22/07/2026
မင်္ဂလာပါရှင်
ဒီအိမ်လေးက ကျွန်မတို့ Fortune Era နဲ့ Construction ကစပြီး Decoration & Customized Furniture တွေအထိကိုအစအဆုံး one stop service အပ်နှံတဲ့အိမ်လေးပါ။ ဒီအိမ်ရှင်ကတော့ အကောင်းဆုံးပစ္စည်း အကောင်းဆုံး Quality တွေကိုသုံးချင်တဲ့အိမ်ရှင်မို့ အကောင်းဆုံးအရည်အသွေးဖြစ်အောင် Fortune Era Team တစ်ခုလုံးကြိုးစားထားပါတယ်💪🏻
ကျွန်မတို့ Fortune Era ဟာ 2016 ခုနှစ်မှစတင်ပြီး Construction, Decoration & Customized Furniture တွေကို one stop service ဖြင့် ဝန်ဆောင်မှုပေးခဲ့တာ အခုဆိုရင် ၁၀ နှစ်ထဲရောက်ရှိလာပါပြီ။ ဒီအလုပ်
လုပ်လာရင်းတွေ့ကြုံရတဲ့ challenges တွေ၊ အိမ်ရှင်တွေ Clients တွေနဲ့ လုပ်ငန်းမှာ ညှိနှိုင်းဆောင်ရွက်ပြီး အိမ်ရှင်တွေရဲ့ မျှော်မှန်းချင်ထဲ Budget နဲ့ Quality ကိုက်ညီပြီး projects ပေါင်းများစွာကို ကောင်းမွန်စွာ အပ်နှံနိုင်ဖို့အများကြီးကြိုးစားရပါတယ်။
ဒီနေ့မှာတော့ကျွန်မ
Home Construction, Renovation, Decoration & Client Budget Alignment ဆိုတဲ့ခေါင်းစဉ်လေးအကြောင်းဆွေးနွေးချင်ပါတယ်✅
🔰 အိမ်ဆောက်ခြင်း၊ အိမ်ပြင်ဆင်ခြင်း Construction, Renovation & Decoration တွေလုပ်ဆောင်တဲ့အခါမှာ Client ရဲ့ Budget နဲ့ Project Scope တွေကို အစကတည်းက တိတိကျကျ ချိန်ညှိထားဖို့ အရေးကြီးပါတယ်။ Budget မကိုက်ညီဘဲ Project ကို လက်ခံလိုက်ရင် Client၊ Company နဲ့ Project Team အားလုံးအတွက် အခက်အခဲတွေ ဖြစ်လာနိုင်ပါတယ်။
🔰 အိမ်ရှင်တွေဟာကိုယ့်ရဲ့ Dream Home တစ်ခုကိုဖန်တီးဖို့ Company တစ်ခုကို ရွေးချယ်တဲ့အခါသေချာစုံစမ်းမေးမြန်းပြီး အကောင်းဆုံးဖြစ်လာဖို့ကိုပဲ မျှော်လင့်ကြပါတယ်။ ဒါဟာလည်း မှန်ကန်တဲ့ မျှော်လင့်ချက်ပါ။
ဒါပေမယ့် ကျွန်မတို့လုပ်ငန်းမှာ Budget, Design, Material Quality နဲ့ Workmanship ဆိုတာ တစ်ခုနဲ့တစ်ခု ခွဲလို့မရတဲ့အရာတွေပါ။
Client တစ်ယောက် Budget သတ်မှတ်လာတဲ့အခါ Company ဘက်က အဲဒီ Budget အတွင်း အကောင်းဆုံးရလဒ်ရအောင် ဒီဇိုင်း၊ ပစ္စည်း၊ လုပ်ငန်းစဉ်တွေကို အကြိမ်ကြိမ်တွက်ချက်ပြီး ညှိနှိုင်းရပါတယ်။
Project စတင်ချိန်မှာ Budget ကို အဓိကထားဆုံးဖြတ်ခဲ့ပေမယ့် တကယ်
လုပ်ငန်းခွင်ဝင်ပြီး ထုတ်လုပ်တပ်
ဆင်ရေးတွေဝင်တဲ့အချိန်ရောက်မှ Premium Material တွေ၊ High-end Design တွေကို ထပ်တိုးလိုချင်လာရင်တော့ မူလ Budget နဲ့ မကိုက်ညီတော့ပါဘူး။
