09/12/2025
MOS Studio ကို လည်ပတ်ဖို့အတွက် ခက်ခဲခဲ့လို့ ရပ်တန့်ထားခဲ့ရတဲ့ အချိန်ကာလတွေမှာလည်း အမြဲလာရောက် မေးမြန်းတဲ့ Customer တွေကို ကျေးဇူးတင်ပါတယ်။ အခု MOS Studio လေးကို ပိုမိုကောင်းမွန်တဲ့ အရည်အသွေး၊ နည်းပညာများကို အသုံးပြုပြီး အရင်လို ပုံမှန်လည်ပတ်နိုင်အောင် ကြိုးစားနေပါတယ်နော်။
လက်ရှိမှာတော့ ထိုင်းနိုင်ငံ နေရာအနှံ့ကို ပို့ဆောင်ပေးနေပြီး နီးစပ်ရာမှာ Walk in ၀ယ်ယူနိုင်ဖို့လည်း စီစဉ်ပေးသွားမှာပါနော်။ အသင်းအဖွဲ့၊ ထုတ်ကုန် အမှတ်တံဆိပ်များနဲ့ Merchandise Item များ မှာယူလိုရင် ဒါမှမဟုတ် အမှတ်တရ စာသားများ၊ နာမည်များနဲ့ Customized မှာယူလိုရင်လည်း ပုံမှန်အတိုင်း ပြန်လည်လက်ခံပြုလုပ်ပေးနေပါပြီ။
မြန်မာပြည်က မှာချင်တဲ့ Customer တွေအတွက် လက်တလော မရောင်းချပေးနိုင်သေးတာလည်း စိတ်မကောင်းစွာ အသိပေးပါရစေ။
Handcrafted Concrete Homeware များကို ၀ယ်ယူချင်တယ်ဆိုရင်တော့ တစ်ခုချင်းဆီ အနုစိပ်ဖန်တီးပေးတဲ့ MOS Studio ကို Hello လုပ်လိုက်ပါနော်။ 😘
In English Below _
Thank you so much to all the customers who continued checking in with us, even during the period when operating MOS Studio became difficult and we had to pause for a while. We’re now working hard to bring MOS Studio back to normal, using better quality materials and improved techniques.
At the moment, we provide delivery services across Thailand, and we’re also working on setting up walk-in purchase options at nearby locations.
If you'd like to place orders for group collections, brand merchandise items, or customized pieces with your own text or names, we are now accepting those requests as usual.
For customers in Myanmar, we’re truly sorry that we’re still unable to offer sales there at the moment.
If you would like to purchase Handcrafted Concrete Homeware, just say hello to MOS Studio — every piece is thoughtfully crafted one by one.