29/08/2026
ရှေးရှေးတုန်းက ဆန်းကြယ်တဲ့ သစ်တောအုပ်ကြီးရဲ့ အလယ်၊ တိမ်ယံတွေနဲ့ ထိစပ်နေတဲ့ ရဲတိုက်ကြီးတစ်ခုမှာ ဧဗာ ဆိုတဲ့ စုန်းမလေးတစ်ယောက် နေထိုင်ခဲ့ပါတယ်..
မြို့ထဲက လူတွေကတော့ ဧဗာ့ကို ရဲတိုက်ကြီးရဲ့ အမှောင်ဆုံး အခန်းထဲမှာ သော့ခတ်ပြီး ဆန်းကြယ်တဲ့ မန္တရားတွေ ရွတ်ဆို၊ ကျိန်စာတွေ ဖန်တီးလေ့ရှိတယ်လို့ အတင်းအဖျင်း ပြောလေ့ရှိကြတယ်.. အဲ့အမှောင်ဆုံး အခန်းက အဆန်းကြယ်ဆုံးအခန်းလို့လည်း ပြောကြတယ်..
ဒါပေမဲ့ အမှန်တရားကတော့ သူတို့ထင်တာထက် အများကြီး ပိုပြီး လှပနေခဲ့ပါတယ်..
တစ်နေ့တာလုံး သစ်တောထဲမှာ ဆေးသစ်ဥတွေ ရှာဖွေ၊ ဓာတ်စာတွေ ဖော်စပ်ရင်း စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်လာတဲ့အခါတိုင်း ဧဗာဟာ အဲဒီအမှောင်ဆုံး အခန်းတံခါးကို ရွှေသော့ချိတ်လေးနဲ့ ခပ်ဖြည်းဖြည်း ဖွင့်လှစ်လိုက်လေ့ ရှိတယ်.. တံခါးချပ် ပွင့်သွားတာနဲ့တစ်ပြိုင်နက် ပြင်ပက ပူလောင်မှုတွေ၊ အမောအပန်းတွေနဲ့ သောကမှန်သမျှဟာ အပြင်ဘက်မှာတင် ကျန်ရစ်ခဲ့တော့တာပါပဲ..
အဲဒီအခန်းလေးထဲမှာတော့ ဂါထာမန္တရားတွေထက် ပိုမိုဆန်းကြယ်တဲ့ ACQUA ရဲ့ မာယာအလှတွေ ကိန်းဝပ်နေခဲ့တာပါပဲ..
ပြောင်လက်နေတဲ့ ACQUA Rain Shower အောက်မှာ စုန်းမလေး ခြေစုံရပ်လိုက်တဲ့အခါ၊ နူးညံ့စွာ စီးဆင်းလာတဲ့ ရေစက်လေးတွေက သူ့ခန္ဓာကိုယ်ပေါ်က မကောင်းတဲ့ စွမ်းအင်မှန်သမျှကို အလိုလို ဆေးကြောသန့်စင်ပေးသွားတယ်..
ရေပူ၊ ရေအေး သမမျှတစွာ စီးဆင်းမှုဟာ သာမန်ရေ မဟုတ်ဘဲ သဘာဝရဲ့ ရေတံခွန်အောက် ရောက်နေရသလို အေးမြစိမ့်အေးတဲ့ အထိအတွေ့ကို ပေးစွမ်းနေတာပါ..
ရေငွေ့တွေ ဝေဆာနေတဲ့ မှန်ပြင်ကို ပွတ်သပ်လိုက်တဲ့အခါ အလိုအလျောက် အလင်းဖြာထွက်လာတဲ့ ACQUA က မှန်ကြောင့် စုန်းမလေးရဲ့ ပင်ပန်းနွမ်းနယ်နေတဲ့ မျက်နှာဟာ ဝင်းပတောက်ပစွာ ပြန်လည်လန်းဆန်းလာခဲ့တယ်..
အပူချိန်ကို အလိုက်သိစွာ ညှိပေးထားတဲ့ ACQUA Tub ကန်လေးထဲ စိမ်လိုက်ချိန်မှာတော့ ခန္ဓာကိုယ်ရဲ့ ပင်ပန်းသမျှဟာ နှင်းစက်တွေလို ပျောက်ကွယ်သွားရတော့တာပေါ့..
"ဒါဟာ ငါ့ရဲ့ သီးသန့်ကမ္ဘာလေးပဲ..." လို့ စုန်းမလေးက ခပ်ဖွဖွ ပြုံးရင်း စိမ့်အေးတဲ့ ရေစက်လေးတွေကို မြတ်နိုးစွာ ကိုင်တွယ်လိုက်တယ်..
စုန်းမလေးရဲ့ လျှို့ဝှက်ချက်ဆိုတာ မကောင်းတဲ့ ကျိန်စာမဟုတ်ဘဲ၊ စိတ်ရောကိုယ်ပါ သန့်စင်စိမ့်အေး စေမယ့် ACQUA Bathroom Appliances တွေနဲ့ ဖန်တီးထားတဲ့ "သီးသန့် နိဗ္ဗာန်ဘုံ" လေးပဲ ဖြစ်နေခဲ့တော့တာပါ.. ဒါကို လူတွေ သိသွားကြရင် အံ့ဩနေတော့မှာတော့ အမှန်ပဲ..
✨ သင့်ရဲ့ ရေချိုးခန်းကိုရော ပင်ပန်းသမျှ အမောပြေစေမယ့် သီးသန့်နိဗ္ဗာန်ဘုံလေးအဖြစ် ဖန်တီးလိုက်တော့မလား ?
ဒါဆိုရင်တော့ ACQUA က ဆန်းသစ်တဲ့ ဒီဇိုင်း၊ မြင့်မားတဲ့ အရည်အသွေးတို့နဲ့ သင့်ရဲ့ ရေချိုးချိန်တိုင်းကို အနားယူခြင်းအတိုင်းအတာတစ်ခုထက် ပိုလွန်တဲ့အထိ ပေးစွမ်းနိုင်ပါတယ်လို့ ကတိပေးလိုက်ပါရစေနော် 🥰
ACQUA Sanitary Ware, YGN
🏫 အမှတ် ၄၂/၁ မြေညီ၊ သံသုမာလမ်း (မြင်သာ ၄ လမ်းထောင့်)၊ (၁၄/၁) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
Office Hour 9:00 - 5:30pm
Monday to Saturday
☎️ 09-95 22782 01/02/03/05
ACQUA Sanitary Ware, NPT
The Materials Showroom
🏫 ဇဗ္ဗူသီရိမြို့၊ အောင်ဇဗ္ဗူ (၁၀) ရပ်ကွက်၊ ပျဥ်းမနား-တောင်ညိုလမ်း၊ နေပြည်တော်။
☎️ 09-782278278
Office Hour 8:30 - 5:00pm
Monday to Saturday
ACQUA Sanitary Ware, PT
🏫 မင်းကြီးလမ်း-အကြော်လမ်းထောင့်၊ ပုသိမ်မြို့။
☎️ 09-9516 88818, 09-677123812
Office Hour 9:00 - 5:30pm
Monday to Saturday