20/06/2026
Dolly's Craft Corner တွင်လဲ (ဆိုင်ရှင် Dolly ပါသော viber vip group များမှလွဲ၍) viber မှ order မကောက်ပါဘူးရှင်... Order မှာယူလိုပါက Facebook Messenger, Telegram, Tiktok မှတဆင့်မှာယူနိုင်ပါတယ် ...
ငွေပေးချေမှုများအတွက်
ACC NAME - Hnin Yee Tin / Dolly's Craft Corner တခုထဲဖြင့်သာ ငွေပေးချေနိုင်ပါတယ်...
Customer ဝယ်ယူမှုများအတွက် စိတ်အနှောက်အယှက် တစုံတရာ/တိုင်ကြားလိုသည်များရှိပါက 095117335 သို့ တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်ရှင့်...
အစဥ်အမြဲအားပေးသော customer များကို အထူး ကျေးဇူးတင်ပါတယ်ရှင်
Treehouse Art Supplies ပန်းချီပစ္စည်းအရောင်းဆိုင်မှ ဝန်ထမ်း ၂ ဦးကို ငွေကြေးမမှန်မကန်ဆောင်ရွက်မှုဖြင့် အကျင့်ပျက်ဝန်ထမ်း စာရင်းသွင်း၍ အလုပ်မှထုတ်ပယ်ကြောင်း အသိပေးခြင်း‼️

Treehouse Art Supplies အရောင်းဆိုင်မှာ page Admin အဖြစ် ခန့်ထားတဲ့ လုပ်သက် နှစ်နှစ်ကျော် မနွေးအိအိခန့် (Nway Ei Ei Khant) နှင့် မဆုန္ဒာမြင့် (Hsu Nandar Myint) ဝန်ထမ်းနှစ်ဦးသည် အတူပူးပေါင်းကြံစည်၍ Customer တွေကို Treehouse Art Supplies Page Bussiness Suite Message မှတစ်ဆင့် Viber သို့သာ ဆက်သွယ်ဝယ်ယူဖို့ ခေါ်ဆောင်ပြီး Customer များမှ ငွေလွှဲများကို သူတို့၏ ကိုယ်ပိုင် Personal Kpay Account ကိုလွှဲခိုင်း၍ ပိုင်ရှင်အပေါ် ငွေအလွဲသုံးစားမှုများ ပြုလုပ်ခဲ့ပါသည်။ ထို့အပြင် TikTok မှ ငွေလွှဲဝင်ရောက်မှုများကိုလည်း အလွဲသုံးစားပြုလုပ်ခဲ့ပြီး အဆိုပါငွေအလွဲသုံးစားပြုလုပ်မှုများကို သက်သေနှင့်အတူတကွ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ သက်ဆိုင်ရာရုံးဌာနမှာ တရားဝင်ရှင်းလင်းမှုပြုလုပ်ခဲ့ပြီး နောင်ထပ်မံပြုလုပ်မှာမဟုတ်ကြောင်း အသိသက်သေအစုံအလင်ဖြင့် ခံဝန်ကတိလက်မှတ်ရေးထိုးရယူထားပြီးဖြစ်ပါသည်။ အခုလို ငွေအလွဲသုံးစားပြုလုပ်မှုကို Treehouse မှ သိရှိသည်နှင့်တစ်ပြိုင်နက် အကျင့်ပျက် ဝန်ထမ်းနှစ်ဦးအား Treeshouse Art Supplies မှ ချက်ချင်း အပြီးတိုင်အလုပ်ထုတ်ပယ် အရေးယူပြီးဖြစ်ပါသည်။
နောက်နောင် ယခုဝန်ထမ်းနှစ်ဦးနှင့်ပတ်သတ်တဲ့ ကိစ္စအရပ်ရပ်၊ အရှုပ်အရှင်းမှန်သမျှ Treehouse Art Supplies နှင့်လုံးဝ မသက်ဆိုင်တော့ကြောင်း အသိပေးအပ်ပါသည်။

မှတ်ချက် : လတ်တလောအချိန်တွင် ဝန်ထမ်းနှစ်ဦးလုံးကို အလုပ်မှ ထုတ်ပယ်ထားသောကြောင့် ပစ္စည်းဝယ်ယူလိုသည့် Customer များအား အကြောင်းပြန်ဖို့ Reply ကျန့်ကြာခဲ့ရင်လည်း ခတ္တစောင့်ဆိုင်ပေးစေလိုကြောင်း တောင်းဆိုအပ်ပါသည်။
ရှေ့လျှောက်အနာဂါတ်တွင် Treehouse Art Supplies မှ ပစ္စည်းဝယ်ယူမည်ဆိုပါကလည်း Viber/TikTok Channel မှ ပစ္စည်းမှာယူခြင်းကို လုံးဝ (လုံးဝ) လက်မခံတော့ကြောင်းလည်း အသိပေးလိုပါသည်။ ပစ္စည်းဝယ်ယူမှုတွေကို ယခု Treehouse Art Supplies page တစ်ခုတည်းတွင်သာ ဆက်သွယ်ဝယ်ယူနိုင်မှာဖြစ်ပါသည်။ ငွေကြိုလွှဲရှင်းပေးမည့် Online Customer တွေအနေနဲ့ဖြင့် ငွေလွှဲသည့်အခါမှာ Treehouse Art Supplies ၏ ပိုင်ရှင် မအေးငြိမ်းပိုင် (Aye Nyein Paing) ၏ Kpay Account တစ်ခုတည်းကိုသာ မှန်ကန်ကြောင်းစစ်ဆေးပြီး လွှဲပြောင်းပေးဖို့တောင်းဆိုပါတယ်။ ဆိုင်မှာကိုယ်တိုင်လာရောက်ဝယ်ယူမည့် Customer တွေအနေနဲ့လည်း ဆိုင်မှာထားရှိထားသည့် ပိုင်ရှင် မအေးငြိမ်းပိုင် (Aye Nyein Paing) ၏ KPay ငွေလွှဲ QR တစ်ခုတည်းကိုသာ ငွေလွှဲဝယ်ယူခြင်းပြုလုပ်ဖို့ မေတ္တာရပ်ခံပါတယ်။