Rev-Artists’ Creation

Rev-Artists’ Creation Develop both ourselves and the community

07/05/2025

အားလုံးပဲမင်္ဂလာပါရှင့်....
ကျွန်မတို့ရဲ့ Rev-Artists' Creation ကနေ ပြုလုပ်တဲ့ ''We-ငါတို့သည်'' အနုပညာပန်းချီပြပွဲက ဒီနေ့မတ်လ၇ရက်နေ့မှာ ပြီးဆုံးသွားပါပြီရှင့်...
ပြပွဲစတဲ့ မတ်လတစ်ရက်နေ့ကနေပြီး နောက်ဆူံး မတ်လ၇ရက်နေ့အထိ ကြွရောက်အားပေးကြတဲ့ မိဘပြည်သူများအားလုံးကို ကျွန်မတို့ Rev-Artists' Creation မှ အထူးကျေးဇူးတင်ပါတယ်ရှင့်...
​ရှေ့ဆက်ပြီးတော့ ကျွန်မတို့အနေနဲ့ တော်လှန်အနုပညာပန်းချီတွေ ထုတ်ကုန်တွေ ပြပွဲတွေစီစဥ်သွားမှာဖြစ်တဲ့အတွက် Rev-Artists' Creation ကို ဝိုင်းဝန်းကူညီပေးကြပါဦးရှင့်...
Rev-Artists' creation အဖွဲ့ဝင်တွေဟာ စီဒီအမ်ဆရာ၊ဆရာမတွေ၊စီဒိအမ်ကျောင်းသားကျောင်းသူတွေ၊နိုင်ငံရေးအကျဥ်းသားဟောင်းတွေ၊ထိခိုက်ဒဏ်ရာရတိုက်ပွဲဝင်ရဲဘော်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေ စုစည်းပြီးတော့မှ ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။ Rev-Artists' creation ကနေပြီး တော်လှန်ရေးကဏ္ဍအသီးသီးမှလိုအပ်နေတဲ့နေရာအသီးသီးကို ထိထိရောက်ရောက် ထောက်ပံ့စီးဆင်းနိုင်စေဖို့ လုပ်ဆောင်သွားမှာပဲ ဖြစ်ပါတယ်။

Rev-Artists' Creation မှအဖွဲ့ဝင် တော်လှန်Artists များရဲ့ စကားသံတွေကို အောက်ကvideo လေးထဲမှာ ကြည့်ရှုခံစားနားဆင်နိုင်မှာဖြစ်ပါတယ်။

Rev-Artists' creation အနေဖြင့် ဒီလထဲမှာပဲ online ကနေပြီးတော့ pressed flower art ပန်းချီကား တွေရောင်းချသွားဦးမှာဖြစ်တဲ့အတွက် စောင့်ကြည့်အားပေး ပေးကြပါဥိးရှင့်

အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင့်....

◽Rev-Artists' Creationမှပြုလုပ်တဲ့ ''We-ငါတို့သည်'' အနုပညာပန်းချီပြပွဲRev-Artists' Creationမှပြုလုပ်တဲ့ ''We-ငါတို့သည်''...
07/05/2025

◽Rev-Artists' Creationမှပြုလုပ်တဲ့ ''We-ငါတို့သည်'' အနုပညာပန်းချီပြပွဲ

Rev-Artists' Creationမှပြုလုပ်တဲ့ ''We-ငါတို့သည်'' အနုပညာပန်းချီပြပွဲဟာ နောက်ဆုံးနေ့သို့ရောက်ရှိလာပါပြီ။ Pressed Flower Art (ပန်းပွင့်ပန်းချီ၊သစ်ရွက်ပန်းချီ) တွေကို ကြည့်ရှုခံစားရင်း မိမိကြိုက်နှစ်သက်ရာပန်းချီကားတွေကို ဝယ်ယူနိုင်ပါတယ်ခင်ဗျာ.....

ဒါ့အပြင် ကိုယ်တိုင်ကိုယ်ကျ pressed flower art bookmark လေးတွေကိုဖန်တီးနိုင်တဲ့ activity လေးတွေလည်းရှိသလို ဧည့်ခံကျွေးမွေးတဲ့အစီအစဥ်လေးပါရှိနေတာမလို့ လာရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်။

Rev-Artists' Creation မှ တော်လှန်Artists တွေကိုယ်တိုင်ကိုယ်ကျ ဖန်တီးထားတဲ့ bookmark လေးတွေကိုလည်း ဝယ်ယူနိုင်ပါသေးတယ်ခင်ဗျာ...

