Symbol of Resilience

Symbol of Resilience Spring Revolution ကာလအတွင်း မဲဆောက်ရောက် CDMer များ စုပေါင်းဖန်တီးမှုလက်ရာ ထုတ်ကုန်များဖြစ်ပါတယ်။

Handmade အိတ်လေးတွေချုပ်ဖို့အတွက် ဝယ်ထားတဲ့ Handmade shawl လေးတွေပါရှင့်အကြောင်းကြောင်းကြောင့် အိတ်အနည်းငယ်သာ ဖန်တီးနိုင...
03/05/2024

Handmade အိတ်လေးတွေချုပ်ဖို့အတွက် ဝယ်ထားတဲ့ Handmade shawl လေးတွေပါရှင့်

အကြောင်းကြောင်းကြောင့် အိတ်အနည်းငယ်သာ ဖန်တီးနိုင်တာမို့ ရာသီဉတုပူတုန်း အသုံးတည့်မယ့် လက်ယက္ကန်း အညာစောင်‌‌အတိုင်း ရောင်းပါမယ်ရှင်

ချည်သားနဲ့ အေးမြမှုနဲ့ quality ကတော့ နွေနေပူပူမှာ အသိသာဆုံး အကောင်းဆုံးပါပဲရှင့်။

Deli free - မဲဆောက်ဈေးအနီးဝန်းကျင် နောင်ဘွား

ကျန်နေရာများလည်း ပို့ခရှိပေမယ့် အကွာအဝေးပေါ်မူတည်ပြီး အသက်သာဆုံးနှုန်းနဲ့ ပို့ပေးပါမယ်

ဈေးနှုန်းနဲ့ အဆင်တစ်ခုချင်းကို ပုံလေးတွေပါ ကြည့်ပေးပါနော်

အညာစောင်လေးတွေနဲ့ ဖန်တီးဖြစ်တဲ့ အိတ်လေးတွေပါစတိုင်မိုက်မိုက်လေး ကိုင်လို့ရအောင် သားရေတုနဲ့တွဲပြီး ချုပ်ပေးထားပါတယ်။ အထဲမ...
14/02/2024

အညာစောင်လေးတွေနဲ့ ဖန်တီးဖြစ်တဲ့ အိတ်လေးတွေပါ

စတိုင်မိုက်မိုက်လေး ကိုင်လို့ရအောင် သားရေတုနဲ့တွဲပြီး ချုပ်ပေးထားပါတယ်။ အထဲမှာ အခံတစ်ထပ်အပြင် မိုးကာသားနဲ့ပါ အတွင်းချော ချုပ်ပေးထားပါတယ်ရှင့်

ဈေးနှုန်းကတော့
250 ဘတ်ပါရှင့် (၅ အိတ်နဲ့ အထက်)
300 ဘတ်

အားပေးကြပါဦးရှင့်


#အညာစောင်

04/02/2024

အသစ်လေးတွေထွက်ဖို့ ကြိုးစားနေပါတယ်ရှင့်

31/12/2023

အားလုံးပဲ နှစ်သစ်မှာပျော်ရွှင်ကြပါစေ

မြန်မာပြည်လည်း အမြန်ဆုံးငြိမ်းချမ်းပါစေလို့

Happy New Year 2024

မင်္ဂလာပါနောက်ထပ်မိတ်ဆက်ပေးမယ့် CDM crocheter ကတော့ ဆရာမ Amyko ပါ။ ဆရာမ Amyko ကလည်း ပညာရေးဌာနကပါပဲ။ ပြည်တွင်းမှာ အိမ်ပါ ...
30/12/2023

မင်္ဂလာပါ

နောက်ထပ်မိတ်ဆက်ပေးမယ့် CDM crocheter ကတော့ ဆရာမ Amyko ပါ။ ဆရာမ Amyko ကလည်း ပညာရေးဌာနကပါပဲ။ ပြည်တွင်းမှာ အိမ်ပါ ချိတ်ပိတ်ခံရပြီး ရှောင်တိမ်းရင်း မိသားစုလိုက် မဲဆောက်ကို ရောက်လာခဲ့တာမို့ တစ်ဖက်တစ်လမ်းက ဝင်ငွေရအောင် ချည်ထိုးသင်ဖြစ်ခဲ့ရာကနေ Symbol of Resilience မှာ team member အနေနဲ့ ပါဝင်ပြီး လက်ရာကောင်းလေးတွေ အများအပြားဖန်တီးခဲ့ပါတယ်။ ဆရာမ Amyko အပြင် ဆရာမရဲ့ သမီးလေးပါ ကျောင်းအားချိန်မှာ အားဖြည့်ပါဝင်နေပါတယ်။ (နောက်မှ သမီးလေးကို သီးသန့် မိတ်ဆက်ပေးပါမယ်ရှင်။)