Quality ကောင်းချင်ရင် Budget လည်း လိုက်လာရပါတယ်။ Budget ကန့်သတ်ထားရင် Quality နဲ့ Specification ကိုလည်း အဲဒီအတိုင်း ညှိရပါတယ်။ ဒါဟာ Company တစ်ခုတည်းရဲ့ ပြဿနာမဟုတ်ဘဲ ကျွန်မတို့ဆောက်လုပ်ရေး၊ အိမ်ဆောက်အိမ်ပြင်ခြင်းလုပ်ငန်းတစ်ခုလုံးရဲ့ အခြေခံသဘောတရားပါ။
ကုန်ဈေးနှုန်းမတည်ငြိမ်တဲ့အချိန်တွေမှာတောင် ကျွန်မတို့ဟာ Budget အဟောင်းနဲ့ Project ကို အပြီးသတ်နိုင်ဖို့ Company ဘက်ကလည်း အများကြီးတာဝန်ယူရပါတယ်။ အဲဒီအခြေအနေမှာ Quality နဲ့ Budget ကြား Balance ရအောင် ကြိုးစားရတာဟာ အလွန်ခက်ခဲပါတယ်။
ဒါကြောင့် အခုချိန်မှာတော့ ကျွန်မတို့အနေနဲ့ Budget မလုံလောက်တဲ့ Project တွေကို အတင်းလက်ခံမယ့်အစား အစကတည်းက ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီး မဖြစ်နိုင်ရင် မဖြစ်နိုင်ကြောင်း ရိုးသားစွာ ပြောပြတာက နှစ်ဖက်စလုံးအတွက် အကောင်းဆုံးဖြစ်မယ်လို့ ယုံကြည်ပါတယ်။
ကျွန်မတို့လည်း ပြီးပြည့်စုံတဲ့ Company မဟုတ်ပါဘူး။ Project တိုင်းမှာ လိုအပ်ချက်တွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် Customer တိုင်းရဲ့ စိတ်ကျေနပ်မှုကို အမြင့်ဆုံးရရှိစေဖို့၊ အမှားတွေကို သင်ခန်းစာယူပြီး ပိုကောင်းတဲ့ ဝန်ဆောင်မှု ပေးနိုင်ဖို့ အမြဲကြိုးစားနေပါတယ်။
အိမ်ဆောက်တာ၊ အိမ်ပြင်တာဟာ ငွေကြေးကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်တာကြောင့် အစကတည်းက Budget၊ Specification နဲ့ မျှော်မှန်းထားတဲ့ Quality ကို နှစ်ဖက်လုံး နားလည်သဘောတူထားနိုင်ရင် Project တစ်ခုဟာ ပိုပြီးအောင်မြင်ပြီး အိမ်ရှင်ရော Company ရောစိတ်ချမ်းသာရပါတယ်ရှင်🙏
ဒီစာလေးဟာ ကျွန်မတို့ရဲ့ အိမ်ရှင် Client တွေကို မရည်ရွယ်ပါဘူးရှင် နေ့စဉ်လုပ်ငန်းအတွေ့အကြုံကနေ ရရှိလာတဲ့ သင်ခန်းစာတချို့ကို မျှဝေလိုက်ခြင်းသာ ဖြစ်ပါတယ် 🙏
အစဉ်အမြဲနားလည်ပေးပြီး ယုံကြည်
အားပေးကြတဲ့ အိမ်ရှင် Client များအားလုံးကို အထူးကျေးဇူးတင်ပါတယ်
ရှင်🙏
🔰Living in a “Dream House “ is like Living in a “FORTUNE ERA”.🔰
Fortune Era Office
🏢 အမှတ် ၄၉၃ ( က )၊ သစ္စာလမ်းမ၊ ၁၀ ရပ်ကွက်၊ တောင်ဥက္ကလာပ ( တောင်ဥက္ကလာဘုရားမီးပွိုင့်အနီး )
⏰ Monday to Saturday : 9AM to 5PM
Fortune Era အလုပ်ရုံ (Own Factory)
🏗️ အမှတ် ၂၆၄:၂၆၅၊ အနော်ရထာလမ်း၊ ရွာသာကြီးစက်မှုဇုန်၊ အရှေ့ဒဂုံမြို့နယ်၊ ရန်ကုန်။
📞 ဆက်သွယ်ရန်ဖုန်းများ:
09795558000 / 09965196664
🌐 Website: www.fortuneeracompany.com
📧 Email: [email protected] | [email protected]
©2026 Fortune Era. All Rights Reserved.