'Creation
ါတို့သည်
#အနုပညာပန်းချီပြခန်း

⬜"We-ငါတို့သည်'' အနုပညာပန်းချီပြပွဲBorder Line Cafe မှာ ပြုလုပ်လျက်ရှိတဲ့ ကျွန်တော်တို့ Rev- Artists' Creation ရဲ့ ''We-...
06/05/2025

⬜"We-ငါတို့သည်'' အနုပညာပန်းချီပြပွဲ

Border Line Cafe မှာ ပြုလုပ်လျက်ရှိတဲ့ ကျွန်တော်တို့ Rev- Artists' Creation ရဲ့ ''We-ငါတို့သည်''လို့နာမည်ပေးထားတဲ့ ပန်းချီအနုပညာပြခန်းလေးမှာ စီဒီအမ်ဝန်ထမ်းများ၊နိုင်ငံရေးအကျဥ်းသားဟောင်းများ၊ထိခိုက်ဒဏ်ရာရတိုက်ပွဲဝင်ရဲဘော်များနှင်တက်ကြွလှုပ်ရှားသူများ စတဲ့တော်လှန်Artists တွေကိုယ်တိုင်ဖန်တီးပြုလုပ်ထားတဲ့ Pressed Flower Art (သစ်ရွက်ပန်းချီ၊ပန်းပွင့်ပန်းချီ) လေးတွေကို လာရောက်ကြည့်ရှုခံစားနိုင်ကြပါတယ်ခင်ဗျာ။

◽Activites များ
"We-ငါတို့သည်'' ပန်းချီပြပွဲလေးမှာ တော်လှန်Artistတွေရဲ့ အနုပညာတွေကိုခံစားကြည့်ရှုနိုင်ရုံတင်မကပဲ ကိုယ်တိုင်ကိုယ်ကျ သစ်ရွက်ပန်းချီ ပန်းပွင့်ပန်းချီ Bookmark လေးတွေကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

◽ဧည့်ခံကျွေးမွေးခြင်း
ကျွန်တော်တို့ Rev-Artists' Creation ကပြုလုပ်တဲ့ ''We-ငါတို့သည်'' ပန်းချီအနုပညာပြပွဲလေးကိုလာရောက်ကြည့်ရှုခံစားကြသူများအတွက် ဧည့်ခံကျွေးမွေးတဲ့အစီအစဥ်လေးတစ်ခုကိုပါစီစဥ်ပေးထားပါတယ်။ မြန်မာအငွေ့အသက်လေးတွေနဲ့ မိမိမွေးရပ်မြေကိုပြန်လည်သတိရလွမ်းဆွတ်စေမယ့် မြန်မာမုန့်လေးတွေနဲ့ ရာသီပေါ်အသီးအနှံလေးတွေကို စီစဥ်ပေးထားတာဖြစ်တဲ့အတွက် လာရောက်ကြပါဦးခင်ဗျာ...

ပန်းချီပြပွဲလေးက......
ဒီနေ့မေလ၆ရက်နေ့နဲ့ မနက်ဖြန်မေလ၇ရက်နေ့နှစ်ရက်တည်းသာ ကျန်တော့တဲ့အတွက် လာရောက်ကြဖို့ထပ်မံဖိတ်ခေါ်လိုက်ရပါတယ်။

'Creation
ါတို့သည်

Rev-Artists Creation ရဲ့ “ငါတို့သည် (We)” ပန်းချီပြခန်း လေးမှာ အခြောက်ခံထားတဲ့ ပန်းအစစ်တွေနဲ့ ကိုယ်တိုင်ကိုယ်ကျ 🔖 bookma...
05/05/2025

Rev-Artists Creation ရဲ့ “ငါတို့သည် (We)” ပန်းချီပြခန်း လေးမှာ အခြောက်ခံထားတဲ့ ပန်းအစစ်တွေနဲ့ ကိုယ်တိုင်ကိုယ်ကျ 🔖 bookmark လေးတွေ ပုံဖော်ပြုလုပ်နိုင်တဲ့ working space လေးတစ်ခုလည်း ဖန်တီးပေးထားပါတယ်။

ကျွန်တော်တို့ရဲ့ တော်လှန် Artists တွေကိုယ်တိုင် Pressed Flower Art ပြုလုပ်ပုံလေးတွေကို လာရောက်ကြည့်ရှူသူတွေကို ပြောပြသင်ကြားပေးတဲ့ အစီအစဉ်လေးတစ်ခုပါဝင်တဲ့အတွက် ပျော်စရာလည်းကောင်းသလို တစ်ဦးနဲ့တစ်ဦး ခင်မင်ရင်းနှီးမှုလည်းရရှိနိုင်ပါတယ်။

