Phyo's Cooking

Phyo's Cooking Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Phyo's Cooking, Kitchen/Cooking, Port Charlotte, FL.

ဖြိုးရဲ့ Page လေးကနေ ကြိုဆိုပါတယ် ဖြိုးတို့လို စားမယ်သောက်မယ်ဆိုတဲ့သူအားလုံးကို Welcome ပါနော် မြန်မာဟင်းလျာများကို ချက်နည်းနဲ့တကွ တစ်ပတ်ကို အနည်းဆုံး နှစ်ခါသုံးခါလောက်တင်ပေးပါ့မယ်

မွန်ချက်လေးနဲ့
07/14/2025

မွန်ချက်လေးနဲ့

အချိန်ရတုန်းလေး ဘိန်းမုန့်လုပ်စား  #ဘိန်းမုန့်
07/12/2025

အချိန်ရတုန်းလေး ဘိန်းမုန့်လုပ်စား #ဘိန်းမုန့်

ဒီနေ့ ချက်မယ့် ငါးကွမ်းရှပ်ခြောက်
07/11/2025

ဒီနေ့ ချက်မယ့် ငါးကွမ်းရှပ်ခြောက်

အရမ်းကိုစားကောင်းတဲ့ အမဲသားနဲ့ အာလူးချဉ်ပေါင်နဲ့ ဆဲလ်မွန်ငါး
07/10/2025

အရမ်းကိုစားကောင်းတဲ့
အမဲသားနဲ့ အာလူး
ချဉ်ပေါင်နဲ့ ဆဲလ်မွန်ငါး

အမှန်တော့ စမ်းချက်ကြည့်တာ တခါမှမချက်ဖူးဘူးအရမ်းစားကောင်းသွားတယ် အာသာပြေပေါ့ ဆိုင်တွေမှာစားရလို အနံပြင်းပြင်း အီအီကြီးမဟု...
04/17/2025

အမှန်တော့ စမ်းချက်ကြည့်တာ တခါမှမချက်ဖူးဘူး
အရမ်းစားကောင်းသွားတယ် အာသာပြေပေါ့ ဆိုင်တွေမှာစားရလို အနံပြင်းပြင်း အီအီကြီးမဟုတ်ဘူး
ဒံပေါက် နံ့သင်းသင်းလေးနဲ့ တကယ်ကို စားကောင်းသွားတယ် 😋
နောက်တခါလုပ်စား ဖြစ်ရင် ချက်နည်းလေးတင်ပေးမယ်နော် သိပ်ကိုလွယ်ကူရိုးရှင်းပါတယ်

အစုံသုပ်လား အသုပ်စုံလား😁မြန်မာပြည်အလွမ်းပြေလေး သုပ်စားဖြစ်ပါတယ် လွန်ခဲ့သောရက်များက သုပ်စားဖြစ်တာလေးပါPage လေးအသက်မဲ့နေတာ...
04/11/2025

အစုံသုပ်လား အသုပ်စုံလား😁
မြန်မာပြည်အလွမ်းပြေလေး သုပ်စားဖြစ်ပါတယ်
လွန်ခဲ့သောရက်များက သုပ်စားဖြစ်တာလေးပါ
Page လေးအသက်မဲ့နေတာကြာလို့ ပုံလေးတွေ လာsave တာပါနော်

ဒီလိုလေး ချက်စားကြည့်နော် ပူပူစပ်စပ် ရခိုင်ဟင်းလေး ပါ ဖြိုးကတော့  အိမ်မှာ ရှိတဲ့ အသီးလေးတွေ တွေ့ရာအကုန်ပစ်ထည့်ပြီး ချက်ထ...
03/19/2025

ဒီလိုလေး ချက်စားကြည့်နော်
ပူပူစပ်စပ် ရခိုင်ဟင်းလေး ပါ
ဖြိုးကတော့ အိမ်မှာ ရှိတဲ့ အသီးလေးတွေ တွေ့ရာအကုန်ပစ်ထည့်ပြီး ချက်ထားတာ😁

ပါဝင်ပစ္စည်း

ငှက်ပျောဖူး
မျှစ်နု
ခရမ်းသီး 🍆
ခရမ်းသီးအလုံး
အာလူး
ရုံးပတီသီး
ငါးခြောက်
ကြက်သွန်ဖြူနီးထောင်းထားတာ
ငပိစိမ်းစား
နနွင်း
ငရုပ်သီး
အရသာမှုန့်
ဆီ ကတော့ ထမင်းစားဇွန်း တဇွန်းပဲထည့်ပါတယ်
ပြီးရင် အကုန် ရောနှယ် ပြီးချက်ပါ
ရေအနည်းငယ်ထည့်
အသီးတွေ နူးသည်ထိ ရေ နည်းနည်းချင်းထည့်ပြီး ချက်ပါ
အကုန်နူးပြီဆို အရသာအပေါ့အငံ မြည်းပြီး သုံးဆောင်လ်ို့ရပါပြီရှင် ထမင်းစားမြိန်သော ဟင်းလေး ပါ
ချက်စားကြည့်ပါနော် 😋