ဆရာမရဲ့ လက်ရာတွေထဲကမှ ပင်တိုင်လက်ရာကတော့ Rainbow 🌈 collection granny square bag ပါ။ ဆရာမရဲ့ အမှတ်တရ လက်ရာနဲ့ ဆရာမချည်ထိုးနေတဲ့ပုံကို Symbol of Resilience ကနေ မှတ်တမ်းတင်ဖော်ပြအပ်ပါတယ်ရှင် 🥰🥰🥰

အရမ်းလှတဲ့ Skirt & top ဝမ်းဆက်​လေး​တွေပါ Preorder အတွက်ထိုး​ပေးထားတာ​ပါရှင်ကြိုက်နှစ်သက်တယ်ဆို page messenger က​နေ တဆင့်...
28/11/2023

အရမ်းလှတဲ့ Skirt & top ဝမ်းဆက်​လေး​တွေပါ

Preorder အတွက်ထိုး​ပေးထားတာ​ပါရှင်

ကြိုက်နှစ်သက်တယ်ဆို page messenger က​နေ တဆင့်ဆက်သွယ်ပြီး မှာယူနိုင်ပါတယ်ရှင်

( 🙇‍♂️Handmade ဖြစ်တာမို့ size အတိုင်းအတာအနည်းငယ် ကွာခြားမှုရှိနိုင်ပါတယ်။)

Preorder များကိုလည်း စိတ်တိုင်းကျအ​ရောင် ဒီဇိုင်း​တွေနဲ့ ထိုး​ပေးပါတယ်ရှင့်။ ပြန်လည်​ရောင်းချမယ့်သူများ​ သူငယ်ချင်း​တွေကို လက်​ဆောင်​ပေးမယ့်သူများအတွက် စိတ်တိုင်းကျ ညှိနှိုင်း​​ပေးပါတယ်ရှင်။ page messenger က​နေ ဆက်သွယ်နိုင်ပါတယ်။

လက်ရာ​သေသပ်မှုနဲ့ ​စျေးနှုန်းက​တော့စိတ်ချပါရှင့်။ တစ်ချောင်းထိုးစထိုးတတ်ခါစ CDMer တွေကို design & pattern သင်ပေးပြီး လက်သားကျအောင် တစ်ယောက်ထဲကို ဒီဇိုင်းတစ်မျိုးထိုးခိုင်းတာမို့ လက်ရာသေသပ်လှပမှုက professional crocheter တွေနဲ့ ယှဉ်လို့ရပါတယ်ရှင့်။ CDM များကိုယ်တိုင် ပြုလုပ်ပြီး တိုက်ရိုက်ဖြန့်ဖြူးတာမို့ ​စျေးလည်းမများ​စေရပါဘူးရှင်။




  ​နောက်တစ်မျိုးပါ Beach မှာတင်မဟုတ်ဘဲ causal wear အ​နေနဲ့လည်း ဝတ်လို့ရပါတယ်ရှင်။ အ​ရောင်ငြိမ်ငြိမ်​လေး​မှာ အ​ရောင်စပ်​ပ...
27/11/2023

​နောက်တစ်မျိုးပါ

Beach မှာတင်မဟုတ်ဘဲ causal wear အ​နေနဲ့လည်း ဝတ်လို့ရပါတယ်ရှင်။ အ​ရောင်ငြိမ်ငြိမ်​လေး​မှာ အ​ရောင်စပ်​ပေးထားတာ​ကြောင့် အရမ်းလှပြီး သွက်​နေ​ရော 😘😘😘

ခါးဆိုဒ်မ​ရွေးဘဲ ဝတ်ရအဆင်​ပြေ​အောင် လုပ်​ပေးထားတယ်​နော်။ ပုံ​လေး​ထောက်ကြည့်​ပေး​နော်