ပျော်စရာအချိန်တွေကိုမျှဝေရင်း ပန်းပန်းချီပညာကို လာရောက်လေ့လာလှည့်စေချင်ပါတယ်ခင်မျ …


#အနုပညာပန်းချီပြခန်း
#ငါတို့သည်we

ကျွန်တော်တို့ Rev-Artists Creation ကကျင်းပတဲ့ “ငါတို့သည် (We)” အနုပညာပန်းချီပြခန်းလေးရဲ့ ၄ရက်မြောက်နေ့ထိပုံရိပ်အချို့ကို...
05/05/2025

ကျွန်တော်တို့ Rev-Artists Creation ကကျင်းပတဲ့ “ငါတို့သည် (We)” အနုပညာပန်းချီပြခန်းလေးရဲ့ ၄ရက်မြောက်နေ့ထိပုံရိပ်အချို့ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်ဗျ …

လာရောက်အားပေးပံ့ပိုးပေးတဲ့ ညီအစ်ကိုမောင်နှများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါတယ် ခင်မျာ …
Rev-Artists တွေရဲ့ ပန်းချီပြပွဲလေးကို မေလ ၇ရက်နေ့ထိ Borderline Cafe မှာ လာရောက် ကြည့်ရှုခံစားလို့ရပါတယ်ဗျ …


#အနုပညာပန်းချီပြခန်း
#ငါတို့သည်we

04/05/2025

We

04/05/2025
We   #အနုပညာပန်းချီပြခန်း  #ငါတို့သည်we
04/05/2025

We

#အနုပညာပန်းချီပြခန်း
#ငါတို့သည်we

ကျွန်တော်တို့ Rev-Aritists Creation မှ ကျင်းပလျက်ရှိသော “ငါတို့သည် (We)” အနုပညာပန်းချီပြခန်း၏ ပြခန်းပြင်ဆင်တင်ဆက်နေမှုပု...
04/05/2025

ကျွန်တော်တို့ Rev-Aritists Creation မှ ကျင်းပလျက်ရှိသော “ငါတို့သည် (We)” အနုပညာပန်းချီပြခန်း၏ ပြခန်းပြင်ဆင်တင်ဆက်နေမှုပုံစံကို ကြည့်ရှုခံစားဖို့ ဖော်ပြပေးလိုက်ပါတယ်ဗျ။

ကျွန်တော်တို့ ပန်းချီပြခန်းမှာ CDM၊ နိုင်/ကျဉ်း၊ ဒဏ်ရာရရဲဘော်၊ မြေပြင်ရဲဘော်များ အစရှိတဲ့ တော်လှန်ရေးညီအစ်ကိုမောင်နှမများ၏ ပန်းတွေနဲ့ပုံဖော်ထားတဲ့ ပန်းချီကားချပ်များကို ကြည့်ရှုခံစားရင်း ပံ့ပိုးဝယ်ယူအားပေးလို့ရနိုင်ပါတယ် ခင်မျာ။

တော်လှန်ရေးနှင့် အနုပညာကိုချစ်မြတ်နိုးတန်ဖိုးထားသူအပေါင်းတို့အား ကျွန်တော်တို့ပန်းချီပြခန်း (Borderline Cafe) သို့ မေလ ၁ရက်နေ့မှ ၇ရက်နေ့အထိ မနက်၁၀နာရီမှ ည၉နာရီအတွင်း ကြွရောက်ချီးမြင့်ပေးနိုင်ပါကြောင်း ညီအစ်ကိုမောင်နှမများအား လေးစားစွာဖြင့် အသိပေးဖိတ်ကြားအပ်ပါတယ်ခင်မျာ။


#ငါတို့သည်we
#အနုပညာပန်းချီပြခန်း

ယနေ့ (၃.၅.၂၀၂၅)ပြပွဲ တတိယနေ့မှာအလှူကိစ္စ လေး ရှိနေပါသောကြောင့်ပြပွဲ ကို ညနေ၂နာရီ အထိသာ ဖွင့်လှစ်သွားမည် ဖြစ်ပါတယ်ခင်ဗျာ
03/05/2025

ယနေ့ (၃.၅.၂၀၂၅)
ပြပွဲ တတိယနေ့မှာ
အလှူကိစ္စ လေး ရှိနေပါသောကြောင့်
ပြပွဲ ကို ညနေ၂နာရီ အထိသာ ဖွင့်လှစ်သွားမည် ဖြစ်ပါတယ်ခင်ဗျာ

ที่อยู่

Mae Sot
Tak
63110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Rev-Artists’ Creationผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์