက်နော်…

ဒီနေ့မှာတော့ နွေးက အိမ်မှာတင် လွယ်လွယ်ကူကူနဲ့ ဆိုင်ကအတိုင်း ကြော်စားနိုင်အောင်လို့ ပုံတစ်ပုံချင်းစီအောက်တိုင်းမှာ သေချာရေးပေးထားပါတယ်ရှင်🫶🏻❤️


ที่อยู่

5/10 Moo. 7 , Lak Hok
Rangsit
12000

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Best Food By Nway โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์