သင်္ဘောသီးရခိုင်သုပ် 🥵စပ်စပ်လေး အရမ်းစားကောင်းပါတယ် ရှူးရှဲ ပွင့်ထွက်🥵😋😋😋
02/20/2025

သင်္ဘောသီးရခိုင်သုပ် 🥵စပ်စပ်လေး
အရမ်းစားကောင်းပါတယ် ရှူးရှဲ ပွင့်ထွက်🥵😋😋😋

အရမ်း စားကောင်းသော စားချင်တိုင်း ဝယ်စားလို့မရတဲ့ တိုင်းပြည်မှာနေတော့ ကိုယ်တိုင်ချက်စားရတာပေါ့ စားချင်လွန်းလို့ ရှိတာလေးန...
02/16/2025

အရမ်း စားကောင်းသော
စားချင်တိုင်း ဝယ်စားလို့မရတဲ့ တိုင်းပြည်မှာနေတော့ ကိုယ်တိုင်ချက်စားရတာပေါ့
စားချင်လွန်းလို့ ရှိတာလေးနဲ့ ညမိုးချုပ်ကြီး ထပြီးချက်စားရသော #ထမင်းပေါင်း😋

အရမ်းစားကောင်းလို့ ချက်စားကြည့်ပါနော်ဝက်သားနဲ့ ကြက်ဟင်းခါးသီးချက်ချက်နည်းက အရမ်းလွယ်ကူပါတယ်ဝက်သားအနည်းငယ် (စိတ်ကြိုက်လှီ...
02/10/2025

အရမ်းစားကောင်းလို့ ချက်စားကြည့်ပါနော်
ဝက်သားနဲ့ ကြက်ဟင်းခါးသီးချက်
ချက်နည်းက အရမ်းလွယ်ကူပါတယ်
ဝက်သားအနည်းငယ် (စိတ်ကြိုက်လှီးပါ)
ကြက်သွန်နီပါးပါးလှီး
ကြက်သွန်ဖြူ ထောင်းထားတာ
ဆီအနည်းငယ်
အရသာမှုန့်အနည်းငယ်
ဆီပူလာရင် နနွင်းအနည်းငယ်ထည့်ပါ
ကြက်သွန်နီအရင်ထည့် နွမ်းလာပြီဆို ထောင်းထားတဲ့ ကြ်က်သွန်ဖြူထည့် ငရုတ်အရောင်တင်မှုန့်အနည်းငယ်ထည့်အချိန်အနည်းငယ်ကြော်ပြီး အရသာနယ်ထားသောဝက်သားကိုထည့်ပါ ဝက်သားနူးပြီးဆိုလျှင် ကြက်ဟင်းခါးသီးကိုထည့်ပါ နူးသည်ထိချက်ပြီး သုံးဆောင်လို့ရပါပြီရှင်

အရမ်းကိုမှ စားကောင်းသော ထမင်းမိန်သော ပဲငပိချက်လေး ချက်စားကြရအောင်😋ပြည်ပ နိုင်ငံတွေမှာတော့ အလွယ်တကူမရတော့ ရှာပါးဟင်းလေးပါ...
02/01/2025

အရမ်းကိုမှ စားကောင်းသော ထမင်းမိန်သော
ပဲငပိချက်လေး ချက်စားကြရအောင်😋
ပြည်ပ နိုင်ငံတွေမှာတော့ အလွယ်တကူမရတော့ ရှာပါးဟင်းလေးပါပဲရှင်

ချက်နည်းလေးကတော့

ကြက်သွန်ဖြူနီကိုဆီသပ်ပြီး နွမ်းလာပြီဆို ခရမ်းချဉ်သီးထည့် အကုန် နွမ်းပြီးဆီပြန် လာပြီဆို ငရုပ်သီးအစမ်းမှုန့်ထည့်ပြီးရင် ငရုပ်ခွဲ ကြမ်းထည့် အကုန်ဆီပြန်ပြီဆို ပဲငပိထည့်အရသာမှုန့် လိုသလိုထည့် ဆီပြန်အောင်ခနထားပြီး နံနံပင်လေး အုပ်ပြီး သုံးဆောင်လို့ရပါပြီရှင်

ဖြိုး မြန်မာနိုင်ငံကမှာလိုက်တာ ၃ထုပ်
နှစ်စ နှစ်လည် နှစ်ဆုံး 😁ချက်စားပါမယ် 😋

Address

Port Charlotte, FL
33900-33999

Website

Alerts

Be the first to know and let us send you an email when Phyo's Cooking posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share