ဒါ​လေးက top နဲ့ ဝမ်းဆက်​လေး အ​ရောင်စုံ ထိုး​ပေးထားတာပါ။ ဝမ်းဆက်​လေး အ​ရောင်စုံတွဲတင်​ပေးမယ်​နော်။

​စျေးနှုန်း 850 Baht (၅ ထည်နှင့်အထက်)
1200 Baht

Preorder မှာယူပြီးတဆင့်ပြန်​ရောင်း​ပေးတဲ့ အစ်မ​ရော ဝယ်ယူအား​ပေးကြတဲ့ customer များအားလုံးကို ​ကျေးဇူးတင်ပါတယ်ရှင်။ ​မေတ္တာနဲ့ တကူးတက အား​ပေးကြတာကိုလည်း ​ကျေးဇူးတင်ပါတယ်။ ​နောင်ကိုလည်း အရည်အ​သွေး​ကောင်းတဲ့ handmade ပစ္စည်း​တွေကို ဖန်တီးပြီး ဝယ်ရတဲ့​စျေးနဲ့ထိုက်တန်​ဖို့ အာမခံ​ပေးခြင်းဖြင့် ​ကျေးဇူးတုံ့ပြနိပါရ​စေရှင် 😘😘😘

နောက်ထပ် မိတ်ဆက်​ပေးမယ့် crocheter က​တော့ ဆရာမ ညွယ်ညွယ်ပါ။ ဆရာမက ပညာ​ရေးဌာနက CDM ဖြစ်ပြီး တိုင်းရင်းသူတစ်ဦးပါ။ (အဖွဲ့မှ...
27/11/2023

နောက်ထပ် မိတ်ဆက်​ပေးမယ့် crocheter က​တော့ ဆရာမ ညွယ်ညွယ်ပါ။ ဆရာမက ပညာ​ရေးဌာနက CDM ဖြစ်ပြီး တိုင်းရင်းသူတစ်ဦးပါ။ (အဖွဲ့မှာ ပညာ​ရေးဆရာမ​တွေများ​ပါတယ်)

မဲ​ဆောက်ကို အ​​ကြောင်းအမျိုးမျိုးနဲ့ ​ရောက်ရှိလာပြီး လက်မှုပညာကို ဝါသနာပါတာ​ကြောင့် Symbol of Resilience ကို စတင်ဖို့ ကုန်ကြမ်းရှာ ချည်ဝယ်ကတည်းက ချည်ထိုးဖို့ စိတ်ဝင်စားပါတယ်ဆိုပြီး လက်တွဲဖြစ်တာ ခုထိပါ ( ခုချိန်ထိ လက်ရာလှလှ​လေး​တွေ ဖန်တီး​ပေးလို့လည်း ဆရာမညွယ်ညွယ်ကို ​ကျေးဇူးတင်ပါတယ်။ ​နောက်လည်း အများကြီး ဖန်တီး​ပေးပါလို့ 😍)

ပုံက​တော့ ဆရာမညွယ်ညွယ် ချည်ထိုး​နေတဲ့ပုံနဲ့ ဆရာမရဲ့ လက်ရာတချို့ပါ။

အရင်ကတည်းက ထွက်ထားတဲ့ shopping bag ​လေးကိုမှ ဖြုတ်/တပ်လို့ရတဲ့ ကြိုးအပြင် အတွင်းအိတ်​လေးပါ ခံ​ပေးပါဆိုပြီး preorder မှာတ...
26/11/2023

အရင်ကတည်းက ထွက်ထားတဲ့ shopping bag ​လေးကိုမှ ဖြုတ်/တပ်လို့ရတဲ့ ကြိုးအပြင် အတွင်းအိတ်​လေးပါ ခံ​ပေးပါဆိုပြီး preorder မှာတဲ့အတိုင်း စိတ်တိုင်းကျဖြစ်​အောင်ထိုး​​ပေးထားပါတယ်ရှင့်။

ပစ္စည်းအားလုံး ဝယ်သူ​တွေလည်း သ​ဘောကျပြီး ​ရောင်းကုန်ပါ​စေရှင့်။ Symbol of Resilience က​နေ မှာယူ​ရောင်းချ​ပေးတဲ့အတွက် ​ကျေးဇူးတင်ပါတယ်ရှင့်။

ที่อยู่

Mae Sot
Tak
63110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Symbol of Resilienceผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์